မနှစ်က ဥရောပ ‌ဈေးကွက်ထဲမှာ Suzuki တို့ ချပြခဲ့တဲ့ တတိယ မြောက်မျိုးဆက် S-Cross ကားနဲ့ ပတ်သက်လို့တော့ Suzuki ပရိသတ် အတော်များများ အားမရခဲ့ကြပါဘူး။ အကြောင်းကတော့ အဆိုပါကားဟာ အရာရာအသစ် ဖြစ်မနေခဲ့ပဲ သူ့ယခင် Crossover Version ကိုသာ အဆင့်မြှင့်တင်ထားခဲ့တာ ဖြစ်လို့နေပါတယ်။ အခုလည်း အိန္ဒိယ ဈေးကွက်အတွက် အလားတူ ပုံစံမျိုး Suzuki တို့ ဖန်တီးခဲ့ပြန်ပြီ ဖြစ်ပြီး ယခင်မျိုးဆက်ကိုပဲ နည်းနည်း လေးပြောင်းပေးထားတဲ့ Hatchback တစ်စီးအဖြစ် Baleno ကားထွက်ပေါ်လာခဲ့ပါပြီ။ အဆိုပါ ကားကိုတော့ မူလ အစအနေနဲ့ ၂၀၁၅ ကတည်းက စတင်ထွက်ရှိခဲ့တာဖြစ်ကာ ၂၀၂၁ နိုဝင်ဘာ မှာတုန်းကတော့ Latin NCAP ယာဉ်တိုက် မှု အကြမ်းခံ စမ်းသပ်မှုမှာ 0 Star ပဲရခဲ့တယ်ဆိုတဲ့ နာမည်ဆိုးတစ်ခု ရှိထားခဲ့တဲ့ ကား ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု အသစ်ထွက်လာခဲ့တဲ့ ကားကိုတော့ Full-Model Change ဖြစ် ပါတယ်ဆိုပြီး Suzuki ဘက်က ဆိုထားပေမယ့် ယခင် Platform အဟောင်းပေါ်မှာပဲ ထုတ်လုပ်ထားဆဲ ဆိုတာ မြင်တာနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် အခုကား ကိုတော့ ပိုကြီးမားတဲ့ Grille Design တွေနဲ့ အတူ Premium Hatchback တစ်စီးအဖြစ် ဖော်ကျူးထားပြီး Headlight တွေကိုလည်း ပုံစံလုံးဝ ပြောင်းပေးထားကာ Taillight တွေမှာ ဆိုရင်လည်း Three-Point DRLs တွေကို မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Fog Lights တွေလည်း ပိုကြီးလာတာ တွေ့ရကာ ပိုကျယ်တဲ့ C-Shaped Taillight တွေ ကလည်း ယခင်ကားနဲ့ ဒီဇိုင်း မတူတော့ဘူး ဆိုတာကိုတော့ သေချာကွဲကွဲပြားပြား ပြသထားနိုင် ပါတယ်။ ဒါပေမယ့်လည်း အသေးစိတ် မကြည့်ပဲ တစ်စီးလုံးပဲ ခြုံကြည့်ရင်တော့ ခပ်ဆင်ဆင်ရှိနေဆဲပါပဲ။ အတွင်းခန်းကို ဆက်ကြည့်မယ် ဆိုရင်တော့ ၉ လက်မ အရွယ် Infotainment Display ကို Dashboard ရဲ့ အပေါ်ဘက် မှာ တပ်ဆင် ပေးလာပြီး Air Vents တွေကိုတော့ Center Console ရဲ့ အောက်ဘက်ကို ပြောင်းပြီး နေရာချပေးထားလိုက် ပါတယ်။ တကယ်တော့ ဈေးသက်သာတဲ့ ကားတစ်စီး အဖြစ်သာ ပွဲထွက်လာတာ ဆိုပေမယ့် ၃၆၀ ဒီဂရီ ပတ်ပတ် လည် မြင်နိုင်မယ့် ကားကင်မရာ ၊ Color Head-Up Display ပါဝင်လာတာ တွေကတော့ သဘောကျစရာ ကောင်း ပါတယ်။ ဒါ့အပြင် ယခင်ကထက် ပိုကောင်းလာတဲ့ ထိုင်ခုံ Cushion တွေ ၊ NVH Levels နိမ့်လာတာတွေ ၊ Air Vents တွေ များများထည့်ပေးထားတာတွေနဲ့ USB Ports တွေ များလာတာတွေကလည်း ယခင်ကထက်တော့ ပိုပြီး အဆင်ပြေပြေ ခံစား မှုတွေကို ပေးလာနိုင်တော့မယ် ဆိုတာ သေချာနေပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အင်ဂျင်ပိုင်းကတော့ Naturally Aspirated 1.2 Liter Gasoline Engine ကို တပ်ဆင်ပေးထားတာဖြစ်လို့ 90 hp  နဲ့ 83 lb-ft Torque အထိတော့ စွမ်းဆောင် နိုင်တာ တွေ့ရမှာပါ။ ဒါ့အပြင် အဆိုပါ Four-Cylinder Engine ပိုကောင်းစေဖို့အတွက် Five-Speed Manual ဒါမှမဟုတ် CVT အစားထိုး Five-Speed Automated Manual Gearbox တွေကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဂီယာနှစ်မျိုးလုံးမှာ ဘာကိုပဲရွေးရွေး ယခင် ကထက်တော့ ပိုကောင်းတဲ့ ဆီစားနှုန်း သက်သာမှုတွေကို ခံစားရနိုင်မှာတော့ သေချာပါတယ်။ ကားရဲ့ Suspension အပိုင်းတွေမှာ ဆိုရင်လည်း ယခင်ကထက် ပိုကြီးတဲ့ ၁၄ လက်မအရွယ် Disc Brake တွေကို ထည့်ပေးထားတာ ကြောင့် မောင်းနှင်ရတာလည်း ပိုတော့ အရသာ ရှိလာစေမှာပါ။ အဆိုပါ ကားသစ်တွေကိုတော့ အိန္ဒိယ‌ဈေးကွက်အတွင်း အစီးရေ တစ်သန်း ကျော် လောက် အထိ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး Toyota Glanza တံဆိပ်နဲ့လည်း ရရှိ နိုင်ဦးမှာပါ။ တစ်ခြားသော အာဖရိကနိုင်ငံ ဈေးကွက်တွေမှာ ဆိုရင်တော့ Toyota Starlet လို့လူသိများတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ ဥရောပ ဈေးကွက်တွေထဲမှာတော့ ၂၀၂၀ နှောင်း ပိုင်းကတည်းက ရောင်းအားကျဆင်းလို့ နောက်ပိုင်း ဆက်မမြင်ရတော့တဲ့ ကားဖြစ်တာကြောင့် အခု ကားသစ်လည်း ပြန်တော့ဝင်လာမယ့် သဘောမရှိတာ တွေ့ရပါတယ်။

Ref: motor 1.com