Honda အနေနဲ့ကတော့ လာမယ့် ၂၀၄၀ အရောက်မှာ လျှပ်စစ်ကားတွေပဲ ထုတ်လုပ်တော့မယ့် အဆင့်ကို ရည်မှန်းထားတာကြောင့် အခု နောက်ပိုင်းထွက်ပေါ်လာမယ့် Honda HR-V မျိုးဆက်သစ်တွေအဖို့ကတော့ အရေးကြီးတဲ့ခြေလှမ်းတွေဖြစ်လာပါတယ်။ အခုဆိုရင် တော့ အဆိုပါကားအပေါ် ပရိသတ်ရထားတဲ့အရှိန်ကို ဆက်ထိန်းနိုင်ဖို့လည်း ရည်ရွယ်ပြီး Package အသစ် ၅ မျိုးနဲ့အတူကားကို အဆင့်မြှင့် တင် ပေးလိုက်နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားတွေထဲကမှ ဥရောပဈေးကွက်ရဲ့ e:HEV Model ဆိုရင်လည်း အမေရိကနဲ့ ခပ်ဆင်ဆင် ဖြစ်ပြီး အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ ဒါပေမယ့် အဆိုပါ Package အကုန်လုံးထဲမှာတော့ ကားရဲ့အတွင်းရော အပြင်ရောပါ ဆန်းသစ်ပေးလာပြီး အတွင်းခန်း Cabin Space ၊ လုံခြုံစိတ်ချရမှုနဲ့အတူ အသုံးဝင် နိုင်မှုအပိုင်းတွေမှာပါ အများကြီး တိုးတက်အောင် လုပ်ပေးထားပါ‌တယ်။

Photo Credit: CARBUZZ

အဆိုပါ Range မှာပါဝင်လာတဲ့ Sport Pack ကတော့ နာမည်အတိုင်းပဲ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ပိုမောင်းချင်သူတွေ အတွက် ဖြစ်လာမှာပါ။ အဆိုပါ ကားမှာတော့ အရှေ့ဘက် Grille နဲ့ Tailgate Spoiler တွေကို Berlina Black ဆိုတဲ့ အနက်ရောင်နဲ့ ခြယ်သထား ပါတယ် ။ ကားရဲ့ပုံစံ အသစ်မှာကိုမှ အရှေ့နဲ့အနောက် တို့မှာ Sport ပိုဆန်တဲ့ ဘန်ဘာတွေနဲ့ ဖန်တီး ပေးထားပါသေးတယ်။ ဒါတင်မက သေးပဲ ကားကိုယ်ထည် အရောင်အတိုင်း ဖြစ်မယ့် Skirts တွေကိုမှ အရောင်နည်းနည်းကွဲတဲ့ Chrome လေးတွေနဲ့ ထပ်မံပေါင်းထည့် ပေး ထားတာကြောင့် ပိုကြည့်လို့ ကောင်းစေပါတယ်။ အဆိုပါ ကားမှာမှ Obscura Black ဆိုတဲ့ အနက်ရောင်ကတော့ Sport Pack အတွက် နောက်တစ်ဆင့်လို့တောင် ပြောလို့ရပြီး Foglamp Surround နေရာတွေ ၊ တံခါးမှန်အဖုံးတွေနဲ့ Tailgate Spoiler Extension တွေက အစ Berlina အနက်ရောင် ခြယ်ပေးထားမှာပါ။ အင်ဂျင်ပိုင်းကလည်း ဈေးကွက် အလိုက် အပြောင်းအလဲ အနည်းငယ်ရှိသေးပြီး ဥရောပ ဈေးကွက်မှာဆိုရင် Naturally Aspirated 1.5 Liter Four-Cylinder Gasoline Engine နဲ့ ဖြစ်ကာ Dual-Electric Motor စနစ်ကို လည်း ပေါင်းထည့် ပေးထားတာကြောင့် 129 hp အထိ ကို စွမ်းဆောင် နိုင်နေတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

