လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက တည်ငြိမ်နေတဲ့ ကမ္ဘာတစ်ဝန်းကို ကောင်းကောင်း ရိုက်ခတ်ခဲ့တဲ့ ကိုဗစ် ကပ်ရောဂါ ကတော့ အခု အချိန်အထိကို လုံးဝအဆုံးမသတ်နိုင်သေးပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ကိုဗစ်ကပ် ရောဂါ နဲ့ကြောင့် ဖျက်သိမ်း လိုက်ရတာတွေ ရွှေ့ဆိုင်း လိုက်ရတာတွေစတဲ့ ပွဲတွေထဲမှာ ကားလောကအ တွက် အရေးပါတဲ့ ကားပြပွဲတွေလည်း အတော်များများ ပါသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကနဲ့ အခြားနိုင်ငံ အတော်များများမှာ ပုံမှန် အခြေအနေနီးပါး ပြန်ရောက်လာနိုင်ခဲ့ပြီ ဖြစ်လို့ ကားပြပွဲတွေလည်း ပြန်လည် ပြသနေနိုင်ခဲ့ပါပြီ။ ဥပမာ ပြရမယ် ဆိုရင်တော့ နယူးယောက် ကားပြပွဲကြီး ကို အခု ဧပြီ လမှာပဲ စည်စည်းကားကား ပြန်ကျင်းပတော့မှာ ဖြစ်ကာ ၂ နှစ် လောက် ရပ်ထားခဲ့ရတဲ့ နာမည်ကျော် ပွဲကြီးလည်း ဖြစ်ပါတယ်။ ဒီသတင်းက သတင်းကောင်းဖြစ်ပေမယ့်လို့ တစ်ဖက်မှာတော့ တရုတ်ပြည်အတွက် သတင်းဆိုး တစ်ခုရှိလို့နေပါသေးတယ်။ အဲ့ဒါကတော့ ၂၀၂၂ ခုနှစ် ပေကျင်းကားပြပွဲကြီးကို တရုတ်နိုင်ငံတွင်းတစ်ကျော့ ပြန်မြင့်တက်လာတဲ့ ကိုဗစ်ပိုးတွေကြောင့်‌ ရွေ့ဆိုင်းရတော့မလို ဖြစ်နေတာပါပဲ။

Photo Credit: CARBUZZ

Automotive News China ရဲ့ ဖော်ပြချက်အရတော့ အခုပွဲကို ရွှေ့ဆိုင်းဖို့ အစီအစဉ်တွေ ရှိနေတယ်လို့ သိရပြီး တစ်ချို့ သော အတွင်း သတင်းတွေ ကလည်း လာမယ့် ဇွန်လ အထိကို ရွှေ့ဆိုင်းဖို့ ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။ လက်ရှိ တရုတ်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေကတော့ ကပ်ရောဂါရယ်လို့ စတင် တွေ့ရှိ လိုက်ကတည်းက စပြီး အဆိုးဆုံး အခြေအနေ ဖြစ်နေတာပါ။ လက်ရှိမှာတော့ Lockdown ချနေရတာတွေ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး စည်းမျဉ်း တွေ ကို တင်းတင်းကြပ်ကြပ် ချထားရတာတွေနဲ့ လုံးပမ်းနေရပြီး လူစုလူဝေးကြီးတွေ မဖြစ်အောင်လည်း လိုက်လံ တားမြစ် နေရတဲ့ အနေအထား ဖြစ်ပါတယ်။ အခုလို ပွဲကို ရွေ့ဆိုင်းဖို့ အတွက် ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းတွေက နားလည်လို့ ရပေမယ့်လည်း အခုပွဲ မှာ စတင် ချပြတော့မယ့် BMW i7 နဲ့ 7 Series အသစ်‌တွေ အတွက်တော့ နှမြော စရာပါ။ ဒါပေမယ့် အဆိုပါ 7 Range ကားအသစ်တွေ အတွက်ကိုတော့ လာမယ့် နယူးယောက် ကားပြပွဲမှာ မြင်တွေ့လာ ရနိုင်ပါတယ်။ ဒါ့အပြင် အခု ပေကျင်းပွဲမှာ ချပြဖို့ စီစဉ်ထားတဲ့ Mercedes-Benz ရဲ့ EQS Electric SUV အတွက်ကို လည်း နောက်ထပ် အစီအစဉ်တစ်မျိုး ပြောင်းဆွဲရတော့မယ့် သဘောပါပဲ။

Photo Credit: CARBUZZ

ဒါပေမယ့် တစ်ခုတော့ ရယ်စရာလိုလို ဖြစ်နေရတာက ၂၀၂၀ မှာ တစ်ကမ္ဘာလုံးက ကားပြပွဲတွေ အကုန် ရပ်တန့် လိုက်ရပေမယ့် ပေကျင်း ကားပြပွဲ ကြီးက ပုံမှန်အတိုင်း ကျင်းပထားနိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ ပြောင်းပြန် ဖြစ်နေရတာပါ။ အခုလို ပွဲမရှိတော့လို့ ကမ္ဘာ တစ်ဝန်းလုံးက ပရိသတ်တွေ မရောက်လာနိုင်တဲ့ အချိန် မှာ Lockdown တွေ ကြားထဲက တစ်ချို့တွေ တစ်နည်းတစ်ဖုံ နဲ့ ခံစားချင်ရင် ခံစားလို့ ရအောင် ကုမ္ပဏီတစ်ချို့က ကြံဖန်စီစဉ်လာခဲ့ ပါတယ်။ အဲ့ဒါ ကတော့ ဥပမာ ပြရရင် Porsche က Beijing Stand ဆိုတဲ့ ပုံရိပ်ယောင် ပြပွဲတစ်ခုကို စီစဉ်ပေးထားပြီး ကားအသစ်ကို ဖုန်းနဲ့ ကွန်ပြူတာကနေ တစ်ဆင့် တိုက် ရိုက် ကြည့်နိုင်အောင် လုပ်ပေးထားပါတယ်။ တကယ်လို့သာ အခု ပွဲပျက်တာ သေချာသွားပြီ ဆိုရင်တော့ အခု နှစ် နှောင်းပိုင်းလောက်ကို ရက်ရွှေ့သွားနိုင်ပြီး မကြာဖို့ မျှော်လင့် နေကြတာကြောင့် တရုတ်ကား ဈေးကွက်က ကားကုမ္ပဏီတွေအတွက် တဖြည်းဖြည်း နဲ့ အရေးပါဆုံး ဈေးကွက် တစ်ခု ဖြစ်လာနေတယ် ဆိုတာ သိသာလာ စေခဲ့ပါပြီ။

Ref: carbuzz.com