Abarth ကား ကုမ္ပဏီကတော့ သူတို့ရဲ့ 2023 Model ကားသစ်တစ်ချို့ကို အပြောင်းအလဲတွေ ပြုလုပ်လာခဲ့ပါတယ်။ ပထမဆုံး သိသာတာကတော့ ကုမ္ပဏီ ရဲ့ ကားသစ်တွေမှာ တစ်ခါမှ မသုံးဖူးသေးတဲ့ လိမ္မော်ရောင် ပြိုင်ကားအရောင်ကို သုံးပေးလာခဲ့တာပါ။ အဆိုပါ အရောင်ကတော့ Brand ရဲ့ ယခင်က နာမည်ကျော် အရောင်တွေဖြစ်တဲ့ အဝါနဲ့ အနီ တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပြီး Scorpion Badge ပေါ်မှာလည်း မြင်နိုင်တဲ့ အရောင်ဖြစ်ပါတယ်။ ပိုပြီး အရေးကြီးတာ ကတော့ အဆိုပါ အရောင်တစ်ရောင်ချင်းစီက ဟိုးယခင်Abarth နဲ့ Fiat 131 Racing Volumetrico Abarth Limited Edition ကားတွေရဲ့ သမိုင်းဝင် အရောင်တွေကို ဆက်စပ် ဂုဏ်ပြုထားတာလည်း ဖြစ်ပါတယ်။
အခု အသစ်ပါလာတဲ့ လိမ္မော်ရောင် Orange Racing Livery အရောင်သစ်ကိုတော့ Abarth 595 ကားနဲ့ 695 ကားသစ် 2023 Model တွေမှာ ရွေးချယ်စရာတစ်ရပ်အဖြစ် ရနိုင်မှာပါ။ အရောင်သစ်တွေ ပါလာတဲ့ အပြင် ကားသစ်တွေကို ယခင်ကထက် ပိုပြီး ရိုးရိုးရှင်းရှင်း ဝယ်ယူနိုင်အောင်ပါ ပုံစံပြောင်းလဲပေးလာခဲ့ပြီး Turismo နဲ့ Competizione တို့ ဆိုတဲ့ ၂ မျိုး ထဲကပဲ ဝယ်ယူနိုင်တော့မှာပါ။ Turismo ဆိုတဲ့ကားကတော့ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ သက်တောင့်သက်သာ ဖြစ်မှု ကိုဦးစားပေးထားပြီး အနက်ရောင် လယ်သာထိုင်ခုံတွေ၊ ၁၇ လက်မ အရွယ် အလွိုင်းဘီးတွေ၊ Turismo Badge တံဆိပ်တွေလည်း ပါဝင်ပါတယ်။ Competizione ကားအပိုင်းမှာတော့ ပိုပြီး Sport ဆန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းထားနိုင်ပြီး Sebelt Carbon ထိုင်ခုံတွေ ၊ ၁၇ လက်မ အရွယ် Competizione အလွိုင်းဘီးတွေ၊ Limited Slip Differential စနစ်နဲ့ Competizione တံဆိပ်တွေ စသဖြင့် ပါဝင်လာမှာပါ။
မိမိစိတ်ကြိုက် ကားကို ဝယ်ယူပြီးပြီ ဆိုရင်တော့ Abarth ကနေ နောက်ထပ် ရွေးချယ်စရာ Pack ၂ မျိုး ပေးထားဦးမှာ ဖြစ်ပါတယ်။ ပထမတစ်မျိုးကတော့ Tech Pack ဖြစ်ပြီး ကားအတွင်း နည်းပညာ အသားပေး လိုချင်သူတွေ အတွက် တော့ ပိုအဆင်ပြေပါလိမ့်မယ်။ အဆိုပါ Pack မှာတော့ ၇ လက်မ အရွယ် Navigation Screen နဲ့ အလိုအလျောက် Climate Control စနစ်တွေ ပါဝင်လာပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ Comfort Pack မှာဆိုရင်တော့ အတွင်းခန်းပိုင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဇိမ်ခံအရသာ လိုချင်သူတွေအတွက် ပိုအသားပေးထားပြီး Beats ရဲ့ အသံ စနစ်နဲ့ Xenon ရဲ့ Headlights စနစ်တွေပါဝင်လာ ခဲ့ပါတယ်။ အဆိုပါ ရွေးချယ်စရာ တွေကိုတော့ Abarth 595 နဲ့ 695 ကားတွေမှာပဲ ရနိုင်ဦးမှာဖြစ်ပြီး အမိုးဖွင့်ပဲဖြစ်ဖြစ် သာမန် Hatchback Body ကားပဲ ရနိုင်မှာပါ။ စွမ်းဆောင်ရည်ပိုင်း အတွက်ကိုတော့ Record Monza Sovrapposto အိတ်ဇောနဲ့ Brembo ဘရိတ်တွေကို ပိုမြင့်တဲ့ 695 Model တွေမှာ ပါ သီးသန့်ရနိုင် သေးတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com