Ford F-150 ကားသစ်တွေ ထွက်လာပြီးပြီ ဆိုတိုင်း အမြဲလိုလို Tuning ပိုင်းတွေ လုပ်ပေးလေ့ရှိတာက တော့ Roush Performance ပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်ခုလောက် အထိကို ဒီတာဝန်ကို ကျေလာခဲ့တဲ့ အဆိုပါ Tuning ကုမ္ပဏီ အတွက်တော့ အခုမျိုးဆက် F-150 အတွက်လည်း ချွင်းချက်မထားပဲ ဖန်တီး ပေးလာခဲ့ ပြန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်း ကပဲ အဆိုပါ ကားအတွက် စွမ်းဆောင်ရည် အသားပေး Package ကို ထုတ်ပေးထားတာတောင်မှ အခုနှစ်အတွက် နောက်တစ်စီးကိုပါ မြင်လာရသေးတာ ဖြစ်ပါတယ်။ အခု တစ်ခေါက်မှာတော့ ကားရဲ့အတွင်းရော အပြင်ရော အကုန်လုံးကို အဆင့်မြှင့်တင် ပေးလာခဲ့ပြီး Beefed-Up Suspension စနစ်ကိုပါ ထည့်သွင်း ပေးလိုက်ပါတယ်။ 2022 Roush F-150 ကတော့ Standard Model ကားတစ်စီး နဲ့ Raptor တို့အကြား ကားတစ်စီးကို လိုချင်သူတွေ အတွက် ကွက်တိ ဖြစ်စေမှာပါ။ ဒါပေမယ့် အခု Roush ရဲ့ အဆင့်မြှင့်တင်မှုကို လိုချင်တယ် ဆိုရင်တော့ Ford F-150 မှာ XLT ဖြစ်ရမှာ ဖြစ်ပြီး 302 A Option ဒါမှမဟုတ် Lariat အမျိုးအစားဆိုရင် 502 A Base Model တွေ အထိတော့ ဖြစ်ထား ဖို့ လိုအပ် ပါတယ်။

Photo Credit: motor 1.com

ဒါဆိုရင် 2022 Roush F-150 ကားမှာ ဘာတွေများပုံမှန်ထက်ထူးခြားနေမလဲ ကြည့်ကြရအောင်ပါ။ အဓိက ကတော့ အပြင်ပိုင်းမှာဆိုရင် Roush ဆိုတဲ့ တံဆိပ်နဲ့ Grille ပိုင်းကို သိသိသာသာ အပြောင်းအလဲအနေနဲ့ စမြင်ရမှာ ဖြစ်ပြီး Grille အပေါ်ပိုင်းက Clearance Lights တွေကလည်း ကား တစ်စီးလုံးကို အသစ်အနေနဲ့ မြင်သွားစေမိပါတယ်။ အင်ဂျင်ပိုင်းမှာလည်း Heat Extracting Vents အသစ်တွေ ထပ်ထည့်ထားပြီး Fender Flares တွေ ဆိုရင်လည်း ဒီဇိုင်း လုံးဝ ပြောင်းပေးထားတာပါ။ ယခင် ၂၀၂၁ မော်ဒယ်တုန်းကလိုပဲ 2022 Roush F-150 model ကလည်း လက်မ ၂၀ အရွယ် Roush ကိုယ်ပိုင် ဒီဇိုင်းဘီးတွေပဲ သုံးထားတာ ဖြစ်ပြီး ၃၃ လက်မအရွယ် Grabber A/TX တာယာ တွေကိုလည်း ပေါင်းထည့် ပေးထားပါတယ်။ ကိုယ်တိုင် ပြန်လည် ပြင်ဆင်ပြုလုပ်ပေးထားတဲ့ လမ်းကြမ်းသုံး Coilover Suspension စနစ်ကြောင့် ကားရဲ့မြေပြင် ကင်းလွတ် အမြင့်ကိုရော လမ်းကြမ်းမှာထိန်းချုပ်ရတဲ့ စနစ်ကိုပါ ကောင်းကောင်း တိုးတက် လာစေပါတယ်။ ကားရဲ့ အိတ်ဇော စနစ်မှာတော့ Roush Performance အိတ်ဇောကို Standard အနေနဲ့ ထည့်ပေးထားပြီး Active Exhaust  ကိုလည်း နောက်ထပ်ရွေးချယ်စရာ အဖြစ် ပေးထားသေးတာပါ။

Photo Credit: motor 1.com

အပြင် ဒီဇိုင်းပိုင်းကတော့ ၂ မျိုး ရနိုင်ပြီး XLT အတွက် ဆိုရင်တော့ ၂ ရောင်စပ် မီးခိုးရောင်နဲ့ အနက်ရောင် လယ်သာ ထိုင်ခုံတွေကို ရွေးချယ်နိုင်မှာပါ။ Lariat ကားပိုင်းမှာတော့ အတွင်းခန်း တစ်ခုလုံးကို အနက်ရောင် လယ်သာနဲ့ ရွေးချယ် နိုင်ပြီး Vintage Carmine အတွင်းခန်း အရသာကိုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခြား သော အတွင်းခန်း လုပ်ဆောင်ချက်တွေ အနေနဲ့ကတော့ တံဆိပ်အသစ်တွေ ၊ Weather Tech ကြမ်းခင်း တွေနဲ့ Custom Gauge Package တွေကို မြင်တွေ့ရမှာပါ။ အဆိုပါ Roush Pack အသစ်ကိုတော့ $ 18,500 ကျသင့်မှာ ဖြစ်ပေမယ့် အမျိုးမျိုးသော ‌ရွေးချယ်စရာတွေကို ထပ်ပြီးရွေးချယ်စရာတွေကို ထပ်ထည့် ဦးမယ်ဆိုရင်တော့ $ 20,000 လောက်အထိ ကျသင့် နိုင်ပါတယ်။ အဆိုပါ Package ပိုင်းတွေမှာ ဆိုရင် တော့ $ 660  တန် လမ်းကြမ်းပိုင်းအသားပေး Ready Package ၊ $ 1,800 တန် Dual Tip Active Exhaust စနစ်၊ $ 1,850 တန် Premium Leather Package နဲ့ $ 325 တန် Accent Graphic Package တို့လည်း တစ်ပါတည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref: motor 1.com