မှောင်မှောင်လေးမှ ကြိုက်တယ် ဆိုသူတွေ အတွက်တော့ Volvo က သူတို့ရဲ့ ကားတစ်စီးကို Trim တွေက အစ အနက်ရောင် All Black နဲ့ အထူးထုတ်အဖြစ် ထုတ်လုပ် ပေးလိုက်ပါပြီ။ အဆိုပါ အထူးထုတ် ကားအ သစ်ကိုတော့ S 60 Black Edition လို့ အမည်ပေးထားပြီး ရိုးရိုးရှင်းရှင်းနဲ့ အဆင့်မြှင့်တင် ပေးထားတဲ့ ကား ကောင်းတစ်စီးပါပဲ။ ကားကတော့နာမည်အတိုင်းပဲအပြင်ပိုင်းကစလို့အနက်ရောင် Trim တွေကို သုံးထားပြီး ပတ်ပတ်လည် Grille တွေနဲ့ အလယ်မှာတော့ Volvo တံဆိပ်ကို ထည့်သွင်းထားပါတယ်။ ဘေးဘက်ကို ကြည့်မယ် ဆိုရင်လည်း အနက်ရောင်တံခါး Trim တွေနဲ့ ဘေးဘက်မှန်တွေကအစ အကုန် အနက်တွေချည်း ပါပဲ။ ဒါပေမယ့် အဓိက အဆင့်မြှင့်တင် ထားတာ ကတော့ ဘီးတွေမှာပဲဖြစ်ပြီး Gloss Black Finish နဲ့အတူ ၁၉ လက်မ အရွယ်ဘီးတွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက် ဘက်မှာတော့ ပိုပြီးမှောင်တဲ့ အနက် ရောင် Trim တွေကိုဆက်လက်မြင်တွေ့ရမှာဖြစ်ပြီး Volvo ဆိုတဲ့ စာသားလေးကိုလည်း ထည့်သွင်းပေး ထား ပါသေးတယ်။ ကားရဲ့ အိတ်ဇောပိုက်တွေကအစ အခု ကားမှာတော့ လုံးဝ ကို အနက်ရောင် အဖြစ်ပဲ မြင်ရတော့မှာပါ။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ ဘာတွေအဆင့်မြှင့်တင် ပေးထားသလဲဆိုတာ သေချာမပြောထားပေမယ့် အပြင်ပိုင်းမှာ ကိုပဲ အရောင် ၂ ရောင်အထိ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Crystal White Metallic ဆိုတဲ့ အရောင်က တော့ အနက် ရောင်နဲ့ လုံးဝကိုဆန့်ကျင်ဘက် ဖြစ်နေပြီး အနက်ရောင် Trim တွေနဲ့ ပေါင်းစပ်ပေးထားကာ အနက်ရောင်ကိုမှ အနက်ရောင်ပဲ လိုချင်တယ်ဆိုသူတွေ အတွက်ကတော့ Black Metallic ဆိုတဲ့ Package ကိုမှ Monochrome Look နဲ့ ရနိုင်မှာပါ။ ဒါပေမယ့် အဆိုပါ Black Edition ဆိုတာကတော့ အပြင်ပိုင်း ဆိုင်ရာ အပြောင်းအလဲ ဖြစ်စေတဲ့ ဒီဇိုင်းပိုင်း Package တစ်ခုသာဖြစ်ပြီး S60 ရဲ့ သာမန်စက်ပိုင်းဆိုင်ရာတွေ အတိုင်းပဲ ထည့်ပေးလာခဲ့ကာ အင်ဂျင်ပိုင်းကလည်း Boosted 2.0 Liter Four-Cylinder Engine ကိုပဲ သုံးပေးထားပါတယ်။ ဒါ့အပြင် လျှပ်စစ် စွမ်းအင်နဲ့လည်း ပေါင်းစပ် ပေးထားတာကြောင့်  ကားရဲ့ စွမ်းဆောင် ရည်ပိုင်းက 415 hp လောက်အထိ ရှိလာနိုင်ပြီး Range အမြင့်ဆုံး PHEV Trim ကားတစ်စီး ဖြစ်လာဖို့ ရှိပါ တယ်။

Photo Credit: motor 1.com

Volvo USA ရဲ့ ဒီဇိုင်းပိုင်း ခေါင်းဆောင်ဖြစ်သူ Eric Beak ကတော့ အခု S60 Black Edition အသစ်ရဲ့ ဒီဇိုင်းက ပရိသတ်တွေ လိုချင်တာ မှန်သမျှကို ကောင်းကောင်း ဖန်တီးပေးနိုင်တယ်ဆိုတာကို ပြသရာရောက် ပြီး အမေရိကန် နိုင်ငံ၊ ကယ်ရိုလိုင်းနား တောင်ပိုင်းကနေ အခု ကားသစ်တွေကို ထုတ်လုပ်ပေးရမှာ ဖြစ်တဲ့အ တွက်လည်း အတော်ကို ဂုဏ်ယူမိပါတယ်လို့ ဆိုထားခဲ့ပါတယ်။ အခုလို ပြောပုံအရ ဆိုရင်တော့ အဆိုပါ အထူးထုတ် ကားသစ်တွေက အမေရိက ‌ဈေးကွက် အတွက်ပဲ သီးသန့် ဖြစ်လာနိုင်ပြီး အထူးထုတ် ဖြစ်တာနဲ့ အညီ အခု ၂၀၂၂ မော်ဒယ်တွေအတွက် အစီးရေ ၄၅၀ အောက် လောက်သာထုတ်လုပ်ဖြစ်မှာပါ။

Ref: motor 1.com