ကမ္ဘာတစ်ဝန်း ဂတ်စ် ဈေးတွေလည်း မြင့်တက်နေတာ‌ကြောင့် တကယ်လို့ သင်က စွမ်းဆောင်ရည် ခပ်မြင့် မြင့် Pickup Truck ကား တစ်စီးကိုသာ ပိုင်ထားတယ် ဆိုရင်တော့ ဈေးနှုန်းတွေ ခဏမေ့ထားပြီး 720 hp ရှိ Ram 1500 TRX ကို ကောင်းကောင်းကြီး ခံစားလိုက်ဖို့က ပိုတန်ကောင်း တန်သွားနိုင်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်မြင့် Pickup Truck ကားသစ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ မော်ဒယ်အနေနဲ့ မိတ်ဆက်ပေးထား ခဲ့တာဖြစ်ပြီး အခု 2022 Model မှာတော့ အထူးထုတ် Special Edition တွေပါ ပါဝင်လာပါတယ်။ ပထမ တစ်ခုကတော့ ပြီးခဲ့တဲ့ ဆောင်းတွင်းမှာ မြင်ခဲ့ရတဲ့ TRX Ignition Edition ဖြစ်ပြီး အခု တစ်ခေါက်မှာက တော့ အရောင် ခပ်ဆန်းဆန်းလေးနဲ့ လှနေတဲ့ TRX Sandblast Edition ဆိုတာပါပဲ။

Photo Credit: MotorAuthority

အခု Special Edition အသစ်ကတော့ TRX ကိုမှ Level 2 Equipment Group နဲ့ တော်တော်လေး ပြင်ဆင် ထားပြီးသားကားမှာ ပြသထားတာပါ။ အထူးသဖြင့်အတော်လေးကို သီးသန့်ဆန်တဲ့ Mojave Sand သဲရောင်ကိုမှ လှပတဲ့ Graphic လေးတွေ ပေါင်းစပ် ပေးထားတာဖြစ်ပြီး ၁၈ လက်မ အရွယ် Beadlocok ဘီး အနက်ရောင် တွေနဲ့ပါ လှလှပပ ထပ်ထည့် ပေးထားပါသေးတယ်။ ကားမှာတော့ Dual-Pane Panoramic အမိုးတွေ တပ်ဆင်ပေးထားပြီး Cargo အတွက် Tie-Downs ‌တွေ ၊ အနောက်ဘက် ပစ္စည်း တင်စရာ နေရာပေါ် တက်လို့ ရမယ့် ခြေနင်းအဆင့်တွေနဲ့ အတူ Cab ပေါ်မှာ တပ်ထားမယ့် ဘရိတ် မီးတွေ ကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။ အတွင်းခန်းမှာလည်း အပြင်က ကား အရောင်နဲ့ အစင်းကြောင်းလေးတွေ ၊ ကာဗွန်ဖိုက်ဘာ လေးတွေနဲ့ အောက်ဘက် ခပ်ပြားပြား စတီယာတိုင် ဒီဇိုင်းတို့ နဲ့ အတူ Center Console Badge ကလည်း ပုံမှန်နဲ့ အတော်လေး ကွဲထွက်လာတာတွေ့ရမှာပါ။ ဒါတင်မကသေးပဲ အသေးစိတ် အချက် အလက်တွေ အနေနဲ့ကတော့ Head Up Display ၊ Cruise Control ၊ Lanes Keep Assist နဲ့ အလို အလျောက် ဘရိတ်မီးတွေ ပါဝင်လာတဲ့ Driver Assist နည်းပညာတွေကိုလည်း ပိုကောင်းအောင် ထည့်ပေး ထား ပါတယ်။

Photo Credit: MotorAuthority

အင်ဂျင်ပိုင်း ကတော့ ဘာမှ အပြောင်းအလဲ လုပ်ပေးထားတာမတွေ့ရပဲ ယခင် မြင်ဖူးထားပြီးသား 6.2 Liter Supercharged V8 Engine ကိုပဲ ထည့်ပေးထားတာပါ။ စွမ်းဆောင်ရည်ကတော့ 702 hp နဲ့ 650 lb-ft Torque တို့ အထိရှိနိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းရဖို့ ဆိုရင်လည်း ၄.၅ စက္ကန့် အထိပဲ အချိန်ယူရမှာပါ။ ဒါကြောင့် တစ်နာရီမိုင် ၁၀၀ နှုန်းသာဆိုရင် ၁၀.၅ စက္ကန့်ပဲ အချိန်ယူရမှာဖြစ်ကာ အမြင့်ဆုံးမြန်နှုန်း ကတော့ တစ်နာရီကို ၁၁၈ မိုင် အထိ ရှိနေမှာ ဖြစ်ပါတယ်။ အဆိုပါ Edition အသစ်ကိုတော့ $ 100,080 နဲ့ လာမယ့် နွေရာသီမှာ စတင် ဝယ်ယူနိုင်မှာပါ။ လက်ရှိမှာ တော့ TRX ကား Pickup Truck တွေထဲ ဘုရင်တစ်ပါးလို ဖြစ်နေပေမယ့် Ford F-150 Raptor R ကလည်း မကြာခင် ထိပ်ဆုံး နေရာကို ယူလာနိုင်တဲ့ ကားတစ်စီး ဖြစ်နေတာကြောင့် ဘယ်သူက အသာရသွားမလဲ ဆိုတာ စောင့်ကြည့် ရတော့မှာပါ။

Ref: MotorAuthority