E-Ulysse ကတော့ Fiat ရဲ့ လျှပ်စစ်ကား Lineup ထဲကို နောက်ဆုံးဝင်ရောက်လာတဲ့ လျှပ်စစ် Van ကားတစ်စီးဖြစ်ပြီး VIP Shuttles လိုမျိုး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသုံး ယာဉ်တစ်စီးအနေနဲ့ ကြော်ငြာထားခဲ့တာပါ။ Fiat E-Ulysse ကိုတော့ ယမန်နှစ်က စတင်ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး ပုံမှန် Ulysse ကားလိုပဲ Sleek အသွင်နဲ့ ၁၇ လက်မ အလွိုင်းဘီးတွေကို တပ်ဆင်ပေးထားပါတယ်။ ဝယ်ယူသူတွေအနေနဲ့ Conventional နဲ့ Long Models ဆိုတဲ့ နှစ်မျိုးအကြားရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး Conventional က ၁၉၅.၁ လက်မ ရှည်လျားကာ Long Model ကတော့ ၂၀၈.၉ လက်မ ရှည်လျားတာပါ။ အခြားရွေးချယ်စရာအနေနဲ့ကတော့ Xenon Headlights တွေ၊ Power Sliding Doors တွေ နဲ့ Automated Liftgate ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Photo Credit: AllAutoExperts

 အတွင်းခန်းမှာတော့ ခရီးသည် ၈ ယောက် လိုက်ပါနိုင်မှာဖြစ်သလို ကုန်ပစ္စည်းကတော့ ၁၇၃ ကုဗပေအထိ တင်ဆောင်နိုင်မှာပါ။ နည်းပညာပိုင်းအရဆိုရင်တော့ Tri-Zone Climate Control စနစ်နဲ့ ၇ လက်မ ရှိ Infotainment System တွေပါဝင်လာမှာဖြစ်ပြီး ၇ ယောက်စီး ဖြစ်တဲ့ Lounge Model မှာတော့ အနောက်ဖက်မှာ ထိုင်ခုံ ၅ လုံးနဲ့ ဖြန့်ခင်းနိုင်မယ့် စားပွဲတစ်လုံး ပါဝင်လာမှာဖြစ်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ Panoramic Glass Sunroof ၊ Heated Leather အရှေ့ထိုင်ခုံတွေနဲ့ အနှိပ်စနစ်တွေကိုလည်း ထည့်သွင်းနိုင်အုံးမှာပါ။ အခြား ထင်ရှားတဲ့ Features တွေကတော့ Air Sanitizer နဲ့ အလွယ်တကူရွေ့လျားနိုင်၊ မှီချနိုင်မယ့် Rail-Mounted အနောက်ထိုင်ခုံတွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် အလိုအလျောက် ဘရိတ်စနစ်၊ ယာဉ်တိုက်မှုမဖြစ်အောင် ကြိုတင်သတိပေးစနစ်၊ လမ်းချော် သတိပေးစနစ်နဲ့ Side Blind-Sport Alert လို လုံခြုံရေးစနစ်တွေပါဝင်လာအုံးမှာပါ။ Fiat E-Ulysse မှာတော့ 50 kWh ဘက်ထရီတပ်ဆင်ထားပြီး WLTP Cycle အရဆိုရင်တော့ ၁၄၃ မိုင်အထိ စွမ်းဆောင်နိုင်မှာဖြစ်တယ်လို့ သိရကာ ၂၀၅ မိုင်အထိ မောင်းနှင်နိုင်မယ့် 75 kWh ဘက်ထရီကိုလည်း ရွေးချယ်တပ်ဆင်နိုင်ပါသေးတယ်။ ဘက်ထရီ စွမ်းအင်နဲ့ လျှပ်စစ် အင်ဂျင်က အမြင့်ဆုံးအနေနဲ့ 134 hp နဲ့ 192 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာဖြစ်ကာ 0-62 mph အထိ အရှိန်တင်နိုင်ဖို့ အချိန် ၁၃.၅ စက္ကန့်ကြာမြင့်မှာဖြစ်ပြီး အမြင့်ဆုံးအရှိန်အနေနဲ့ကတော့ 80 mph အထိ စွမ်းဆောင်နိုင်မှာပါ။ E-Ulysse မှာတော့ 100 kW အားအမြန်သွင်းစနစ်ပါဝင်လာမှာဖြစ်ပြီး ပိုမိုသေးငယ်တဲ့ ဘက်ထရီကိုတော့ မိနစ် ၃၀ အတွင်း ၈၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မှာဖြစ်ပါတယ်။

Photo Credit: AllAutoExperts

 Fiat E-Ulysse ကားကိုတော့ ပြင်သစ်နိုင်ငံ Hordain မှာ အခြားသော Van ကားတွေဖြစ်ကြတဲ့ Citroen Jumpy ၊ Peugeot Expert နဲ့ Opel/Vauxhall Vivaro တို့နဲ့အတူ ထုတ်လုပ်လာမှာဖြစ်ပြီး ယခုလက စလို့ အမှာစာတွေကို လက်ခံနေပြီဖြစ်ကာ မေ လမှာ စတင်ဖြန့်ချီပေးလာတော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts