ကားသစ် ဝယ်ယူသူတွေ အတွက် ကားတွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဘယ်လောက်ကောင်းလဲ မာလဲ ဆိုတာ ကို သေချာ ကြည့်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ လက်ရှိအချိန်အထိလည်း တစ်ချို့သော ကားကုမ္ပဏီတွေ ကတော့ ပိုင်ရှင်တွေ အဖို့ လုံခြုံရေးပိုင်းမှာ လှည့်ကြည့်ချင်စရာ မလိုလောက်အောင်ကို ဖန်တီးပေးထား နိုင် ခဲ့သလို တစ်ချို့ကလည်း ဝယ်ယူ သူတွေရဲ့ ယုံကြည်မှုကို ရဖို့တောင် ကြိုးစားနေရတာတွေ ရှိပါသေးတယ်။ ဒီနေရာမှာတော့ General Motors တို့လည်း ပါဝင်နေပြီး ယခင်က အခုလိုမျိုး ယုံကြည်စိတ်ချရတဲ့ ကား တွေဖြစ်ဖို့ အတော် ရုန်းကန်ခဲ့ရကာ အခုတော့ အကောင်းဘက်ကို ပြောင်းလဲလာနိုင်ခဲ့ပါပြီ။ အခုဆိုရင် Consumer Reports က လာတဲ့ သတင်းတွေ အရတော့ 2022 Chevrolet Blazer ကားသစ်ဟာ လုံခြုံ စိတ်ချရဆုံး ဆိုတဲ့ SUV ကားတွေထဲက တစ်စီး အပါအဝင် ဖြစ်တယ်လို့ သိလိုက် ရပါတယ်။ Chevrolet ရဲ့ အဆိုပါ ကားသစ်ကတော့ လက်ရှိ SUV တွေထဲ အလုံခြုံ စိတ်အချရဆုံး ဖြစ်နေတဲ့ မဟာ ပြိုင်ဘက် Lexus RX ထက်ကို တစ်နေရာပဲ အားနည်းကာ ယေဘုယျ အမှတ် ၈၂ အထိကို ရနိုင်ခဲ့တာ ပါပဲ။ ယုံကြည် စိတ်ချ ရမှု မှတ်တမ်းမှာလည်း Lexus လိုပဲ ၅ မှတ်မှာ ၄ မှတ် ရခဲ့သလို သိသိသာသာ တိုးတက်လာတာ ဖြစ်တယ် လို့လည်း ဆိုရမှာပါ။ ၂၀၁၉ ခုနှစ်တုန်းကဆိုရင် အဆိုပါ  SUV အနေနဲ့ ယုံကြည်စိတ်ချရမှု အပိုင်းမှာ သာမန် ပဲ ရှိခဲ့ သလို အခု ၂၀၂၀ နဲ့ ၂၀၂၁ တို့ကစလို့ အဆင့်မြှင့်တင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

လက်ရှိ မှာတော့ အဆိုပါ Blazer အတွက်ကို Chevrolet တို့ လျှပ်စစ်ကား မျိုးကွဲလည်း ဖန်တီးနေသလို လာမယ့် ၂၀၂၃ မော်ဒယ် အသစ် အတွက်လည်း ဖန်တီးနေပါတယ်။ ဒါကြောင့် Blazer ရဲ့ နောက်ထွက် အသစ်တွေ ကလည်း အခုလို မျိုး ယုံကြည် စိတ်ချရမှုမှတ်တမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်မလား ကြည့်ကြည့်ရမှာပါ။ လက်ရှိမှာတော့ General Motors လက်အောက်က ကားတွေထဲ အယုံကြည်ရဆုံး အဖြစ် Cadillac XT 5 နဲ့ အတူတူ ရပ်တည်ထားနိုင် ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ နောက် အနီးကပ်ဆုံး ပြိုင်ဘက်ကတော့ Kia Telluride ဖြစ်ပြီး မှတ်တမ်းတွေ အရတော့ ၉၇ မှတ် ရတယ်လို့ သိရပါတယ်။ Telluride ဆိုတာကလည်း လူကြိုက် အများဆုံး SUV တွေထဲက တစ်စီး ဖြစ်သလို Kia ကိုယ်တိုင်ကလည်း အဆင့်မြှင့်တင်နေဆဲဖြစ်လို့ ဆက်ပြီး တိုးတက်လာဖို့ပဲ ရှိနေပါတယ်။ Toyota Highlander ကလည်း စုစုပေါင်း ၈၈ မှတ် နဲ့ ရလဒ် ကောင်းတယ် ဆိုပေမယ့် တစ်ချို့အပိုင်းတွေမှာတော့ ပိုပြီး စိတ်ချ ရဖို့ လိုနေ သေးတာ တွေ့ရမှာပါ။

Photo Credit: CARBUZZ

အခုလို ထိပ်တန်း ရပ်တည်နေတဲ့ ကားတွေရဲ့ နောက်မှာတော့ Overall 64 မှတ် နဲ့ 2022 Hyundai Santa Fe ရှိနေပြီး သာမန်အောက် လျော့နည်းတဲ့ အဆင့်လို့ သတ်မှတ်ခံထား ရပါတယ်။ ဒါ့အပြင် အဆိုးဆုံး ရလဒ် ကို ပိုင်ဆိုင်ခဲ့ရတာ ကတော့ Ford Explorer ပဲ ဖြစ်ပြီး Overall 47 မှတ်ပဲ ရနိုင်ခဲ့တာပါ။ အနည်းဆုံးတော့ အခုအောက်ခြေနားက ကား တစ်ချို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း တိုးတက်လာတဲ့ Tesla ကိုတောင် ယှဉ်မရတော့တာပဲ ဖြစ်ပါတယ်။ အခု ရလဒ်တွေ အတွက်ကိုတော့ Consumer Reports က ကားအစီးရေ ပေါင်း ၃၂၀,၀၀၀ လောက်ကို မှတ်တမ်း ကောက်ယူကာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကား အစိတ်အပိုင်းတွေရဲ့ စိတ်ချရမှု ၊ အဆင်ပြေပြေ သက်တောင့်သက်သာ ရှ်ိမှုတွေကိုလည်း ထည့်သွင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါ တယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အခု Blazer ကားအသစ်က J.D power က ထုတ်ပြန်တဲ့ စိတ်ချရမှု မှတ်တမ်းမှာလည်း ရလဒ်တူပဲ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မှတ်တမ်းမှာလည်း Overall Score 84 မှတ်ရခဲ့တာပဲ ဖြစ်ပြီး ဒီတစ်ခါမှာတော့ Nissan Murano ရဲ့ နောက်မှာ ရပ်တည် နိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com