သီးသန့်ဆန်တဲ့ ဒီဇိုင်း အသွင်အပြင် တစ်ချို့နဲ့ အတူ သီးသန့်ထုတ်ပေးမယ့် 2022 Audi RS 7 ရဲ့ Exclusive Edition Trim ကားတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ သီးသန့်ဆိုတဲ့ အတိုင်းပဲ အစီးရေကလည်း ၂၃ စီးပဲ ထုတ်လုပ် ထားမှာဖြစ်ကာ အခုလာမယ့် နွေရာသီနှောင်းပိုင်း လောက်မှာတော့ ဈေးကွက်ထဲ ရောက်ရှိ လာနိုင်ပါတယ်။ အဆိုပါ အထူးထုတ် Fastback ကားကတော့ Mamba Black Pearl ဆိုတဲ့ ပုလဲနက် ရောင်ကို သုံးထားပြီး အောက်ခံ အပြာရောင်နဲ့ ပေါင်းပေးထားတယ်လို့ Audi က ဆိုပါတယ်။ အဆိုပါ အနက် ရောင် Theme အပြင်အဆင် တွေကိုတော့ Standard Black Optic Package အနေနဲ့ ဆက်လက် ဖန်တီး ယူထားပြီး ကားရဲ့ အပြင်ဘက်က တံဆိပ်တွေကိုပါ အနက်ရောင်ပဲ ပြုလုပ် ပေးထားတာပါ။ ဒါတင်မကသေး ပဲ Carbon Optic Package အနေနဲ့ ကာဗွန်ဖိုက်ဘာ အနက်ရောင် အရှေ့ဘက် Spoiler အပိုင်း ၊ အနောက် ဘက်က Diffuser နဲ့ ဘက်မှန်တွေကိုပါ အနက်ရောင် ပြောင်းပေးထား လိုက်တာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု အထူးထုတ် ကားမှာတော့ Audi ရဲ့ လေဆာမီး Headlights တွေကို ထည့်ပေးထားပြီး သီးသန့်ဆန်တဲ့ ၂၂ လက်မ အရွယ် ဘီးတွေကိုလည်း နွေရာသီသုံး Performance တာယာတွေနဲ့ တွဲဖက်ပေးလိုက်တာ ဖြစ် ပါတယ်။ ဒါ့အပြင် Sports အိတ်ဇောစနစ်နဲ့ ကာဗွန် Ceramic ဘရိတ်တွေကိုလည်း အခုကားသစ်မှာ တစ်ပါ တည်းထည့်ပေးထား လိုက်တာပါ။ အတွင်းခန်းကို ဆက်ကြည့်မယ် ဆိုရင်တော့ အနက်ရောင် လယ်သာနဲ့ Dinamica Upholstery တွေကို မှ Sepang Blue အရောင်ကွဲ လိုင်းလေးတွေနဲ့ ဖန်တီး ပေးထားကာ ထိုင်ခုံ တွေ အပြင် ၊ Extended Leather Package ကိုလည်း တံခါးဘောင်တွေ ၊ အလယ်က Console နေရာနဲ့ အပေါ်ဘက် တံခါးဘောင်တွေ ၊ Dashboard အပေါ်ဘက် တွေအထိ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

လက်ရှိ RS 7 ကားတွေကတော့ 2021 Model အနေနဲ့ ထွက်ထားတာဖြစ်လို့ Twin-Turbocharged 4.0 Liter V8 Engine ကို သုံးထားပြီး စွမ်းဆောင်ရည် ပိုင်းကတော့ 591 hp နဲ့ 590 lb-ft Torque အထိကို ရှိနေပါတယ်။ အခု သီးသန့် အထူးထုတ် မှာလည်း ဒီတိုင်းပဲဖြစ်ပြီး 8-Speed Automatic ဂီယာနဲ့ Quattro All-Wheel Drive စနစ်တို့ ပါဝင် လာပါတယ်။ ဒါ့အပြင် ကားရဲ့ V 8 Engine ကြောင့် တစ်နာရီမိုင် ၆၀ အထိ အရှိန်တင်ဖို့ဆိုရင် ၃.၅ စက္ကန့် ပဲ အချိန်ယူရ သလို အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၁၉၀ အထိကို ရှိလာမှာပါ။ ကိန်းဂဏန်း အချက်အလက်တွေ အရ အတော်လေးကို အထင်ကြီးစရာ ဖြစ်နေပေမယ့် တကယ်တမ်း လက်တွေ့ မောင်းကြည့်ရင်တော့ လက်ရှိ မျိုးဆက် RS 7 တွေက ယခင် မော်ဒယ်အဟောင်း တွေ လောက်တော့ အရမ်းကြီး မကောင်းတာ တွေ့နေရပါတယ်။ 2022 Audi RS 7 Exclusive Edition အထူးထုတ်တွေကတော့ ဈေးနှုန်းအနေနဲ့ $ 166,495 ကျသင့်တာ ဖြစ်ပြီး Base RS 7 Model ထက်စာရင် $ 47,900 လောက်ကိုပိုများလာတာပဲဖြစ်လို့ သီးသန့်ဆန်တဲ့အရသာတွေအတွက် သီးသန့်ဈေးပဲ ပေးရတယ် လို့ ဆိုရမှာပါ။

Ref: MotorAuthority