ကားဈေးကွက်ထဲကနေ လမ်းကြမ်းမောင်းလို့ ကောင်းမယ့်ကားကို ရှာနေတယ်ဆိုရင်တော့ 2022 Ford Bronco Everglades ကားသစ်ကလည်း ရွေးချယ်စရာ စာရင်းထဲပါလာခဲ့ပါပြီ။ အဆိုပါ ကားကိုတော့ ၂၀၂၂ ချီကာဂို ကားပြပွဲကြီးမှာ ချပြခဲ့တာဖြစ်ပြီး တံခါး ၄ ပေါက်ပါ Bronco ပေါ် အခြေခံဖန်တီးထားတဲ့ကားလည်း ဖြစ်ပါတယ်။ အခု ကား ကတော့ ကားမှာပါတဲ့ Sasquatch Package ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ အားလုံးကို ကောင်းကောင်းရအောင် ဖန်တီး ပေးထားပြီး စက်ရုံထုတ် Snorkel အသစ်နဲ့ ပေါင် ၁၀,၀၀၀ လောက်ရှိတဲ့ Warn Winch တို့ ပါဝင်လာ ပါသေးတယ်။
ကားရဲ့ အရှေ့နဲ့ အနောက်တို့မှာ ပါဝင်လာခဲ့တဲ့ ဝင်ရိုးတွေ ၊ Transfer Case နဲ့ Transmission ပိုင်းတွေ ကြောင့် ပိုပြီး မြင့်တဲ့ Vents တွေနဲ့လည်း ကားအသစ်ကို မြင်တွေ့ ထားရပါတယ်။ ရလဒ်ကတော့ သာမန် Ford Bronco မှာတုန်းက ရခဲ့တဲ့ ၃၃.၅ လက်မ Fording Capability ပမာဏကို အခုဆိုရင် ၃၆.၄ လက်မ အထိတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခုအထူးထုတ် ဖြစ်လာခဲ့တဲ့ Sasquatch Package မှာ ဆိုရင်တော့ Full Time 4 WD စနစ် နဲ့ ဖြစ်သွားခဲ့ပြီး အရှေ့ အနောက် ဝင်ရိုးတွေက အသေဖြစ်သွားကာ ၁၇ လက်မ အရွယ် Beadlock-Capable ဘီးတွေလည်း ပါဝင်လာခဲ့ ပါတယ်။ ဒါ့အပြင် ယခင်ထက် ပိုမြင့်လာတဲ့ Suspension စနစ်နဲ့ End-Stop Control Valve တွေကြောင့် လမ်းကြမ်း ပိုင်းမောင်းနှင်ရာမှာတော့ တော် တော်လေးကို ချောချောမွေ့မွေ့ ဖြစ်လာဖို့ ရှိပါတယ်။ ဒါ့အပြင် Goodyear ဆီကနေ ယူသုံးပေးထားတဲ့ ၃၅ လက်မ အရွယ် Mud-Terrain တာယာတွေ ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ Everglades Version မှာတော့ Sports ပိုဆန်တဲ့ Fender Flares တွေကိုမှ ပိုပြီး လုံးဝန်းတဲ့ ဒီဇိုင်း ဖြစ်လာ ပါတယ်။ ဒါ့အပြင် Rock Rails တွေ ၊ Crossbar ပါဝင်တဲ့ Roof Rack တွေလည်း ပါဝင်လာခဲ့ပါ တယ်။ ဒါတင်မက သေးပဲ Bull Bar အသေးလေးနဲ့ စတီးလ် Bash Plates တွေဆိုရင်တော့ Bronco ရဲ့ အနက်ရောင် Diamond နဲ့ Badlands Grade မှာ မြင်ခဲ့ရတဲ့ အတိုင်းပဲ ထည့်သွင်းပေးထားပါတယ်။ ကားရဲ့ အတွင်းခန်းမှာ ဆိုရင်တော့ ထိုင်ခုံ Trim တွေနေရာမှာ Marine Grade Vinyl တွေကို သုံးပေးထားပြီး ရာဘာကြမ်းခင်းကလည်း ကားကိုပိုပြီး သန့်ရှင်း ပေးနိုင်စေမှာပါ။ ကားရဲ့ ခရီးသည်စီးတဲ့ ဘက်အခြမ်းက Snorkel ကတော့ အတော်လေးဆန်းသစ်တဲ့ဒီဇိုင်းကို ပြောင်းလဲပေးထားတာကြောင့် Trail ရဲ့လမ်းကြောင်း တွေအပြင် ဘယ်လို ရာသီဥတုမျိုးမှာ မဆိုလည်း ပိုပြီးအဆင်ပြေနိုင်စေမှာကို တွေ့ရပါတယ်။ ကားရဲ့အင်ဂျင် ကတော့ Bronco Standard 2.3 Liter Turbocharged Inline 4 Engine ကိုပဲ သုံးပေးထားပြီး 300 hp နဲ့ 325 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာဖြစ်ကာ 10-Speed Automatic Transmission ဂီယာ စနစ် ကိုလည်း သုံးပေးထားပါသေးတယ်။
အခု Everglades ကတော့ Bronco အသစ်ရဲ့ မျိုးကွဲကားတွေထဲက တစ်စီးဖြစ်ပေမယ့် ၂၀၂၂ ထဲ တစ်ခြား သော မျိုးကွဲ တွေလည်း ထွက်ထားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း Bronco Raptor ကို စွမ်း ဆောင်ရည်မြင့် လမ်းကြမ်းမောင်းကားတစ်စီးအဖြစ် ချပြခဲ့ပါသေးတယ်။ အဆိုပါကားတုန်းကတော့ သီးသန့် ဆန်တဲ့ 3.0 Liter Twin- Turbocharged V6 Engine ကို သုံးပေးထားပြီး 400 hp ထက်ပိုပြီး စွမ်းဆောင် နိုင်တယ် လို့လည်း သိရပါတယ်။ အခု မြင်ရတဲ့ Everglades ကားအသစ်ကိုတော့ လာမယ့် မေလ မှာ စတင် ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကလည်း $ 54,495 ကျသင့်မှာ ဖြစ်ပါတယ်။
Ref: MotorAuthority