2022 Ford F-150 ကားသစ် အတွက် အမှာစာတွေကို Ford ဘက်ကနေ တရားဝင် ပိတ်သိမ်းလိုက်ရပြီဖြစ် တယ်လို့ သိရပါတယ်။ အရောင်း ကိုယ်စားလှယ်တွေဆီ ပေးပို့လာတဲ့ အချက်အလက်တွေ အရတော့ F-150 ကားသစ်တွေကို အခု မေလ ၁၃ ရက်နေ့မှာပဲ စတင်ပြင်ဆင်ကာ ပိုင်ရှင်သစ်တွေထံကို ပို့ဆောင်ပေးတော့မှာ ဖြစ်လို့ လက်ရှိ ရှိနေပြီးသား အမှာစာတွေကိုပဲ အာရုံစိုက်နိုင်တော့မယ်လို့ ‌ဖော်ပြထားပါတယ်။ ဒါတင်မက သေးပဲ အားလုံး သိကြတဲ့  အတိုင်း လက်ရှိ ဖြစ်ပွားနေဆဲ ကုန်ကြမ်းပစ္စည်း မလုံလောက်မှု ပြဿနာကြောင့် လည်း အမေရိက ရဲ့ ရောင်းအားအကောင်းဆုံး ဖြစ်နေတဲ့ အဆိုပါ F-150 ထုတ်လုပ်ရေးပိုင်းကို အနှောက်အ ယှက် ‌ဖြစ်‌နေစေခဲ့ ရတာပါ။

Photo Credit: motor 1.com

အခုလို အမှာစာတွေ ခဏ ရပ်ထားရတာကတော့ F 150 Lineup တစ်ခုလုံးအတွက် ဖြစ်ပြီး XL၊  XLT၊ Lariat၊ King Ranch၊ Platinum၊  Limited နဲ့ Tremor Trims တွေကိုလည်း လုံးဝမှာယူလို့ မရတော့ တာပါ။ ဒါပေမယ့် ဒီစာရင်းတွေအရ ဆိုရင်တော့ 2022 Ford F-150 Raptor ကားသစ်တွေကို မှာလို့ရသေး တယ်ဆိုတဲ့ သဘောသက်ရောက် နေပါတယ်။ တစ်ခုရှိတာကတော့ အခု အမှာစာ ခဏရပ်ထား လိုက်ရတာ က Hybrid နဲ့ ဓာတ်ဆီကားတွေ အတွက်ပဲ ဖြစ်နေတာပါ။ ဒါပေမယ့်လည်း နောက်တစ်ချက် သိထားရမှာက တော့ Ford ဟာအခု Lineup ထဲကနေ ဒီဇယ် အင်ဂျင်သုံး ကားတွေကို ဖယ်ထုတ်လိုက်ပြီး ဖြစ်တယ်ဆိုတာ ပါပဲ။ အသေးစိတ် အချက်အလက်တွေ မသိ ရသေးပေမယ့်လည်း အဆိုပါ ဒီဇယ် ကားအမျိုးအစားကိုတော့ F-150 အတွက် ‌ရွေးချယ်စရာတွေထဲ မပါဝင်တော့တာ ကို Ford ရဲ့ တရားဝင် Website မှာပါ မြင်တွေ့ထား ရပြီး ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါကြောင့် သင်က တကယ်လို့ အခု လက်ရှိ Ford F-150 အသစ်စက်စက်ကိုမှ မှာစီးချင်တယ် ဆိုရင်တော့ နောက်နှစ် မှာ ထွက်လာဦးမယ့် ကားသစ်ကို စောင့်ဆိုင်း လိုက်တာပဲ ပိုအဆင်ပြေမှာပါ။ ကိုယ်စားလှယ်တွေ ထံ ပို့တဲ့ စာထဲမှာ ဆိုရင်တော့ 2023 Model Year ကားတွေ အတွက်ကို ဇူလိုင် လလောက်မှာ စတင်မှာယူ လို့ ရလာနိုင်ပြီး 2022 Ford F- 150 Rattler ကိုလည်း ၂၀၂၂ ဆောင်းတွင်း လောက်မှာပဲ ရနိုင်မယ်လို့ ဖော်ပြထား ပါတယ်။ တကယ်လို့ ဒီထက် ပိုကောင်းတာကိုပဲ လိုချင်ပြီး သိပ်လည်း မစောင့်ချင်တော့ဘူး ဆိုရင်တော့ အဆင့်အမြင့်ဆုံး Ford Raptor ကို ဝယ်လိုက်တာက အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် အဆိုပါ ကားမှာလည်း Software ပြဿနာ တစ်ချို့ကြောင့် Blue Cruise နောက်ဆုံးပေါ် နည်းပညာအသစ် ပါမလာ ခဲ့ပြန်ပါဘူး။ 2023 Ford F-150 ကားသစ်နဲ့ ပတ်သက် လို့ကတော့ နောက်ကျမှ ထွက်လာမယ် ဆိုတာပဲ သိထား ရပါသေးတယ်။ နောက်နှစ် မော်ဒယ်အတွက် ကြိုပြီး အမှာစာ တင်ချင်တယ် ဆိုရင်တောင် လာမယ့် ဇူလိုင် လမှသာ စတင်နိုင်မှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ စောင့်ကြည့် နေရဦးမှာပဲ ဖြစ် ပါတယ်။

Ref: motor 1.com