ဆယ်စုနှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ Acura Integra ကတော့ အခုဆိုရင် တစ်ကျော့ပြန် ပြန်လည်ရောက် ရှိ လာတော့မှာ ဖြစ်ကာ လူတိုင်းအတွက် ‌စိတ်လှုပ်ရှားစရာ ကားကောင်းတစ်စီး အဖြစ် ခေတ်ဟောင်း အငွေ့ အသက် တွေနဲ့ မျှော်လင့်နေကြပါတယ်။ တစ်ခု ကောင်းတာကတော့ အခု ကားကို မျှော်ရတဲ့ သူတွေအဖို့ အဆင်ပြေစေအောင် Prototype အဆင့်ကားကို အရင်ဆုံး တရားဝင် ချပြပေးထားပြီးတာပါပဲ။ အခုလိုမျိုး 2023 Integra အသစ်ကို အကုန် စောင့်မျှော်နေကြတုန်းမှာပဲ ပိုစိတ်လှုပ်ရှားစရာ ကောင်းတာကတော့ Trim Level တွေ ထွက်ပေါ်လာခဲ့တယ် ဆိုတဲ့ သတင်းပါ။

Photo Credit: motor 1.com

ထွက်ပေါ်လာတဲ့သတင်းတွေ အရတော့ အဆိုပါ ကားအသစ်ဟာ ဈေးကွက်ထဲ ရောက်လာတဲ့အခါမှာ Base ၊ A-Spec နဲ့ A-Spec Tech တို့ဆိုပြီး မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု Lineup ထဲမှာ A-Spec Tech က အမြင့်ဆုံး ဖြစ်လာမှာလားဆို‌တာကိုတော့ အတိအကျ ပြောလို့မရနိုင်သေးပါဘူး။ နောက်တစ်ချက် ပိုထူးခြားတာ ကတော့ အဆိုပါ ကားတွေ အားလုံးမှာ CVT Transmission စနစ်ကို စံအနေနဲ့ အကုန် ထည့် သွင်းပေးထားမှာ ဖြစ်ပြီး Prototype မှာတုန်းက မြင်တွေ့ခဲ့ရတဲ့ Six-Speed Manual Gear ကတော့ A- Spec Tech trim အသစ်မှာ ပါဝင်လာဖို့ များနေပါတယ်။ ဒါမျိုးကိုတော့ Integra နဲ့ Turbocharged 1.5 Liter  Four-Banger Engine ကို အတူတူ မျှဝေသုံးစွဲ ထားတဲ့ Honda Civic မှာလည်း အတူတူပဲ ဖြစ်တာ ကြောင့် သိပ်တော့ မထူးဆန်းဘူးလို့ ဆိုရမှာပါ။ အခုတစ်ခေါက် သတင်းမှာကတော့ Trim Level တွေတင် ပေါက်ကြားလာတာ မဟုတ်ပဲ အတွင်းခန်းနဲ့ အပြင်အရောင် တို့ပါ ထွက်ပေါ် လာခဲ့ကာ Prototype မှာတုန်း က မြင်ခဲ့ရတဲ့ အဝါရောင် တောက်တောက်ကားတွေ ပါဝင်လာခြင်း မရှိတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘယ်အရာမှ တရားဝင် မဖြစ်သေးတာကြောင့် စောင့်ကြည့်ကြ ရဦးမှာပါ။

Photo Credit: motor 1.com

အဆိုပါ 2023 Integra အသစ်တွေအတွက် အမှာစာတွေကိုတော့ လာမယ့် မတ်လ ၁၀ ရက်နေ့မှာ စတင် လက်ခံ တော့မယ်လို့ သိထားရပြီး ဘယ်လောက်အထိ အမှာစာ လက်ခံမလဲ ဆိုတာကတော့ မသိရသေးပါ ဘူး။ မှာယူတဲ့ ရွေးချယ်စရာ တွေထဲမှာမှ အပြင်‌အရောင်နဲ့ အတွင်းရောင်တွေ ၊ Package တွေအပေါ် မူတည် ပြီး ဦးစားပေး ထုတ်လုပ် ပေးမယ့် ပုံစံကို ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ Acura ရဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုထားပါတယ်။ ဈေးနှုန်းအနေနဲ့ $ 30,000 လောက်ကနေ စတင်တော့မယ့်အဆိုပါ Integra ကားသစ်တွေ ကိုတော့ အခု လာမယ့် နွေရာသီထဲမှာပဲ စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com