အခုနှစ် မှာမှ ထုတ်လုပ်ထားတဲ့ 2022 Ford F-150 Raptor ကားတွေကို Ford က ပြန်လည်သိမ်းဆည်းရဖို့ ရှိလာ ခဲ့ပါပြီ။ NHTSA ရဲ့ အဆိုအရတော့ အခုကား ပြန်လည် သိမ်းဆည်းရတဲ့ ပြဿနာဟာ ဘီးတွေမှာ တပ်ဆင်ထားတဲ့ နပ်တွေချောင်နေတာနဲ့ ‌မသေချာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ စာရင်းတွေအရတော့ ကားသစ်ပေါင်း အစီးရေ ၁,၅၀၀ ကျော်လောက် ပြန်လည် သိမ်းဆည်း ခံရနိုင်ချေရှိပါတယ်။ ကားတွေ ကတော့ အခု ၂၀၂၂ ဧပြီလ ၁၉ ရက်ကနေ ဩဂုတ်လ ၁၁ ရက်အတွင်း ထုတ်လုပ်ထားတဲ့ ကားတွေဖြစ်ပြီး ပြန်လည်သိမ်းဆည်းမယ့် အကြောင်းကြားစာထဲမှာတော့ VIN နံပါတ်တွေ မပါဝင်လာသေးပါဘူး။ ဒါပေမယ့် သေချာတာ တစ်ချက်ကတော့ ကားမှာ နဂိုပါတာထက် ‌ရွေးတပ်လို့ ရတဲ့ ၃၇ လက်မ အရွယ်ဘီးတာယာတွေ သုံးထားတဲ့ ကားဆိုရင်တော့ ပြန်အပ်ရဖို့များပါတယ်။

Photo Credit: motor 1.com

အဓိက ပြဿနာ ကတော့ အဆိုပါ ၃၇ လက်မ တာယာတွေအတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက် ၂၀၂၂ မှာ တပ်ဆင် ခဲ့တုန်းက Three-Spindle DC Lug နပ်တွေက မမြဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆို ပါနပ် တွေက မမြဲတာထက် အမှန်တကယ်တပ်ဆင်ရမယ့် 200 Nm တွေအစား 170 Nm တွေကို တပ်ဆင်ထားမိလို့ ဖြစ်ရတာပါပဲ။ ပြဿနာ ရှိနိုင်တဲ့ ကားအစီးရေ ၄၇၇ စီးလောက် ရဲ့ ၂၃၆ စီးထဲမှာတော့ Torque ပမာဏ နည်းတာတွေကို ကြုံတွေ့ ရနိုင်ပြီး တကယ်သာဖြစ်ခဲ့မယ် ဆိုရင်တော့ ဘီးကချောင်ပြီး ကျွတ်ထွက်သွားနိုင်ကာ ယာဉ်မတော်တဆမှုတွေ အထိ ကြီးကြီးမားမား ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အချိန်အထိတော့ အဆိုပါ ကားတွေမှာ ဘီးကျွတ်သွားတာနဲ့ မတော်တဆ ဖြစ်တာတွေ မရှိလာသေးဘူးလို့ သိရပါတယ်။

Photo Credit: motor 1.com

ပုံမှန်လိုပဲ အခုပြန်လည် အပ်နှံကာ ပြင်ဆင်ရာမှာလည်း နပ်အမှန်ပြန်လဲလှယ်ပေးဖို့အတွက် အခမဲ့ ဖြစ်နေပါလိမ့်မယ်။ ပိုင်ရှင်တွေကိုတော့ အကြောင်းကြားထား ပြီးဖြစ်ပေမယ့် တကယ်လို့ ကိုယ့်ရဲ့ F-150 Raptor က စာရင်းထဲ မပါပေမယ့် စစ်ဆေးချင်သေးတယ် ဆိုရင်လည်းနီးစပ်ရာ အရောင်းကိုယ်စားလှယ် တွေဆီမှာ စစ်ဆေးကြည့်လို့ ရပါသေးတယ်။ တကယ်တော့ အဆိုပါ ၃၇ လက်မ အရွယ် တာယာတွေကို တပ်ဆင်နိုင်ဖို့ စက်ရုံမှာ ရှိတဲ့ Ford ရဲ့ Production Line တစ်ခုကို ပြန်လည်ချိန်ညှိတာတွေ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ တာယာတွေ ကို စနစ်တကျ ဖြစ်စေဖို့အတွက် တပ်ဆင်ပေးတဲ့ နေရာကို ပြင်ဆင်ဖို့ Ford အနေနဲ့ ၁၅ လ လောက် အချိန်ယူ စီစဉ် ပေးခဲ့ ရသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com