အခု ပုံထဲမှာ မြင်နေရတဲ့ 1996 Nissan Nismo GT-R ကားကိုတော့ သာမန် R 33 ကား တစ်စီး အနေနဲ့သာ မြင်ကောင်း မြင်နိုင်ပေမယ့်လည်း JDM Nissan ကားတွေကိုမှ တကယ် ကြိုက်နှစ်သက်ကြတဲ့ သူတွေ အဖို့ကတော့ ၉၀ ခုနှစ် ဝန်းကျင်က တကယ့် အလန်းစား စူပါကား တစ်မျိုးပါပဲ။ အခုဆိုရင်တော့ ပုံထဲက ကားအနေနဲ့ မြောက်အမေရိက ဈေးကွက်ထဲမှာ တစ်စီးတည်း ကျန်တော့တာဖြစ်ပြီး ကမ္ဘာ့ အကြီး ဆုံး GT-R တစ်စီးလည်းဖြစ်လာခဲ့ပါပြီ။ ကားရဲ့ သမိုင်းကြောင်း အရတော့ 1996 မှာ Nissan နဲ့ Nismo တို့ ပူးပေါင်းအပြီး 400 hp အထိ စွမ်းဆောင်နိုင်တဲ့ RB26DETT အင်ဂျင်ကြီးကို Nissan တို့ စတင်အသုံးပြု ကာ ဖန်တီးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်မျိုးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၇ နှစ်လောက် အနေနဲ့ဆိုရင် တကယ်ကို အံ့အားသင့်စရာပမာဏပဲ ဖြစ်ကာရလဒ် အနေနဲ့ ကလည်း အခုမြင်ရတဲ့ကားကို Ferrari F40 တို့ထက် စွမ်းဆောင်ရည် ‌ပိုင်းတောင် ပိုသာစေတဲ့ ကားအဖြစ် မြင်လာရတာပါပဲ။

F40 နဲ့ တကယ်ယှဉ်မယ်ဆိုရင် အခုကားက တန်ဖိုးအရပါ တကယ်မြင့်မားတာဖြစ်ပြီး မကြာသေးမီကမှ လေလံပွဲ တစ်ခုအတွင်းတင်ခဲ့တဲ့ ဈေးအရဆိုရင် $ 757,000 အထိကို ဈေးပေးခဲ့တာ တွေ့ရမှာပါ။ နောက်ပိုင်းမှာတော့ အဆိုပါ 400R ကားကို မောင်းနေဆဲ သူတစ်ဦးကို ဂျပန် ဈေးကွက်ထဲမှာ ရှာတွေ့ခဲ့ပြီး သူ့ရဲ့ကားကတော့ $ 30,000 ဝန်းကျင် တန်ကြေးရှိတာကြောင့် အခု လေလံဈေးကို သိလိုက်ရတဲ့အချိန် မှာ ပိုင်ရှင်ကိုယ်တိုင်လည်း အံ့ဩသွားရပြန်တာ ဖြစ်ပါတယ်။ အဓိက အခုလို ဈေးမြောက်သွားရတာကတော့ ရှားပါးပြီး ထူးခြားတဲ့ကား ဖြစ်နေတာကြောင့်ပါပဲ။ Nissan GT-R စာရင်းတွေအရဆိုရင် လက်ရှိမှာ အစီးရေ ၄၀ လောက်ပဲ ကျန်ရှိတော့တာဖြစ်ပြီး အရောင်း စာရင်းကိုလည်း ရောက်လာခဲနေပြီ ဖြစ်ပါတယ်။ အခု ပုံထဲက ကားလေးကလည်းရှားပါး ငွေရောင်လေးစီးထဲက တစ်စီး ပဲ ဖြစ်ကာ မိုင်ပေါင်း ၂၀,၀၀၀ အောင်အထိပဲ မောင်းထားရသေးတာပါ။ အခု ကားကတော့ ကနေဒါမှာရှိတဲ့ ကား စုဆောင်သူ ပိုင်ရှင်တစ်ဦးဆီက ဖြစ်ပြီး သိရသလောက်ကတော့ မြောက်အမေရိကမှာ သူတစ်စီးပဲ ရှိတော့တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

တကယ်တော့ အခုလို ရှားပါး Nissan GT-R Nismo R400 ကားကို ပိုင်ဆိုင်ဖို့ ကြိုးစားရတာဟာ တကယ်ကို စိတ်ရှည်ရမယ့် အပြင် တော်ရုံငွေကြေးတတ် နိုင်မှုမျိုးနဲ့လည်း မရနိုင်ပြန်တာတော့ သေချာပါတယ်။  လက်ရှိ မှာတော့ လေလံထဲက ဝယ်ယူသူ တစ်ယောက်ထံ လေလံအောင်ခဲ့ပြီဖြစ်ပြီး အဆိုပါပိုင်ရှင်သစ်ကလည်း အတော်လေး ပျော်နေလောက်ပါပြီ။ ဒါပေမယ့်တစ်ဖက်မှာ Nissan Skyline လို ကားမျိုးကို ရှာနေတယ် ဆိုရင်တော့ နာမည်ကျော် JDM ကားတွေ ဖြစ်တာ ကြောင့် အနည်းဆုံး တစ်ဒါဇင်လောက်တော့ ရနိုင်သေးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com