အထူးထုတ် လုပ်ထားတဲ့ 2021 Nissan GT-R50 ကား အစီးရေ ၁၉ စီးထဲက ၁၁ စီး မြောက် ကားကိုတော့ ကနေဒါ ရဲ့ Legendary Motocar Company ကနေ ရောင်းချတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ အဆိုပါ ကားဟာ Nissan နဲ့ Italdesign တို့ ပူးပေါင်း ဖန်တီးထားတဲ့ အထူးထုတ်ဖြစ်ပြီး GT-R ကားမော်ဒယ်ရဲ့ နှစ် ၅၀ ပြည့် အမှတ်တရ ဖန်တီးထားတာလည်းဖြစ်ပါတယ်။ အဆိုပါ ကား Concept ကို ၂၀၁၈ ခုနှစ် ကတည်းက မိတ်ဆက်ခဲ့ပြီး အဆိုပါ နှစ် နှောင်းပိုင်းမှာ ပဲထုတ်လုပ် ဖို့ အတည်ပြုနိုင်ခဲ့ကာ ရောင်းဈေးကတော့ ဒေါ်လာ ၁.၁ သန်း အထိ စတင် သတ်မှတ်ခဲ့တာပါ။

Photo Credit: MotorAuthority

တကယ်တော့ ဒီ ပမာဏ က Nissan GT-R အတွက် ဆိုရင်တောင် အတော်လေးများလွန်းတဲ့ ပမာဏလို့ပဲ ယူဆစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် အခု GT-R50 မှာ ထူးခြားတာကတော့ Italdesign ရဲ့ သူမတူတဲ့ ကိုယ်ထည် အချိုးအစားအပြင်အဆင်တွေပါပဲ။ အဆိုပါ Nissan အထူးထုတ် ကားသစ်တွေ အကုန်လုံးကို Italdesign ကနေ လက်မှုနဲ့ပဲ ဖန်တီး ပေးထားလိုက်တာပါ။ ကားတွေကိုတော့ ငွေရောင် Metallic လေးတွေ နဲ့ ဖန်တီးပေးထားပြီး ဆေးရောင် အတွက်တင်ကိုပဲ $ 25,000 လောက် အထိပေးရဖို့ ရှိတယ်လို့ သိရပါတယ်။ ပုံမှန် GT-R ကားကိုယ်ထည်ကို ပြန်ပြီး ပြင်ဆင် ထိန်းသိမ်းရတာ အတော်လေး လက်ဝင်တာဖြစ်ပြီး အမိုးကိုလည်း ၂.၁ လက်မ လောက်အထိ နှိမ့်ကာ အနောက်ဘက် တံခါးတွေကိုလည်း ဒီဇိုင်းပြန်ပြင်ထားတာကြောင့် ကားကပြေပြေလေး နိမ့်ဆင်းသွားတဲ့ ပုံပေါက်သွားပါတယ်။ အရှေ့ နဲ့ အနောက်ဘက်တွေကတော့ ပုံမှန်ကားနဲ့ လုံးဝကိုမတူတော့တဲ့အထိ ကွဲပြားသွားခဲ့ပြီး သိသာတဲ့ တစ်ချို့အပိုင်းတွေ အနေနဲ့ဆိုရင် Taillight က ၄ ခုအထိ ဖြစ်သွားတာ၊ ကိုယ်ထည် ကသိသိသာသာကို ကြွရွ နေတာနဲ့ အလိုအလျောက် အတင်အချ လုပ်လို့ရတဲ့ အနောက်ဘက် အတောင်ပံတို့ကို မြင်ရမှာပါ။

Photo Credit: MotorAuthority

မူလ GT-R ကတော့ 3.8 Liter Twin Turbo V6 အင်ဂျင်ဖြစ်ပေမယ့် အခု ကားမှာတော့ Tuning ပြန်လုပ်ထားတာ ကြောင့် 710 hp နဲ့ 585 lb-ft Torque အထိကို စွမ်းဆောင် ထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ယခင် GT-R Nismo မူလကားထက် စာရင် 110 hp နဲ့ 104 lb-ft Torque အထိကို ပိုမြင့်တက်သွားတာပါ။ အခုလို ပိုကောင်းလာတဲ့ စွမ်းဆောင်ရည် တွေကတော့ Turbocharger တွေကြောင့် ဖြစ်ပြီး GT-R GT3 ပြိုင်ကားတွေထဲကအတိုင်း တပ်ဆင် ပေးလိုက်တာ ဖြစ်ကာ အင်ဂျင်ရဲ့ အတွင်းပိုင်းတွေ ၊ ပိုကြီးတဲ့ Intercooler တွေ ၊ Intake နဲ့ အိတ်ဇောစနစ်အသစ် တွေကိုပါ ပေါင်းထည့်ပေးထား သေးတာပဲ ဖြစ်ပါတယ်။ Nissan နဲ့ Italdesign တို့ကတော့ အခု အထူးထုတ် GT-R50 ကားတွေကို မူလကအစီးရေ ၅၀ အထိ ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အခုထိတော့ ၁၉ စီးပဲ ထုတ်လုပ်ဖြစ်ခဲ့တာ ကြောင့် မူလ GT-R တွေ ထက်ကို သိသိသာသာ ရှားပါးနေတော့မယ့် ကားတွေ ဖြစ်ပါတယ်။

Ref: MotorAuthority