ဥရောပနိုင်ငံ ၂၃ နိုင်ငံက ကား သတင်းစာဆရာတွေ က ရွေးချယ်ခဲ့တဲ့ မနှစ်က တစ်နှစ်တာ အကောင်းဆုံး ကားဆုကို တော့ Kia EV6 က ရရှိခဲ့ ပါတယ်။ ဒါပေမယ့်လည်း မဲပေးရွေးချယ်အပြီးမှာပဲ ယူကရိန်းကို ရုရှား တို့ ကျူးကျော် ကြတဲ့ ဖြစ်ရပ်ကြောင့် ဘုတ်အဖွဲ့ကနေ ရုရှား ကိုယ်စားလှယ်တွေကို မဲပေးခွင့် ကန့်သတ်ခဲ့ပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုရှားအဖွဲ့ရဲ့ မဲတွေမပါရင်လည်း အခုရရှိထားတဲ့ ဆုအနေအထား ရပ်တည်မှုတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Kia EV6 ကတော့ အဆိုပါဆုကို အခုနှစ်အတွက် ရရှိခဲ့ရာမှာ ၂၇၉ မှတ် အထိရခဲ့တာ ဖြစ်ပြီး သူ့နောက်မှာ တော့ Renault Megane E-Tech Electric ကားက ၂၆၅ မှတ်နဲ့ ဒုတိယ၊ Hyundai Ioniq 5 က ၂၆၁ မှတ်နဲ့ တတိယ နေရာတို့ အသီးသီး ရခဲ့ ကြပါတယ်။ အခြားသော ထိပ်တန်း အဆင့် ကားတွေ ထဲမှာတော့ Peugeot 308 ကားက ၁၉၁ မှတ် ၊ Skoda Enyaq ကားက ၁၈၅ မှတ် ၊ Ford Mustang Mach E က ၁၅၀ မှတ်တို့နဲ့ အတူ Cupra Born တို့က ၁၄၄ မှတ်တို့နဲ့ အသီးသီး ရပ်တည်နိုင် ခဲ့ကြပါတယ်။
တကယ်တော့ ဥရောပရဲ့ အကောင်းဆုံး ကားဆုကို ရယူနိုင်ခဲ့တာ Kia အတွက် ပထမဦးဆုံးပဲဖြစ်ပြီး ဥရောပ ရဲ့ WLTP Cycle အရ ဆိုရင်တော့ Kia EV6 က တစ်ကြိမ် အားသွင်းထား ရင် ၃၂၈ မိုင်အထိ မောင်းနှင်နိုင် တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးချယ်စရာ အမျိုးမျိုးရှိတဲ့ ကားကောင်းတစ်စီးလည်း ဖြစ်ပြီး ဘက်ထရီ ဆိုရင် လည်း 58 kWh ကနေ 77.4 kWh Battery အထိကို ရွေးချယ်နိုင်ကာ Rear-Wheel Drive နဲ့ All Wheel Drive စနစ်တွေကိုလည်း စိတ်ကြိုက် ရွေး ဝယ်ယူနိုင် ပါသေးတယ်။ အားသွင်း မြန်ဆန်တာရယ် ၊ ဈေးနှုန်း သင့်တာရယ်တွေကြောင့်တင် လျှပ်စစ်ကား ကောင်း တစ်စီး ဖြစ်နေပြီး Hyundai နဲ့ ယှဉ်မယ်ဆိုရင် EV6 က ပိုကောင်းတဲ့ ကားကိုယ်ထည် ၊ ထိန်းချုပ်လို့ ကောင်းတာနဲ့ Sports နည်းနည်းပိုဆန်တဲ့ အရသာတွေကိုပါ ပေးနိုင်ပါသေးတယ်ဆိုပြီး ဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့ ပါတယ်။
အမေရိကဈေးကွက်ထဲမှာတော့ အဆိုပါကားကို 58 kWh ကနေ 77.4 kWh Battery တွေအထိ စိတ်ကြိုက် ရွေးချယ် နိုင်ပြီး ဘက်ထရီအသေးမှာ ဆိုရင်တော့ Rear-Wheel Drive ရနိုင်ကာ EPA Rating အရ ၂၃၂ မိုင် Range အထိ ရှိပါတယ်။ ဘက်ထရီ အကြီးနဲ့ ကားမှာ ဆိုရင်တော့ မိုင် ၃၁၀ အထိ Range ရနိုင်မှာပါ။ All-Wheel Drive Version တွေမှာတော့ 77.4 kWh Battery တစ်မျိုးတည်းနဲ့ပဲရရှိနိုင်ပြီး လျှပ်စစ်မော် တာ ၂ လုံးကြောင့် 320 Hp ဆိုတဲ့ စွမ်းဆောင်ရည်ကို ပေးထားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော အားနည်းချက်ကတော့ Range အနေနဲ့ ၂၇၄ မိုင် အထိပဲ ရနိုင်တာ ဖြစ်လို့နေတာပါ။ အခု နှစ်ကုန်ပိုင်း လောက်မှာ ဆိုရင်တော့ EV6 Lineup ကိုပဲ GT Model အထိ အမေရိက ဈေးကွက်မှာချဲ့ထွင်လာနိုင်ပြီး လျှပ်စစ်မော်တာ ၂ လုံး ၊ All-Wheel Drive Layout တို့ပါလာမှာ ဖြစ်ကာ စွမ်းဆောင်ရည်ကလည်း 576 hp အထိ ရှိလာနိုင်ပါတယ်။ အဆိုပါ GT ကားသစ် ထွက်ပေါ်လာမယ် ဆိုရင်တော့ တစ်နာရီကို မိုင် ၆၀ နှုန်း ရဖို့ ကို ၃.၅ စက္ကန့် လောက်အတွင်း အရှိန်တင်နိုင်မယ့် အထိမြန်ဆန်လာနိုင်ပါတယ်။
Ref: motor 1.com

