Acura ကတော့ အခု ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတင် 2023 Integra အသစ်ကို ထုတ်ပြလိုက်ပြီဖြစ်ကာ တံခါးလေးပေါက်ပါ Hatchback အနေနဲ့ မြင်တွေ့ လိုက်ရပြီပဲ ဖြစ်ပါတယ်။ မနှစ်က နှောင်းပိုင်းလောက်က ပြသခဲ့ဖူးတဲ့ Integra Prototype ရဲ့ ဒီဇိုင်းပိုင်းကိုပဲ ဆက်လက် ထိန်းသိမ်းလာတာ တွေ့ရပြီး အင်ဂျင်ပိုင်းကတော့ 1.5 Liter Turbo-Four အင်ဂျင်ကို သုံးထားတာကြောင့် Integra ကားတွေထဲ တာဘို ပါလာတဲ့ ပထမဆုံး ကားဖြစ်လာပြီး 200 hp နဲ့ 192 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာပါ။ ဂီယာပိုင်းမှာ ဆိုရင်လည်း Continuosly Variable Transmission ဆိုတဲ့ CVT ဂီယာကို သုံးပေးထားတာ ဖြစ်ပြီး ပိုအကြိုက်တွေ့စေမယ့် တစ်ချက်ကတော့ 6-Speed Manual Transmission ဂီယာကိုလည်း ရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ Manual ဂီယာကားမှာ ဆိုရင်တော့ Helical Limited-Slip Differential စနစ်လည်း ပါသေးတာကြောင့် အတော်လေး ပြည့်စုံ နေပါတယ်။
ကားကိုတော့ ကြိုတင်သိထားရတဲ့ Trim တွေအတိုင်းပဲ Base Model ၊ A-Spec Package ၊ A-Spec ကိုမှ Technology Package နဲ့ ဆိုပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ ကား ၃ မျိုး လုံးမှာတော့ Acura ရဲ့ Integrated Dynamics System စနစ်ကို ရရှိနိုင်မှာ ဖြစ်ပြီး Comfort ၊ Normal နဲ့ Sport ဆိုပြီး Drive Mode ၃ မျိုး အထိကို ရွေးချယ် မောင်းနှင်နိုင်မှာပါ။ Range အမြင့်ဆုံး A-Spec Technology ကားမှာဆိုရင်တော့ Technology Package ကိုပါ အပိုထည့်ပေးထားတာကြောင့် Individual Mode ဆိုတာကိုပါ အပိုရဦး မှာ ဖြစ်ကာ Cabin အတွင်း ခန်းရဲ့ အသံတွေကိုလည်း စိတ်ကြိုက် ချိန်ညှိနိုင်ဦးမယ့် စနစ် ပါဝင်ပါသေးတယ်။ Suspension အပိုင်းက တော့ MacPherson Strut Design ကို အရှေ့ဘက်မှာ သုံးပေးထားပြီး အနောက်ဘက်ကတော့ Multi-Link စနစ် ထည့်ပေးထားပါတယ်။ ဒါ့အပြင် Adaptive Dampers တွေကိုလည်း ထပ်မံ ရွေးချယ်ပြီး ထည့်သွင်း တပ်ဆင် နိုင်ဦးမှာပါ။ ဘီးတွေ အနေနဲ့ကတော့ ၁၇ လက်မ ၊ ၁၈ လက်မ နဲ့ ၁၉ လက်မ တို့ဆိုပြီး စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ကာ A-Spec Models တွေမှာတော့ Performance ပိုကောင်းတဲ့ All-Season တာယာတွေ ပါဝင်လာမှာပါ။ ကား အတွင်းခန်းကို ကြည့်မယ် ဆိုရင်တော့ ၁၀.