အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် အခြေစိုက် ကား Tuning ကုမ္ပဏီတစ်ခုဖြစ်တဲ့ Specialty Vehicle Engineering ( SVE ) ကတော့ အခုဆိုရင် 750 hp အထိကြမ်းတဲ့ Truck ကားကောင်း တစ်စီးကို ပြောင်းလဲဖန်တီး ပြလိုက်ပါပြီ။ အဆိုပါ ကားကတော့ GMC Syclone ရဲ့ ခေတ်ပေါ် Version ဖြစ်ပြီး GMC Canyon ပေါ်မှာ အခြေခံ ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ SVE ကတော့ အဆိုပါကားကို ၂၀၁၉ ကတည်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်တုန်းကတော့ V6 Engine နဲ့ အတူ 455 hp အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခု ပြီးခဲ့ တဲ့ 2021 အရောက်မှာတော့ Supercharged V8 Engine ပြောင်းကာ 750 hp အထိ စွမ်းဆောင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကားကတော့ အစီးရေ ၅၀ ပဲ သီးသန့် ထုတ်လုပ်ရောင်းချ ပေးခဲ့တာပါ။ အခုတော့ 2022 မှာ ထပ်လိုချင်သေးတယ် ဆိုသူတွေ အတွက် နောက်ထပ် အစီးရေ ၅၀ ကို ဖန်တီးပေးဖို့ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ ကားကြီးကိုတော့ GM ရဲ့ L83 5.3 Liter V8 အင်ဂျင်အထိ သုံးပေးထားတာကြောင့် 600 lb-ft Torque အထိကို စွမ်း ဆောင် ထားနိုင်ပါသေးတယ်။ ဒါတင်မကသေးပဲ အင်ဂျင်ပိုင်းက အလူမီနီယံ ၊ Forged Internal တွေ ၊ ပြန်လည် ပြောင်းလဲပေးထားတဲ့ Cylinder Head တွေ ၊ High-Flow Fuel စနစ်တွေ စသဖြင့် အစုံ ထည့်ပေးထားသေးကာ High-Flow Stainless Steel အိတ်ဇောပိုက် ကိုတော့ တပ်ဆင်ပေးထားသေးတာ ဖြစ်ပါတယ်။ ကားကတော့ Four-Wheel Drive အနေနဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး 8-Speed Automatic Transmission စနစ် ကလည်း ကောင်းကောင်း ထောက်ပံ့ပေးနိုင်မှာပါ။ ဒါတင်မကသေးပဲ ကားရဲ့ Suspension စနစ်ကို လည်း ပြင်ဆင် ပေးခဲ့သေးပြီး ၊ အမြင့်ကိုလည်း နည်းနည်း နှိမ့်ပေးခဲ့ကာ Bushing အသစ်တွေ ၊ Heavy-Duty Rear Sway Bar တွေကို လည်း အသစ်ထပ်ထည့် ပေးထား လိုက်ပါသေးတယ်။ အရှေ့ဘက် ဘရိတ် Calipers တွေမှာ ဆိုရင်တော့ Piston ၆ လုံးနဲ့ ၁၃.၆ လက်မ အရွယ် Front Rotors တွေကိုလည်း တပ်ဆင်ထားပါတယ်။ ဘီးတွေရဲ့ အရွယ်အစား ကတော့ လက်မ ၂၀ အထိကို ရှိတာကြောင့် Nitro NT420V 275/54R20 အမျိုးအစား တာယာတွေကိုပဲ ကားရဲ့ အရှေ့နဲ့ အနောက်တို့မှာ အသုံးပြုနိုင်မှာပါ။
ဒီဇိုင်းပိုင်း အပြောင်းအလဲတွေကတော့ အင်ဂျင်ဖုံးမှာ ဆက်တွေ့ရပြီး ကိုယ်တိုင်သီးသန့် ပြုလုပ်ထားတဲ့ Rocker Panels တွေ ၊ Syclone ဆိုတဲ့ သီးသန့် အမှတ်တံဆိပ်တွေ ၊ ပိုပြီး ထင်ထင်ရှားရှားနဲ့ ကြည့်ကောင်းလာတဲ့ အိတ်ဇော ပိုက် နှစ်ခုတွဲ တွေလည်း ပါဝင်လာပါသေး တယ်။ အတွင်းခန်းမှာဆိုရင်လည်း Leather Package တွေ ထည့်သွင်းပေးထားပြီး ကြမ်းခင်းအသစ် ၊ Dash Plaque အသစ်တွေနဲ့လည်း ပေါင်းစပ် ပေးထားသေးတာ ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ မူလ 1991 GMC Syclone မှာ တုန်းကတော့ Turbocharged 4.3 Liter V6 သာ ပါဝင်ခဲ့ပေမယ့် တစ်နာရီကို မိုင် ၆၀ နှုန်း အထိ အရှိန်တင်ဖို့ကို ၄.၅ စက္ကန့် လောက် အထိပဲ ကြာမြင့်ခဲ့တဲ့အထိ ကောင်းခဲ့ပါတယ်။ GMC အနေနဲ့ အဆိုပါ ကားကို ဖန်တီးခဲ့တဲ့ နည်းပညာတွေ အတိုင်း နောက်ပိုင်းမှာလည်း Typhoon SUV တွေကိုပါ ဆက်လက် ဖန်တီးခဲ့ တာပါ။ ဒီကနေ့ ခေတ်မှာ မြင်နေရတဲ့ GMC Canyon AT4 ကတော့ လမ်းကြမ်းပိုင်းတွေ အတွက်ပါ ပိုအားထားလာတာဖြစ်ပြီး အသစ် ထွက်လာမယ့် GMC Hummer EV ဆိုရင်လည်း တစ်နာရီ မိုင် ၆၀ အရှိန်ရဖို့ ၃ စက္ကန့်လောက်ပဲ အချိန်ယူရမယ့် လျှပ်စစ် ကားတစ်စီး ဖြစ်လာဖို့ ရှိနေပါပြီ။
Ref: MotorAuthority