တကယ်လို့ သင်ကအမိုးဖွင့် SUV ကား ခပ်သေးသေး အရွယ်ကို ရှာနေတယ် ဆိုရင်တော့ အခု ပြောပြပေး မယ့် VW T-Roc Convertible အမိုးဖွင့်ကားက ရွေးချယ်ဖို့ အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်။ အဆိုပါ အမိုးဖွင့် VW T-Roc SUV ကား ကတော့လုံးဝ Open-Top ဆိုတဲ့ လွတ်လပ်တဲ့ အရသာကို ပေးစွမ်းနိုင်မှာ သေချာပြီး သာမန် T-Roc SUV ကား ကိုမှ လက်တွေ့မှာ နေရာစုံ အသုံးတည့်မယ့် ပုံစံ ကားတစ်စီးအဖြစ် မြင်လိုက်ရတာပဲ ဖြစ်ပါတယ်။ VW T-Roc SUV ကားကိုတော့ ၂၀၁၇ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး VW ရဲ့ MQB A1 Platform ပေါ်မှာ အခြေခံဖန်တီးခဲ့တာပါ။ အဆိုပါ Compact SUV ကားကတော့ ပိုကြီးတဲ့ VW Tiguan ရဲ့ အောက် တစ်ဆင့်မှာ ရပ်တည် နေတာ ဖြစ်ပြီး VW Golf နဲ့ အဆင့်တူတဲ့ SUV တစ်စီး အဖြစ်လည်း သတ်မှတ်လို့ ရပါတယ်။ ဒါပေမယ့်လည်း ပိုကြီးပိုကောင်းတဲ့ Tiguan အောက်မှာသာ ရှိနေတဲ့ ကားမို့ လို့ အဆိုပါ ကားကိုတော့ အမေရိက ဈေးကွက်အထိ မပေါက်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

တကယ်တော့ အဆိုပါ VW T-Roc ကားဟာ VW Golf ရဲ့ Trim Lineup တွေအတိုင်း ကောင်းကောင်း မိတ်ဆက် ပေးခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ T-Roc R Trim ကိုတောင် ၂၀၁၉ မှာ မိတ်ဆက် ပေးခဲ့ ဖူးပါသေးတယ်။ ဒါပေမယ့် အားလုံး မထင်မှတ်ထားတဲ့ ကားတစ်စီး အဖြစ်နဲ့ကတော့ အမိုးဖွင့် SUV တစ်စီး အဖြစ် T-Roc Cabrio အမျိုး အစားကို ပြီးခဲ့တဲ့ ၂၀၂၀ မှာ ပဲ ဈေးကွက်ထဲ ပို့ဆောင် ပေးလိုက်တော့ တာပါ။ တကယ်တော့ အဆိုပါကားက ၂၀၁၉ မှာ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းခဲ့တဲ့ Beetle ကားရဲ့ဈေးကွက် နေရာမှာ တိုက်ရိုက်အစားထိုးခဲ့တာ ဖြစ်ပြီး VW Golf Cabrio ကလည်း ၂၀၁၆ မှာ ဆက်လက် မထုတ်လုပ် တော့တာကြောင့် ဒီကားနဲ့ ဖြေသိမ့်စေခဲ့တဲ့ သဘော ဖြစ်ပါတယ်။ တကယ် တော့ T-Roc SUV ကားကို လက်တွေ့ကျအသုံးတည့်တဲ့ SUV တစ်စီးအဖြစ်ကနေ ၄ ယောက် စီး အမိုးဖွင့်ကားအဖြစ် ပြောင်းလဲ ရတာ က လွယ်ကူမနေ ခဲ့ပဲ ကိုယ်ထည်ပိုင်း အင်ဂျင်နီယာပိုင်းတွေကို ကောင်းကောင်း ပြန်လည် ပြင်ဆင်ခဲ့ ရတာ ပါ။ လက်ရှိမှာတော့ T-Roc Cabrio ကသာမန်တံခါးလေးပေါက်ပါ SUV တစ်စီးထက်စာရင် Coupe အသစ် တစ်စီး ပုံပို ပေါက် နေပြီ ဖြစ်ပြီး ကားရဲ့ ကိုယ်ထည် အချိုးအစား တွေ ကိုလည်း ပြောင်းလဲ ခဲ့ရပါသေးတယ်။ တကယ် တော့ အရှေ့ဘီး အနောက်ကစလို့ ကျန်တဲ့အပိုင်းတွေ အကုန်လုံး သတ္တုတွေက အစ လုံးဝ အသစ် ပြန်ပြင် ခဲ့ရတာ ဖြစ်ပြီး သာမန် SUV ထက်လည်းပိုရှည်တဲ့ Wheelbase တွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုရှည် လာတဲ့ Wheelbase တွေ ကြောင့်လည်းခေါက်လို့ရတဲ့ Fabric အမိုး နဲ့ ပိုပြီး လိုက်ဖက်နေတာကို တွေ့ရမှာ ပါ။

Photo Credit: motor 1.com

ကားရဲ့ အနောက်ဘက်မှာကတော့ T-Roc Cabrio မှာ ဆိုရင် ၂၈၄ လီတာပဲ ဆန့်မယ့် ပစ္စည်းထည့်စရာ Trunk ကို အစားထိုးထားခဲ့တဲ့ သာမန် SUV တုန်းကထက် ၁၆၁ လီတာစာလောက်ကို လျော့နည်းသွားခဲ့ တာ ဖြစ်ပါတယ်။ အဓိက အခုလို အနောက်ဘက် ဒီဇိုင်း အပြောင်းအလဲကလည်း ကားရဲ့ Power စနစ် နဲ့ အပိတ် အဖွင့်လုပ်လို့ရတဲ့ အမိုးကို အဆင်ပြေစေဖို့ ဖြစ်ပြီး ပစ္စည်း တင်စရာနေရာ အများကြီး ယူလို့ ရတာ ကြောင့်လည်း ဖြစ်ပါတယ်။ ဒီကားက အခြား ဈေးကွက် တွေအတွက် စိတ်ဝင်စားစရာ ကောင်းနိုင်ပေမယ့် လည်း အမေရိကလို နေရာမျိုးက နေဝယ်မယ့် သူတွေအဖို့ ကတော့ ဝမ်းနည်းစရာ ကောင်းပြီး T-Roc Cabrio အမိုးဖွင့်ရော သာမန် T-Roc SUV ကားကိုပါ မရရှိနိုင်တာပဲ ဖြစ်ပါတယ်။ တကယ်လို့ အခုလို ကား မျိုးတွေကို လိုချင်တယ်ဆိုရင်တော့ အစားထိုး ရွေးချယ်စရာ Land Rover Evoque Cabrio က ကောင်းမွန် တဲ့ အနေအထား တစ်ရပ်မှာ ရှိနေနိုင်ပါတယ်။

Ref: motor 1.com