လက်ရှိ Jeep Cherokee ကတော့ ၂၀၁၄ ခုနှစ်ကတည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး ၂၀၁၉ လောက်မှာ တော့ သက်တမ်းတစ်ဝက် အနေနဲ့ အပြောင်းအလဲတွေ လုပ်ပေးလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြောင်း အလဲပိုင်း ကတော့ အနည်းငယ်လောက်ပဲ ဖြစ်လို့ အရမ်းကြီး သိသိသာသာ ကောင်းသွားတာမျိုး မရှိခဲ့ပါဘူး။ တကယ်တမ်းမှာတော့ Jeep  က သူတို့ရဲ့ အဆိုပါ SUV Crossover ကားလေးကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် သေချာပြင်ဆင် ပေးထားတယ် ဆိုပေမယ့် ဈေးကွက် ပြိုင်ဆိုင်မှုက အရင်ကနဲ့ လုံးဝ မတူတော့ တာကိုတော့ သတိပြုရမှာပါ။ အခု 2022 အတွက်လည်း  Jeep တွေနဲ့ ပြောင်းလဲမှုတွေ အများကြီး လုပ်လာ တာမျိုး မရှိသေးပေမယ့် အနည်းငယ် Trim နိမ့်တဲ့ ကားတစ်စီးဖြစ်တဲ့ Cherokee X ကတော့ နည်းနည်း ထူးခြားလာပါတယ်။ အဆိုပါ ကားမှာဆိုရင်တော့ သူ့ထက် ပိုကောင်းတဲ့ Cherokee Trailhawk မှာပါတဲ့ လုပ်ဆောင်ချက်တွေ အတော်များများ ပါဝင်လာခဲ့ပြီး ဈေးကတော့ ပိုသက်သာတာကြောင့် ဆွဲဆောင်မှုတွေ ရှိလာပါတယ်။ အထူးသဖြင့် ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ Suspension ကို မြှင့်လို့ရတာတွေ ၊ အနက်ရောင် ၁၇ လက်မ အရွယ် All-Terrain တာယာတွေ ၊ Standard 4WD နဲ့ 3.2 Liter V 6 Engine တွေပါဝင်လာ တာ ကတော့ တကယ့် ကောင်းကွက် တွေပါပဲ။ ကား အတွင်းခန်းမှာ ဆိုရင်တော့ Cloth/Vinyl ထိုင်ခုံတွေ ကိုမှ သီးသန့်ဆန်တဲ့ ဒီဇိုင်းလေးတွေနဲ့ ဖန်တီး ပေးထားပါတယ်။ အခုနှစ် နှောင်းပိုင်း လောက် အထိ အဆိုပါ ကားကို ရနိုင်ဖို့ မရှိသေးပေမယ့်လည်း ဈေးနှုန်းကတော့ $ 33,995 လောက် ကျသင့်လာနိုင်ပါတယ်။

Photo Credit: CARBUZZ

ဒါ့အပြင် Trim ပိုင်းမှာ ဆိုရင်လည်း ယခင်က Latitude အစား Base Trim အသစ်ဖြစ်တဲ့ Latitude Luxe ကို အစားထိုးလာ ပါတယ်။ ဒါပေမယ့် ဈေးနှုန်း ကတော့ $ 5,680 လောက် အထိ မြင့်တက်သွားပါတယ်။ ဈေးက မြင့်တက် သွားတယ် ဆိုပေမယ့် လည်း ထပ်ထည့် ပေးထားတဲ့ လုပ်ဆောင်ချက်တွေနဲ့ ယှဉ်ရင်တော့ မဆိုး ဘူး လို့ ပြောရမှာ ပါ။ ဒါ့အပြင် 2022 Latitude Luxe ကတော့ ယခင် 2021 Version နဲ့ ယှဉ်လိုက် ရင်  $2,195 လောက် ဈေးတက် သွားပြီး ယခင် ရှိခဲ့တဲ့ Altitude ၊ Freedom နဲ့ 80th Anniversary Trim တွေတော့ ထပ်ပြီး ပါမလာခဲ့တော့ပါဘူး။ အခု အသစ်ပါလာတဲ့ Latitude Luxe Base Trim မှာ ဆိုရင်တော့ ပိုကောင်းတဲ့ Dual-Zone Automatic Climate Control စနစ်နဲ့ Power Liftgate တို့ ပါဝင်လာ ခဲ့ပါ တယ်။ ဒါ့ပေမယ့် အဆိုပါ Trim ကပဲ Four-Wheel Drive စနစ်မပါဝင်တဲ့ တစ်ခုတည်းသော Trim ဖြစ်နေ ခဲ့ ပြန်ပါတယ်။ အင်ဂျင် အနေနဲ့ ကတော့ Turbocharged 2.0 Liter Four-Cylinder Engine ဖြစ်ပြီး 270 hp နဲ့ 295 lb-ft Torque အထိကို စွမ်းဆောင်ရည် ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ အင်ဂျင် ၂ မျိုး လုံးမှာ ဆိုရင်တော့ Nine-Speed Automatic Transmission ဂီယာ တွေနဲ့ပဲ ပွဲထွက်လာ ခဲ့တာပါ။

Photo Credit: CARBUZZ

ဈေးနှုန်းတွေ အနေနဲ့ ဆိုရင်တော့ 2022 Cherokee Trailhawk က $ 37,045 ကနေစတင် ကျသင့်မှာ ဖြစ်ပြီး Limited အမျိုးအစားဆိုရင်တော့ $ 38,745 လောက်အထိ ကျသင့်မှာပါ။ အဆိုပါ ဈေးနှုန်းတွေမှာ တော့ Destination Charge $ 1,595 တွေ မပါဝင်သေးပဲအခု ပုံစံအတိုင်း ဆိုရင်တော့ Jeep က အဆိုပါ ကားတွေရဲ့ လက်ရှိ ၅ ခုမြောက် မျိုးဆက်ကို နှစ် အနည်းငယ်လောက်အထိ ကြာအောင် ထားထားဦးမယ့် ပုံပါပဲ။ တစ်ချို့ သတင်းရင်းမြစ် တွေကလည်း ၆ ခုမြောက် မျိုးဆက်သစ် ကားသစ်တွေကို လာမယ့် ၂၀၂၅ လောက်အထိ ထုတ်လုပ်ပေးနိုင်ဦးမယ့် မပေါ်သေးလို့ ဖော်ပြနေကြပါ တယ်။ ဒါကြောင့် ကားအသစ်ထွက် လာဦးမယ် ဆိုရင်လည်း Jeep အနေနဲ့ လုံးဝ ဒီဇိုင်းပြောင်းလဲလာမယ့် Grand Cherokee နဲ့ ပထမဆုံး ထုတ် လုပ်လာမယ့် Cherokee L တို့အပေါ် ပိုပြီး အားစိုက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုကောင်းပြီး ပိုလည်း အဆင့်မြင့် ဇိမ်ခံဖြစ်နိုင်တဲ့ Wagoneer နဲ့ Grand Wagoneer တို့ကိုလည်း ထုတ်လုပ် ပေးဖို့အတွက်လည်း ရှိသေးတာကြောင့် Jeep ရဲ့ ကားတွေကတော့ စောင့်ကြည့်ချင်စရာတွေချည်းပဲ ဖြစ်ပါတယ်။

Ref: carbuzz.com