၂ လက်မ Digital Instrument Cluster နဲ့အတူ ၇ လက်မ အရွယ် Touchscreen ကို Standard အနေနဲ့ ထည့်သွင်းပေးထားပြီး Apple CarPlay နဲ့ Android Auto စနစ်တို့ကို အဆင်သင့် သုံးနိုင်မှာပါ။ A-Spec Technology ကားမှာ ဆိုရင်တော့ ၉ လက်မ အရွယ် Touchscreen ကို ထည့်ပေး ထားပြီး ကြိုးမဲ့ Apple CarPlay နဲ့ Android Auto စနစ်တို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ကားမှာပဲ ၅.၃ လက်မ အရွယ် Head-Up Display တစ်လုံး အပိုပါဝင် ပါဦးမယ်။ ကားရဲ့ အသံစနစ်ပိုင်းမှာတော့ စပီကာ ၁၆ လုံးပါ ELS Studio 3D အသံစနစ်ကို သုံးပေးထားတာဖြစ်ပြီး Headliner စပီကာ ကြီး ၂ လုံး ကိုလည်း သာမန်စပီကာ ၈ လုံး နေရာမှာ အစားထိုးမှာနိုင်ပါသေးတယ်။
တစ်ခြားသော Acura Models တွေလိုပဲ AcuraWatch Driver-Assist နည်းပညာကို ရရှိနိုင်မှာ ဖြစ်ပြီး အလို အလျောက် အရေးပေါ် ဘရိတ်ဖမ်းပေးတဲ့ စနစ် ၊ လမ်းညွှန် ဆိုင်းဘုတ်တွေကို အလိုအလျောက် နားလည်နိုင်တဲ့ စနစ် ၊ Adaptive Cruise Control စနစ်နဲ့ လမ်း ကြောင်းအပြောင်းအလဲကို အလိုအလျောက် သိနိုင်တဲ့ စနစ်တွေ ကုန် ပါဝင် ပါတယ်။ ဒါ့အပြင် Standard အနေနဲ့ Blind-Spot Monitor နဲ့ Rear Cross-Traffic Alerts တွေကိုပါ ထည့်ပေးထားပြီး A-Spec Technology မှာ ဆိုရင်တော့ အရှေ့ရော အနောက်ပါ ပါကင် Sensors တွနဲ့ ၊ အလို အလျောက် အရေးပေါ် ဘရိတ်တွေကိုပိုထည့်ပေးထားမှာ ဖြစ်ပါတယ်။ Acura ကတော့ အဆိုပါ ကားတွေရဲ့ ဈေးနှုန်း အသေးစိတ်တွေကို မဖော်ပြထားသေးပေမယ့် Integra အနေနဲ့ကတော့ $ 30,000 ဝန်းကျင်ကနေ စတင်လာလိမ့်မယ်လို့ ခန့်မှန်း ရပါ တယ်။ မှာယူချင်သူတွေကတော့ $ 500 ကို ပြန်လည် ထုတ်ယူလို့ရတဲ့ စရံငွေ အနေနဲ့ပေးပြီး စတင်စာရင်းပေးထားနိုင်ပြီဖြစ်ကာ ပထမဆုံး မှာယူသူ အယောက် ၅၀၀ ကိုလည်း Integra NFT တွေ ပေးသွားဦးမှာပါ။ အဆိုပါ ကားအသစ်တွေကိုတော့ အမေရိကန်နိုင်ငံ ၊ အိုဟိုင်းယိုး မှာရှိတဲ့ Marysville က စက်ရုံမှာ ထုတ်လုပ်သွားမှာ ဖြစ်လို့ အမေရိကမှာ ပထမဆုံး ထုတ်လုပ်လာမှာ ဖြစ်တဲ့ Integra တွေ ဖြစ်လာတော့ ဖြစ်ပြီး ကားရဲ့ အင်ဂျင် တွေကိုတော့ အိုဟိုင်းယိုးမှာပဲ ရှိတဲ့ Anna အင်ဂျင် စက်ရုံ ကနေ ထုတ်လုပ်မှာယူမှာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority