Hyundai ရဲ့ Ioniq 5 လျှပ်စစ် ကားသစ်လေးကတော့ ဥရောပ ဈေးကွက်အတွက် Mid-Cycle Update ကို ‌ထုတ်ပေးလိုက်ပြီဖြစ်ပြီး ပိုကြီးတဲ့ ဘက်ထရီ ပမာဏပါဝင်လာတာ ဖြစ်ပါတယ်။ အခြားသော အဆင့်မြှင့်တင် ပေးမှု အသေးအမွှားလေးတွေပါ ပါတယ်ဆိုပေမယ့် Hardware ပိုင်းကိုပဲ ပိုပြီးအလေးပေး ပြုပြင်ပေးလာ တာတွေ့ရမှာပါ။ အခု ဆိုရင်တော့ ဥရောပအတွက် ကားအသစ်မှာ ယခင်စထွက်ခါစက အမေရိက ဈေးကွက် အတွက် ကားလိုမျိုးပဲ 77.4 kWh Battery ကို ရွေးချယ်စရာ အဖြစ် ရရှိလာပြီ ဖြစ်ပြီး ယခင် 72.6 kWh Battery ရွေးချယ်စရာ နေရာမှာ ပြောင်းလဲ ပေးလိုက်တာ ဖြစ်ကာ အခြေခံ ဘက်ထရီကတော့ 58 kWh ပမာဏပဲ ဖြစ်ပါတယ်။ ဘက်ထရီ ပိုကြီး လာတာ ကြောင့် စွမ်းဆောင်ရည်ကလည်း 11 kWh လောက် ပိုမြင့် လာသလို Range ကလည်း ၃၁၅ မိုင် အထိကို ရှိလာတာပါ။ ဒါပေမယ့်လည်း Heat Pump ကိုကတော့ စံအနေနဲ့ ထည့်ပေးလာတာမျိုး မဟုတ်ပဲ ယခင်လိုပဲ ရွေးချယ် စရာ အဖြစ်ပဲ အပိုဆောင်း ပေးထားပါသေး တယ်။

Photo Credit: motor 1.com

နောက်ထပ် အဆင့်မြှင့်တင်မှုကောင်း တစ်ရပ်အနေနဲ့ကတော့ ကားဘက်ထရီကို အပူအအေးထိန်းညှိ ပေး နိုင်မယ့် စနစ် ပါဝင်လာတာ ဖြစ်ပြီး ခရီးသွားနေရင်း အားသွင်းတာ မျိုးတွေမှာလည်း ကားရဲ့ ဘက်ထရီ အပူ ချိန်ကို အဆင်ပြေပြေ ဖြစ်အောင် ထိန်းပေးထားနိုင်မှာပါ။ ဒါကြောင့် အားသွင်း ရတာလည်း ပိုပြီး ကောင်းမွန် လာမှာဖြစ်ပြီး ရာသီဥတု ပူပူအေးအေး ပိုကောင်းတဲ့ အားသွင်းပုံစံ တစ်ခုကို ဖန်တီး ပေးထားနိုင်တော့မှာပါ။ အဆိုပါ စနစ်ကတော့ ကား ရဲ့ လမ်းညွှန်စနစ်ကနေ အမြန် အားသွင်းစနစ်ရှိရာ နေရာကို ဝင်ပြီဆို ကတည်း က အလိုအလျောက် စတင် အလုပ်လုပ် တော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

နောက်တစ်ချက်ကောင်းလာတာကတော့ Video ကို အခြေပြုကာ ဖန်တီးထားတဲ့ အလယ်တည့်တည့်က မှန်စနစ် ပါပဲ။ ကားရဲ့ အနောက်ဘက် Spoiler မှာ တပ်ဆင်ထားမယ့် ကင်မရာကနေ တစ်ဆင့် ကားရဲ့ အနောက်ဘက် မြင်ကွင်း ကျယ်ကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပဲ ဘေးဘက် ဘက်ကြည့်မှန်တွေကိုလည်း ဒီဂျစ်တယ် Video စနစ်နဲ့ ရနိုင်ပြီဖြစ်ပြီး Hyundai ရဲ့ ဥရောပ ဈေးကွက်အ တွက်တော့ ပထမဆုံး သုံးလာတဲ့ နည်းပညာလည်း ဖြစ်ပါတယ်။ ဈေးကွက်ပေါ်မူတည်ပြီး 2023 Hyundai Ioniq 5 ကားသစ်ကို Trim Level ၄ ခု ခွဲ ကာ ရောင်းချ သွားမှာပါ။ ဒါ့အပြင် Namsan Edition ဆိုတဲ့ Range အသစ် တစ်မျိုးလည်း ပါဝင်လာပြီး Flagship ကား တစ်စီး အနေနဲ့ ပါလာတာ ဖြစ်ကာ စွမ်းဆောင် ရည်ပိုင်းတွေလည်း အမြင့်ဆုံး ဖြစ်လာဖို့ ရှိပါတယ်။ ဒါကြောင့် ပိုကြီးလာတဲ့ 77 kWh Battery ရွေးချယ်စရာ ၊ Digital စနစ် နဲ့မှန်တွေအပြင် Panoramic Roof ၊ Heat Pump နဲ့ အခြားသော အဆင့်မြှင့်တင်မှု ကောင်း တွေကို အခုကားအသစ်မှာ စတင် မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com