2022 Chevrolet Colorado ZR2 ကားကတော့ လမ်းကြမ်းပိုင်းမှာ အတော်လေး ထူးခြားကောင်းမွန်တဲ့ ကားတစ်စီး ဖြစ်စေဖို့ အတွက် Specialty Vehicle Engineering ( SVE ) နဲ့အတူ အကောင်းဆုံး ဖန်တီးလာတာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သူ့ထက် ပိုကြီးတဲ့ Ram 1500 TRX ကားကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ဖို့ပါပဲ။ အခု ဆိုရင်တော့ အဆိုပါ ကားကိုမှ SVE ရဲ့ Colorado ZR2 Xtreme OFF-ROAD ကားကို ချပြနိုင်ခဲ့ပြီး 5.3 Liter Supercharged V8 Engine ကို သုံးထားကာ စွမ်းဆောင်ရည်ပိုင်းကတော့ 750 hp နဲ့ 600 lb-ft Torque အထိကို ရှိလို့ နေပါတယ်။ သေချာတာကတော့ အခု စွမ်းဆောင်ရည်က TRX ထက်ကို ပိုပြီးများနေတယ် ဆိုပေ မယ့် hp ပဲ များတာဖြစ်ပြီး Torque ကတော့ အနည်းငယ် လျော့ပါတယ်။ ဒါ့အပြင် 8-Speed Automatic Transmission ဂီယာ နဲ့ အတူ Four-Wheel Drive စနစ်တို့ကိုပါ ပေါင်းစပ် ထည့်ပေးထားတာကြောင့် လမ်းကြမ်းမောင်းနှင်ရတဲ့ စွမ်းဆောင်ရည် ပိုင်းကတော့ အတော် လေး နှစ်သက်စရာ ကောင်းနေတော့မှာပါ။
သာမန် Crew Cab/Short Bed ZR2 အပေါ်မှာ အခြေခံပြီး အခု Tuning ပြန်လုပ်ထားတဲ့ ကားသစ်ကတော့ BDS ၄ လက်မအရွယ် Suspension စနစ်ကို သုံးထားပြီး ဒါဟာလည်း မူလကားရဲ့ Multimatic DSSV ဆိုတဲ့ Dampers တွေ ကို အခြေခံ ပြုပြင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေအတွက် Heavy Duty Traction တွေကိုလည်း ထပ်မံထည့်သွင်း ပေးထားပြီး အဆင့်မြှင့်တင်ထားတဲ့ 6-Piston Front Caliper တွေ ၊ ၁၃.၆ လက်မအရွယ် Vented Rotors တွေကိုလည်း ဘရိတ်စနစ် ပိုကောင်း အောင် ထည့်ပေးထားပါသေးတယ်။ မူလ ကားမှာ ကတည်းကိုက ကားရဲ့ အပြင် ဒီဇိုင်းပိုင်းက အတော်ဆွဲဆောင်မှုရှိရှိ ကြမ်းပြီးသား ဖြစ် တာကြောင့် အခု Tuning ပြန်လုပ် ထားရာမှာတော့ နောက်တွဲရဲ့ လေးပုံတစ်ပုံလောက်ကိုပဲ Graphic တွေ ထပ်ထည့် ပေးထားပြီး ၊ ဘီး တွေကိုလည်း ကိုယ်ပိုင် အသစ်တွေ ပြောင်းထည့်ပေးထားပြီး Xtreme ဆိုတဲ့ တံဆိပ်တွေကိုလည်း တံခါးတွေ ၊ Grille နဲ့ Tailgate တို့မှ ထည့်ပေးထားပါတယ်။ ဒါ့အပြင် အတွင်းခန်းမှာ ဆိုရင်လည်း Leather Package ကို ရွေးချယ်လို့ရအောင် စီစဉ်ပေးထားပြီး Bed Mounter Full Size Spare ၊ LED Light Bar နဲ့ ဆန့်ထုတ်လို့ရတဲ့ Side Steps တွေလည်း ပါဝင်ပါတယ်။
SVE ကတော့ အခု အထူးပြင်ဆင် ထုတ်လုပ်ထားတဲ့ ကားအတွက် ဈေးနှုန်း အတိအကျ မသိရသေးပဲ လာမယ့် ၂၀၂၂ မော်ဒယ်အတွက်ကိုပဲ အစီးရေ ၅၀ လောက်ပဲ ထုတ်လုပ်မှာပါ။ ဒါ့အပြင် အခုကားရဲ့ Supercharged V8 Engine ကို ပဲ Colorado ရဲ့ GMC Canyon ကားမှာပါ ထည့်သွင်းဖန်တီးဖူးသေးပြီး လမ်းကြမ်းပိုင်းအစား GMC Syclone ဆိုတဲ့ နာမည်နဲ့သာ ဖန်တီးပေးထား တာဖြစ်ပါတယ်။ မူလ Colorado ကားကတော့ အခု 2022 Model အနေနဲ့ အဆင့်မြှင့်တင်မှု တစ်ချို့ကို ရရှိထားတာ ဖြစ်ပြီး Trail Boss ဆိုတဲ့မော်ဒယ် အသစ်တွေကိုလည်း ရရှိထားပါတယ်။ ဒီဇိုင်းပိုင်း လုံးဝ အပြောင်းအလဲ ဖြစ်လာနိုင်မယ့် Colorado ကားကိုတော့ လာမယ့် ၂၀၂၃ လောက်ရောက်မှသာ မြင်ရနိုင် ပါတယ်။ အဆိုပါ Redesigned ကားသစ်အပြင် လက်ရှိ ZR2 ရဲ့ Version အသစ်ကားတွေရဲ့ Prototype တွေကိုပါ လက်ရှိမှာ စမ်းသပ်နေ တဲ့ အဆင့်တွေကို မြင်နေရပြီပဲ ဖြစ်ပါတယ်။
Ref: MotorAuthority