Jeep ကိုမှ ကြိုက်နှစ်သက်တဲ့ ကားဝါသနာရှင်တွေ ကတော့ နွေရာသီရောက်လာတိုင်း လမ်းကြမ်းမောင်း ကားကောင်း တစ်စီး နဲ့ ခရီးထွက်ဖို့ ပြင်ဆင်တတ်ကြပါတယ်။ Utah , Moab မှာ ကျင်းပမယ့် Easter Jeep Safari ဆိုတဲ့ လမ်းကြမ်း မောင်းကားတွေ စုဝေးတဲ့ အကြီးဆုံးပွဲကြီးကလည်း လာမယ့် ဧပြီလ ၉ ရက်ကနေ ၁၇ ရက် အတွင်း ရောက်ရှိလာ တော့မှာပါ။ အဆိုပါ ပွဲကြီးကိုတော့ Moab ရဲ့ Red Rock 4-Wheelers Club ကနေ ဦးစီးကျင်းပတာဖြစ်ပြီး Jeep ကတော့ အမြဲတမ်း အဓိကကျတဲ့ နေရာကနေ ပါဝင်နေရတာ ဖြစ်လို့ နှစ်တိုင်းလိုလို ထူးခြားဆန်းသစ်တဲ့ Concept တွေ ကိုလည်း မြင်ရလေ့ရှိတာ ဖြစ်ပါတယ်။ လပိုင်း လောက် လိုသေးတယ် ဆိုပေမယ့်လည်း အခုဆိုရင် အဆိုပါ ပွဲကြီး အတွက် ရည်ရွယ်ထားတဲ့ Concept တစ်ချို့ကို Jeep တို့က ချပြလာခဲ့ပြီ ဖြစ်ပါတယ်။ အခု နှစ် ကျင်းပမယ့် ပွဲကတော့ ၅၆ ကြိမ်မြောက်ဖြစ်ပြီး ပိုမို ကြီးကျယ်ခမ်းနားကာ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေ ရှိစေမယ့် ထူးခြား ဆန်းသစ်တဲ့ Jeep ကားတွေကို မြင်ရမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီဘက်က ဆိုထားပါတယ်။ အခုမြင်တွေ့ထားရတဲ့ Concept တွေအပြင် နောက်ထပ် အသစ်အသစ်သော Concept တွေကိုလည်း Jeep နဲ့ Jeep Performance Parts တို့ ကနေ ချပြလာဦးမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ယခင်နှစ်တွေနဲ့ မတူတာကတော့ တစ်ချို့ ထူးခြားဆန်းကြယ်တဲ့ Wrangler Concept အသစ်တွေ မချပြ သေးတာဖြစ်ပြီး All-New Grand Cherokee နဲ့ Gladiator Silhouette တွေကိုတော့ ပြသလာ ခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတာ ကတော့ Gladiator Silhouette ကို QR Code အစိတ်အပိုင်းလေးတွေ အနေနဲ့သာ အနည်းငယ် လောက်ပြသထားပြီး Scan ဖတ်ကြည့်ရင်လည်း လောလောဆယ် အထိတော့ ထူးထူးခြားခြား မတွေ့သေးတာကြောင့် ဘာတွေများ ထူးလာ ဦးမှာလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါ။ Jeep က ဘယ်လို အိုင်ဒီယာမျိုးနဲ့ စီစဉ်ထားတာလဲ ဆိုတာကလည်း မသိရသေးတာကြောင့် စိတ်ဝင်စားဖို့တော့ ကောင်းနေပြန် ပါတယ်။ Jeep Performance Parts ဆိုတဲ့ တံဆိပ်ကိုလည်း ကားမှာ တစ်ခါတည်း ထည့်ထားတာကြောင့် သဲလွန်စပေးထားသလိုတော့ ဖြစ်နေပြီး လမ်းကြမ်းမောင်း ပိုင်းဆိုင်ရာ ပစ္စည်း အစုံအလင်ကိုတော့ ပြသလာ မယ် ဆိုတာ သေချာနေပါတယ်။ Grand Cherokee ကား အနေနဲ့ဆိုရင်တော့ 4xe Plug-In Hybrid ကား တစ်စီး ဖြစ်လာမယ်ဆိုတာ သေချာသလောက် ရှိလို့နေပါတယ်။

Photo Credit: CARBUZZ

အခု Concept တွေထဲမှာ မြင်ရတဲ့ အပြာရောင်လဲ့လဲ့ ဒီဇိုင်းကတော့ စိတ်လှုပ်ရှားစရာ အကောင်း‌ဆုံး ပုံရိပ် တစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် တရားဝင် ပြောကြားချက်တွေအရ ဆိုရင်လည်း 4xe လျှပ်စစ် SUV Jeep ကားက ဘယ်လို လမ်းကြမ်းတွေမှာမဆို သွားနိုင်မယ့်ကားဖြစ်လာနိုင်ပြီး ပြပွဲကျင်းပမယ့် Moab ရဲ့ လမ်း ကြောင်းတွေမှာ မောင်းပြ နိုင်မယ့်အပြင် Zero Emissions အပိုင်းကို ကောင်းကောင်း သွားနေတယ်ဆိုတဲ့ Jeep ရဲ့ ရည်မှန်းချက် တွေကိုလည်း ပြသရာ ရောက်တယ် လို့သိရပါတယ်။ အဆိုပါ ကားတွေနဲ့ ပတ်သက် လို့တော့ လာမယ့် အပတ်တွေထဲ ပိုများတဲ့ Teaser ပုံရိပ် တွေကို ဆက်လက် မြင်တွေ့လာရဖို့ ရှိပါတယ်။ ဒါကြောင့် လာမယ့် ဧပြီလမှာ မြင်ရတော့မယ့် လမ်းကြမ်းမောင်းကားအမျိုးမျိုးကလည်း ဘယ်လိုမျိုး ထူးခြား ဆန်းသစ်တဲ့ Jeep ရဲ့ လက်ရာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်သွား ရတော့မှာပါ။

Ref: carbuzz.com