ကားတွေ ဆိုတာကတော့ အခြားပစ္စည်း တွေထက်စာရင် အချိန်အကြာကြီး အသစ်အတိုင်း ကျန်ရှိနေဖို့ ခက်ခဲ လေ့ရှိပါတယ်။ အထူးသဖြင့် ရာသီဥတု ၊ နေ့စဉ်အသုံး ပြုရမှုနဲ့ မျိုးစုံသုံးကာ ဒဏ်တွေခံရမှုကြောင့် ကားတွေက ဘယ်လောက် ပဲကောင်းကောင်း အချိန်တစ်ခု ကြာလာရင်တော့ ပျက်စီး ယိုယွင်းလာတတ်တာ ကြောင့် ပြန်လည် ပြင်ဆင်ပေးဖို့ လိုအပ်လာ တတ်ပါတယ်။ ဒါပေမယ့် အခု မြင်ရမယ့် 1999 Lexus LS 400 ကား ကတော့ အတော်လေး ကို သက်တမ်းရင့်လာသည့်တိုင်အောင် အသစ်အတိုင်း ထိန်းသိမ်းပေးထား နိုင်တာ တွေ့ရပြီး ဒီလိုဖြစ်အောင် ဖန်တီး ပေးနိုင်တဲ့ ကားပိုင်ရှင် အဆက်ဆက်ဖြစ်တဲ့ အဖေ ဖြစ်သူနဲ့ သား ဖြစ်သူတို့ကို တကယ် ချီးကျူးရမှာပါ။ The Car Care Nut ရဲ့ နောက်ဆုံး တင်ထားတဲ့ Video တစ်ခုမှာ အခု ကား Lexus LS ကို မြင်တွေ့ ရတာဖြစ်ပြီး ကားရဲ့ အတွင်းအပြင် တွေနဲ့ ကားအောက်ပိုင်းတွေပါ အကုန်သေ ချာမြင်ခွင့် ရလိုက်တာ ဖြစ်ပါတယ်။ ကားကို ကြည့်ရတာ ဘယ်လို ကြည့်ကြည့် အတော်လေးကို ပြီးပြည့်စုံ အောင် လှပနေတာ ဖြစ်ပြီး အပြင်ဘက်ကနေ အပြစ်အနာအဆာ ရှာကြည့်ဖို့ ဆိုတာ အတော်လေးကို ခက်ခဲပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့ ဆိုတာကလည်း ပိုင်ရှင်တွေက ကားကို အမြဲဂရုတစိုက်နဲ့ လိုတာ ပြင်ပေးနေလို့ ပါပဲ။

ကားရဲ့ ၂၃ နှစ် ကြာပြီဆိုတဲ့ သက်တမ်းကို ကားရဲ့အပြင်ဘက် အပိုင်းက လုံးဝမပြပေးနိုင်ပဲ Cabin ကို ဝင် ကြည့် လိုက်ရင်လည်း ၂၃ နှစ် ဆိုတာ ပြောလို့သာ ယုံရမယ့် အခြေအနေပါ။ လယ်သာ ထိုင်ခုံတွေက မူလ အတိုင်း အတော် လေးကို အိစက်နေဆဲဖြစ်ပြီး ပွန်းရာခြစ်ရာတောင် မရှိတာက အံ့ဩဖို့ ကောင်းလွန်း နေပါ တယ်။ ကြမ်းခင်းတွေ ကလည်း မူလအတိုင်း ရှိနေရုံ သာမက သုံးထားတယ်လို့တောင် မထင်ရတဲ့ အထိ သန့် ရှင်းနေဆဲပါ။ ဒါ့အပြင် ကားရဲ့ Trim တွေမှာက အစ မြင်သာထင်သာ ရှိလောက်တဲ့ ပွန်းရာခြစ်ရာတွေ ဘာမှ ကို မရှိသေးတာ ဖြစ်ပါတယ်။ အခုလို အသစ်တိုင်း ရှိနေတဲ့ အနေအထားကတော့ Trunk အပိုင်း အထိအဲ့ဒီ အတိုင်းဖြစ်ပြီး မူလကားမှာ ပါထားတဲ့ Tool Kit တွေ အတိုင်း အလုပ်လုပ်နိုင်ဆဲ ဖြစ်ကာ Flashlight လည်း အကောင်းအတိုင်းပါပဲ။ Trunk Mat အခင်း ကတော့ သုံးထားတဲ့ အသွင်ကို မြင်နေရပြီ ဖြစ်ပေမယ့် ကြီးကြီး မားမား မြင်သာတဲ့ အပြင် အနာအဆာတော့ မရှိပြန်ပါဘူး။ ဒါ့အပြင် အင်ဂျင်ကို ဖွင့်ကြည့်လိုက်ပြန်တော့ လည်း ကားက အခုမှစက်ရုံက ထုတ်လာတယ်လို့ကို ခံစားရစေနိုင်တဲ့အထိဖြစ်ပြီး ပလတ်စတစ် ကာဗာလေး တွေ ပါနေသေးတဲ့ အပြင် ကားရဲ့ VIN Sticker လေးတွေကိုက အစ အင်ဂျင် စက်ဖုံး အောက်မှာတွေ့ နေရ ပါသေးတယ်။

