ပြီးခဲ့တဲ့ ဆောင်းဦးလောက်ကတည်းက အကြိုထုတ်လုပ်မှုတွေ ရှိထား ခဲ့တဲ့ 2022 Ford F-150 Lightning လျှပ်စစ် ကားသစ်ကတော့ မှာယူထား သူတွေလက်ထဲ ပထမဆုံး စတင်‌ပို့ဆောင်နိုင်မယ့် ကားသစ်တွေကို တော့ လာမယ့် ၂၆ နေ့က စတင် ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ တကယ်တော့ အကြိုထုတ်လုပ်တဲ့ ယာဉ် တွေဆိုတာက စမ်းသပ်ဖို့နဲ့ မှတ်ပုံတင်ဖို့ အဓိကဖြစ်ပြီး ထုတ်လုပ်ရေး လုပ်သားတွေကိုလည်း မှာယူထားသူ တွေဆီ ကားသစ်တွေ မရောင်ခင် လိုအပ်ချက်တွေကိုရှာဖွေ ပြင်ဆင်နိုင်ဖို့ ကားတွေ ဖြစ်ကြပါတယ်။ အခု  ကားသစ်တွေကိုတော့ အမေရိကန်နိုင်ငံ ၊မီချီဂန် ပြည်နယ် ၊Dearborn ဒေသက Ford ရဲ့ Rouge ကား စက်ရုံမှာ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံ ကတော့ Ford Pickup ကား အတော်များများကို ၁၉၄၈ ခုနှစ် ကတည်းက ထုတ်လုပ်ပေးနေတဲ့ စက်ရုံကြီး ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ကားသစ် အတွက် ဘက်ထရီတွေကိုတော့ Rawsonville Components စက်ရုံကနေ ထောက်ပံ့ ရရှိ မှာဖြစ် ပြီး လျှပ်စစ် စွမ်းအင်အတွက် Drive Unit တွေကိုတော့ Van Dyke Electric Powertrain Center ကနေ ရရှိမှာပါ။ အဆိုပါ စက်ရုံ ၂ ခု လုံးကတော့ မီချီဂန် ပြည်နယ်ထဲကပဲမို့ အတော်လေး အဆင်ပြေနေပါလိမ့် မယ်။ တကယ်တော့ လျှပ်စစ် စွမ်းအင် သုံး Pickup Truck ကားတွေကို စတင်ထုတ်လုပ်တာ Ford က ပထမ‌ဆုံး မဟုတ်သေးပဲ ပြီးခဲ့တဲ့နှစ် ဆောင်းဦးအစမှာ ကတည်းက 2022 R1T ကားသစ်တွေကို Rivian တို့ စတင် ထုတ်လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ General Motors တို့ကလည်း 2022 GMC Hummer EV ကို ဆက်တိုက် ထုတ်လုပ်လာခဲ့ပြန်တာ ဖြစ်ပါတယ်။ ဒါပေမယ့် F-150 Lightning Truck အတွက် ပြိုင် ဘက်ကား ၂ စီး ထက် အဓိက အားသာနေတဲ့ အချက်ကတော့ ဈေးနှုန်းတွေပါပဲ။ R1T ရဲ့ ဈေးနှုန်းက လက်ရှိ မှာ $ 80,000 နီးပါး အထိ ရှိနေချိန် Ford F-150 Lightning ကတော့ $ 39,974 အထိပဲ အခြေခံ ဈေးနှုန်း ကို သတ်မှတ် ပေးထားတာဖြစ်ပြီး GMC Hummer EV ဆိုရင် ပိုလို့တောင် ‌ဈေးကြီးနေသေးတာပါ။

Photo Credit: MotorAuthority

အခုလိုဈေးနှုန်းနဲ့ စပရိုက်တိုက်နိုင်ခဲ့တဲ့ Ford ကတော့ ကားသစ်တွေအတွက်အမှာစာတွေလည်းဆက်တိုက် ရထားပြီ ဖြစ်ပြီး လက်ရှိအထိကိုပဲ အစီးရေ ၂၀၀,၀၀၀ လောက်အထိကို မှာယူထားကြပါတယ်။ ရလဒ်အနေ နဲ့ အဆိုပါ ကားထုတ်လုပ်ရေး စက်ရုံကြီးမှာ အလုပ်အကိုင်ပေါင်း ရာနဲ့ချီ အထိထပ်မံ တိုးချဲ့ခန့်အပ်ခဲ့ရပြီး တစ်နှစ်ကို အဆိုပါ ကား အစီးရေ ၁၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့ကိုလည်း ရည်မှန်းချက်ထားနေပြီ ဖြစ်ပါ တယ်။ ဒါဟာ မူလအစ ရည်မှန်းထားတာ ထက် လေးဆလောက် အထိကို ပိုများသွားတဲ့ နှုန်းပဲ ဖြစ်ပါတယ်။ Ford F-150 Lightning ကား သစ် ကတော့ Four-Wheel Drive ပါဝင်လာပြီး လျှပ်စစ်မော်တာ ၂ လုံး တပ်ဆင်ထားတာ ဖြစ်ကာ Liquid-Cooled Lithium-Ion Battery ‌တွေကိုလည်း သုံးထားတာပါ။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းကတော့ 426 hp အထိ ရှိထားပြီး Long Range အမျိုးအစား မှာ ဆိုရင်တော့ 563 hp အထိကို ရှိ‌ထားပါတယ်။ အဆိုပါ ကား နှစ်မျိုးလုံး ရဲ့ Torque ကတော့ 775 lb-ft စီ အတူတူရှိထား ပါတယ်။ Range ‌တွေ အနေနဲ့ကတော့ သာမန် ကားမော်ဒယ်မှာ တစ်ခါအားသွင်းထားရင် ၂၃၀ မိုင် အထိ မောင်းနှင်နိုင်ပြီး Range မြင့်တဲ့ မော်ဒယ်မှာတော့ ၃၂၀ မိုင် အထိကို မောင်းနိုင်တာ တွေ့ရမှာပါ။ ဒါတင် မက သေးပဲ နောက်ပိုင်းမှာတော့ ဈေးပိုနိမ့်မယ့် Rear-Wheel Drive Model ကိုလည်း ဆက်လက် ထုတ် လုပ်လာဖို့ ရှိနေပါသေးတယ်။ လက်ရှိမှာတော့ ကားအတွက် ပုံမှန် XLT ၊ Lariat ၊ Platinum Grade တို့အပြင် စီးပွားဖြစ် Work Truck တို့အဖြစ် စုစုပေါင်း Grade ၄ မျိုး အထိကို ထုတ်လုပ်ထားပါတယ်။ Work Truck ရဲ့ အခြေခံ ‌ဈေးကတော့ $ 39,974 က စတင် ကျသင့်တာဖြစ်ပြီး XLT Grade ဆိုရင်တော့ $ 52,974 အထိ ကျသင့်မှာပါ။ Lightning ကားတွေ ကတော့ ၅ ပေ ၅ လက်မ ပတ်လည် နောက်တွဲအနေနဲ့ ပဲရနိုင်သေးပြီး တံခါးလေးပေါက်ပါ Crew Cab အမျိုးအစား အနေနဲ့ လောလောဆယ် ရရှိဦးမှာ ဖြစ်ပါတယ်။

Ref: MotorAuthority