နောက်ထပ် Package တစ်ခုကတော့ Ilmenite Titanium Exterior Pack ဖြစ်ပါတယ်။ အဆိုပါ Pack မှာ တော့ Fog Light Surround တွေ ၊ တံခါးမှန်အကာတွေနဲ့ Taligate Trim တွေမှာသာ Titanium အုပ်ပေးထားတာ ဖြစ်ပေမယ့်အတွင်းခန်းကတော့ အတော်လေး ထူး ခြားနေမှာပါ။ အကြောင်းကတော့ အဆိုပါ Titanium Finish လေးတွေကို ကားရဲ့စတီယာတိုင် ၊ ဂီယာနဲ့ တံခါး ဘောင်လေးတွေအထိ လှလှပပ ထည့်ပေးထားလို့ပါပဲ။ ဒါ့အပြင် Cabin အပိုင်းပိုလှတာ လိုချင်သေးတယ် ဆိုရင်တော့ Leather Upholstery ကို ပိုထည့်လို့ ရသေးပြီး Classic Grain Leather သားကိုမှ Alston Smooth Fabric နဲ့ ပေါင်းထားတာမျိုးကိုလည်း ထည့်လို့ ရသေးတာ ဖြစ်ပါတယ်။ နောက်တစ်မျိုး ဖြစ်တဲ့ Cargo Pack ဆိုတာကတော့ နာမည်အတိုင်းပဲ ပစ္စည်းတင်စရာနေရာ ကျယ်ကျယ် ပိုလို ချင်တဲ့သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။ အဆိုပါ ကားမှာပါလာတဲ့ Trunk Tray ကိုတော့ နှစ်ပိုင်းခွဲပေးထားပြီး တစ်ပိုင်းမှာဆိုရင် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ လုံခြုံ စိတ်ချရမှု ရှိမရှိနဲ့ ရေစိုခံ  ၊ ဖုန်မှုန်တွေ ဒဏ်ခံနိုင်ဖို့အတွက် တွေ ကိုပါ ပြင်ဆင်ပေးထားတာပါ။ ကားရဲ့ ကိုယ်ထည်ကိုလည်း ပုံမှန် ထက်ပိုပြီး အထိခိုက်ခံနိုင်အောင် Sport Tough Stainless Steel Trunk Protectors တွေကို သုံးပေးထားပြီး Tailgate Illumination တွေကို လည်း ကောင်းကောင်း ထည့်ပေးထားပါသေးတယ်။

Photo Credit: CARBUZZ

နောက်တစ်မျိုးဖြစ်တဲ့ Active Lifestyle Pack မှာ ဆိုရင်တော့ သူတို့ရဲ့ HR-V ကားကို သာမန်ထက်ပိုပြီး စွန့်စားမှု ဆန်တာ လေးတွေလုပ် လို့ရအောင် ဖန်တီးပေးထားတဲ့ သဘောပါပဲ။ ကားရဲ့တံခါး Sill Trims နေရာတွေ ၊ Mud Flaps တွေနဲ့ ခေါက်လို့ရတဲ့ ဖုန်ဒဏ်ခံ Mat တွေ ရဲ့ အသွင်ကို ကြည့်လိုက်တာနဲ့တင် စိတ်အေးချမ်းမှုလေး ခံစားရအောင် သပ်သပ်ရပ်ရပ် ဖန်တီးပေးထားပါတယ်။ အတွင်းခန်း Cabin မှာ ဆိုရင်တော့ ကြိုးမဲ့အားသွင်းဖို့ နေရာတွေလည်း ပါပါသေးတယ်။ အစောပိုင်းမြင်ရတဲ့ ပုံကြမ်းတွေ အရတော့ အဆိုပါကားတွေက အမေရိက ဈေးကွက် အခြေစိုက် HR-V  တွေ အနေနဲ့ ဖြစ်လာဖို့ များပြီး စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကတော့ မသိ ရသေးတာကြောင့် ဥရောပ ဈေးကွက် ကားတွေနဲ့ အတူတူ ဖြစ်လာနိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com