Photo Credit: motor 1.com

တကယ်တော့ ကားရဲ့ သက်တမ်းကို မြင်သာထင်သာ ရှိစေတာ ကားအောက််ပိုင်းရောက်မှဖြစ်ပြီး ဒါတောင်မှ အရမ်းကြီး ဆိုးရွားနေတဲ့ အခြေအနေ မဟုတ်ပြန်ပါဘူး။ ကားရဲ့ Suspension ပိုင်းတွေနဲ့ အိတ်ဇောတွေ မျက်နှာ ပြင်တွေ အနည်းငယ်မဲပြီး အဟောင်းဆန်နေပြီ ဖြစ်ကာ ဒါကလည်း သက်တမ်း ၂၄ နှစ် အရွယ် ကား တစ်စီးမှာမျှော်လင့်ထားသင့်တဲ့ အခြေအနေအတိုင်းပါပဲ။ ကျန်တဲ့ ကားကိုယ်ထည်အပိုင်းကတော့ အကောင်း အတိုင်းပဲ ဖြစ်တဲ့အပြင် ကားကတော့ မူလစက်ရုံထုတ်ပေးထားတဲ့ Toyota တံဆိပ်နဲ့ အိတ်ဇောစနစ် အတိုင်း ပဲ အသုံး ပြုထား ပါသေးတယ်။ အခု Video လေးရဲ့ အဆုံးမှာတော့ ကားဟာ အမေရိကန်နိုင်ငံ Lowa နဲ့ Illinois နေရာတွေမှာ အချိန် အတော်ကြာ ရှိခဲ့တယ်လို့ သိရပြီး ဒီနေရာတွေက ရာသီဥတု ခပ်ကြမ်းကြမ်း ရှိတတ်တာကို ကြည့်ခြင်းအားဖြင့် ပိုပြီး အံ့အားသင့်စေခဲ့ ပါတယ်။ ဒါပေမယ့်လည်း နာမည်ကျော် ဇိမ်ခံ Lexus တို့ ဆိုတာ ပိုင်ရှင်ကသာတယုတယနဲ့ သေချာထိန်းသိမ်းထားမယ်ဆိုရင် အချိန်ကာလ ဘယ်လောက် ကြာကြာ ဒီလောက်အထိ ကျန်နေသေးတယ် ဆိုတာကို ဒီကား က ကောင်းကောင်း သက်သေပြလို့ နေပါ တယ်။ ဒါ့အပြင် ဒီကားကတော့ ဂိုဒေါင်ထဲမှာပဲ သိမ်းထားတာမျိုး မဟုတ်ပဲ Odometer ‌ပေါ် က အချက်အ လက်အရ ဆိုရင်တော့ မိုင်ပေါင်း ၁၄၁,၀၀၀ အထိကို မောင်းနှင်ခဲ့ပြီး ဖြစ်လို့နေပါပြီ။

Ref: motor 1.com