Volkswagen ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ဒီဇိုင်းပြန်လည် ဆန်းသစ်ထားတဲ့ Ford Ranger နဲ့ တွဲဖက်အ ဖြစ် အရွယ်အစား အလယ်အလတ်ရှိ Redesigned Amarok ကားသစ်ကို စတင်ချပြလိုက်ပြီ ဖြစ်ကာ အခု နှစ်နှောင်းပိုင်းမှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်က Ranger ကားသစ်ကိုတော့ အမေရိက ဈေးကွက် သီးသန့်အနေနဲ့ အခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် လာမယ့်နှစ် အစောပိုင်းမှာ ထွက်လာနိုင်တာ ကြောင့် အခု Amarok ကိုလည်း အာဖရိကဈေးကွက် တစ်ချို့ ၊ ဥရောပ၊  အရှေ့ အလယ်ပိုင်း ၊ ဩစတြေးလျ နဲ့ နယူးဇီလန် ဈေးကွက်တွေထဲ ရောင်းချ သွားမှာပါ။ အဆိုပါ ကား ၂ မျိုးလုံး ကတော့ လက်ရှိ Ranger အသစ်ရဲ့ T 6 Body-On-Frame ပေါ်မှာ အခြေခံထားပြီး Ford Bronco အသစ်မှာလည်း မြင်ခဲ့ရတဲ့ Platform လည်း ဖြစ်ပါတယ်။

 

အခု ကားအသစ်ရဲ့ အရှည်ကတော့ ယခင် Amarok ထက် ၃.၈ လက်မ ပိုရှည်လာပြီး ၂၁၀.၆ လက်မ အထိ ရှိလာကာ ၊ Wheelbase အပိုင်းကလည်း ယခင်ကထက် ၆.၈ လက်မ ပိုရှည်ပြီး ၁၂၈.၇ လက်မ ဖြစ်လာခဲ့ ပါတယ်။ ကားရဲ့ ကိုယ်ထည် ပုံတွေအနေနဲ့ တံခါး ၂ ပေါက်ပါ Single Cab ဒါမှမဟုတ် တံခါး ၄ ပေါက်ပါ Crew Cab တွေအနေနဲ့ ရွေးချယ် လို့ရမှာပါ။ ယခင်ကား အဟောင်းနဲ့ ယှဉ်ရင်တော့ သေချာပေါက် စွမ်း ဆောင်ရည် ပိုမြင့်ပြီး ပိုလည်း မာလာတာကို တွေ့ရမှာဖြစ်ကာ နည်းပညာပိုင်းမှာဆိုရင်လည်း ၁၂ လက်မ အရွယ် Screen အကြီးစားနဲ့ အတူ Infotainment တွေကိုပါ မြှင့်တင် ပေးလာခဲ့ပါပြီ။ အခြားသော နည်း ပညာ ကောင်းတွေထဲမှာဆိုရင် LED Matrix Headlights တွေ ၊ Apple CarPlay စနစ်နဲ့ Android Auto စနစ် တွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်မောင်းကို အမျိုးမျိုး ကူညီပေးနိုင်မယ့် Driver Assist စနစ်လည်းပါဝင်လာပြီး Adaptive Cruise Control စနစ်နဲ့ Surround-View Camera တို့ ပါ၀င် လာတာ ဖြစ်ပါတယ်။ ကားကို မောင်းနှင်နိုင်မယ့် Drive Mode တွေကိုလည်း သာမန် ၊ Eco ၊ Slippery ၊ Snow/Sand ၊ Mud/Rut နဲ့ Tow/Haul စသဖြင့် အမျိုးမျိုးကို ပြောင်းလဲ နိုင်ဦးမှာပါ။

Photo Credit: MotorAuthority

အင်ဂျင်ကတော့ ၅ မျိုး အထိရွေးနိုင်ကာ  အကုန်လုံးကလည်း Turbocharged ဖြစ်လာနိုင်ပြီး တစ်မျိုးက တော့ ဓာတ်ဆီ ၊ ကျန် ၄ မျိုး ကတော့ ဒီဇယ် ဖြစ်လာပါတယ်။ ဓာတ်ဆီ အင်ဂျင်ဆိုရင်တော့ Ford ရဲ့ 2.3 Liter Inline-4 အင်ဂျင် ဖြစ်ပြီး 297 hp အထိ စွမ်းဆောင် ထားနိုင်ပါတယ်။ ဒီဇယ် အင်ဂျင်တွေကတော့ VW ဆီကပဲ ဖြစ်ပြီး Range အမြင့်ဆုံး Version ဆိုရင် 3.0 Liter V6 Engine အသစ်ကို ရနိုင်မှာ ဖြစ်ပြီး 247 hp အထိကိုလည်း စွမ်းဆောင်နိုင် ဦးမှာပါ။ အင်ဂျင်နဲ့ ဈေးကွက်ပေါ်မှာ မူတည်ပြီး ဂီယာကလည်း 5-Speed ဒါမှမဟုတ် 6-Speed Manual Transmission တွေကို ရနိုင်သေးကာ 6-Speed သို့မဟုတ် 10-Speed Automatic Gear တွေကိုလည်း ရနိုင်ဦးမှာ ဖြစ်ပါတယ်။ Rear-Wheel Drive ကို တော့ဈေးကွက် အတော်များများမှာ ရနိုင်ပြီး တစ်ချို့ ဈေးကွက်ထဲမှာတော့ All- Wheel Drive ကို စံအနေနဲ့ ရရှိနိုင်မှာပါ။ တစ်ခြားသော အချက်အလက်တွေထဲမှာ ဆိုရင်တော့ ၂,၆၄၅ ပေါင် အထိ အလေးချိန်ကို ကားက တင် ဆောင်နိုင်ကာ ၇,၇၁၆ ပေါင် လောက် အထိကိုလည်း ဆွဲသွားနိုင်ပါသေးတယ်။

Photo Credit: MotorAuthority

တစ်ဖက်က Ranger အသစ် ထွက်ခဲ့တုန်းကတော့ Ranger Raptor Guise ကို Twin-Turbocharged 3.0 Liter V 6 Engine နဲ့ 400 hp လောက်အထိ စွမ်းဆောင်နိုင်အောင် ထုတ်လုပ်ပေး ခဲ့တာကြောင့် အခု VW ကရော Amarok ကို Amarok R အနေနဲ့အလားတူ ဖန်တီးပေးဦးမလား ဆိုတာ စောင့်ကြည့်ရပါဦး မယ်။ Ford ကတော့ အဆိုပါ ကားကို VW အတွက် တောင်အာဖရိကမှာ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ VW Group အနေနဲ့လည်း Ford ရဲ့ MEB Modular Electric Vehicle Platform ကို လိုင်စင်နဲ့ တရားဝင် အသုံး ပြုခွင့် ရထားပြီးဖြစ်ကာ Ford ကလည်း အဆိုပါ Platform နဲ့ လျှပ်စစ် ကားအသစ်တွေ ထုတ်လုပ် တော့မှာပါ။ လာမယ့် ၂၀၂၃ မှာတင်ပဲ Ford က အဆိုပါ Platform နဲ့ Compact Crossover ကို ချပြလာ နိုင်ဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority