2022 GMC Terrain ကားကတော့ ယခင် 2021 Model ကို သိပ်အပြောင်းအလဲမရှိပဲ ဈေးပိုသက်သာစွာနဲ့ ထွက်ရှိလာခဲ့ပါတယ်။ 2022 Model မှာတော့ SL Trim Level ပါဝင်မလာတော့ပဲ SLE Trim က Entry-Level အနေနဲ့ ထွက်ရှိလာခဲ့ကာ SLE နဲ့ SLT တို့မှာ AWD စနစ်နဲ့ ရွေးချယ်နိုင်ပြီး ဒေါ်လာ ၁၆၀၀ ပိုမို ကျသင့်မှာပါ။ နဂိုရှိခဲ့တဲ့ Trim ၄ မျိုးကို ဆက်လက်ထိန်းသိမ်းဖို့ Off-Road စွမ်းဆောင်ရည်နဲ့ AT4 Model ကိုထည့်သွင်းပေးလာခဲ့ပါတယ်။ Terrain Denali မှာတော့ Front-Wheel Drive ပါဝင်မလာတော့ပဲ AWD စနစ်မှာသာ ပါဝင်လာမှာပါ။ ဒါကြောင့် Denali က 2021 Terrain Denali ထက် ဒေါ်လာ ၇၀၀ ဈေးပို များလာတယ်ဆိုပေမယ့် AWD Model ကတော့ ဈေးပိုသက်သာတာ ဖြစ်ပါတယ်။

Photo Credit: Autoblog

ပို့ဆောင်ခ အပါအဝင် 2022 Terrain ကားတွေရဲ့ ဈေးနှုန်းတွေကတော့ SLE FWD က ဒေါ်လာ 30,290 ၊ SLT FWD က ဒေါ်လာ 34,290 ၊ AT4 AWD က ဒေါ်လာ 36,390 နဲ့ Denali AWD က ဒေါ်လာ 39,190 ဆိုပြီး အသီးသီးကျသင့် သွားမှာပါ။ 2022 Model အတွက် ဆန်းသစ်တဲ့အနေနဲ့ Terrains ကားအားလုံးမှာ ပိုမိုကြီးမားတဲ့ Grilles တွေ၊ အပြင်ဖက် Headlights တွေအပါအဝင် LED မီးတွေက ပိုမိုကြီးမားလာသလို C ပုံစံ Taillights အသစ်တွေလည်း ပါဝင်လာပါတယ်။ AT4 နဲ့ Denali တို့မှာတော့ Grille Design အသစ် တွေပါဝင်လာပြီး AT4 မှာတော့ အကာအကွယ် အတွက် Front Skid Plate နဲ့ ကြီးမားတဲ့တာယာတွေပါဝင် လာမှာပါ။ Elevation Trim လည်း ပြန်လည်ပါဝင်လာပြီး Entry-Level SLE နဲ့ SLT Trims တွေအတွက် Black-Out Package တွေလည်း ရရှိနိုင်အုံးမှာဖြစ်ပါတယ်။

Photo Credit: Autoblog

အတွင်းပိုင်းမှာတော့ ပြန်လည်အသက်သွင်းထားတဲ့ Shifter Panel နဲ့ ခလုတ်အသစ်တွေကလွဲလို့ ကျန်တဲ့ အရာတွေက Controversial ဒီဇိုင်းအတိုင်း မပြောင်းလဲပဲ ရှိနေမှာပါ။ နည်းပညာပိုင်းအရတော့ Apple CarPlay နဲ့ Android Auto စနစ်တွေ စံအဖြစ်ထည့်သွင်းပေးထားပြီး ကြိုးမဲ့စနစ်လည်း အသုံးပြုနိုင်မှာပါ။ Head-Up Display ကတော့ Denali မှာ စံစနစ်အဖြစ်ထည့်သွင်းပေးလာမှာဖြစ်ပြီး SLT နဲ့ AT4 တို့မှာ တော့ ရွေးချယ်ရယူနိုင်မှာ ဖြစ်ကာ Denali မှာတော့ ၈ လက်မ Screen နဲ့ Instrument Panel ပါဝင်လာမှာ ဖြစ်ပါတယ်။ Terrain ကားတွေအားလုံးအတွက်တော့ Turbocharged 1.5 Liter Four-Cylinder အင်ဂျင် ကို Nine-Speed Automatic Transmission စနစ်နဲ့ တွဲဖက်ပေးထားမှာဖြစ်ကာ 170 hp နဲ့ 203 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာပါ။ စွမ်းဆောင်ရည်ပိုမိုမြင့်မားတဲ့ Terrain ကားတွေကိုတော့ မကြာမြင့်မီ ကာလမှာ ထုတ်လုပ်ပေးလာဖို့ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။

Ref: Autoblog