သင်က အခုချိန်မှာ အသက်လေးလည်း ရလာလို့ လူလတ်ပိုင်းလောက် ရောက်နေပြီး ၁၉၉၀ လောက်တုန်း က ကားတွေရဲ့ အရသာကို ပြန်တမ်းတမိတယ် ဆိုရင်တော့ Honda CRX ကားသစ် ဆိုတာ အထူးတလည် မိတ်ဆက် ပေးစရာ မလိုတော့ပါဘူး။ ထူးထူးခြားခြား ကိုယ်ထည်ပုံလေးနဲ့ Compact Sports ကားက အဆိုပါ အချိန်ကာလ တုန်းကတော့ တကယ် ဆရာကြီးပဲ ဖြစ်ပြီး ၁၉၈၆ လောက်ကတည်းကကိုပဲ အစီးရေ ၆၆,၀၀၀ ကျော်အထိ ရောင်းခဲ့ ရတာပါ။ လက်ရှိ အချိန်အထိလည်း အဆိုပါကားကိုပဲ တစ်ပတ်ရစ် ဈေးကွက် ထဲ ရှားရှားပါးပါး ရနိုင်ပါသေးတယ်။ ဒါပေမယ့် အခု Bring A Trailer ဆိုတဲ့ လေလံပွဲတစ်ခုမှာ ဆိုရင်တော့ အဆိုပါ ကားလေး တစ်စီးဟာ ဒေါ်လာ ၄၀,၀၀၀ အထိ ဈေးရခဲ့ပြီး နှစ် ၃၀ ကြာ ဂျပန် ကားလေး တစ်စီး အတွက်တော့ တကယ့်ကို အံ့အားသင့်စရာ ပမာဏပါပဲ။ လက်ရှိ မှာ တစ်ပတ်ရစ် ဈေးကွက်ထဲက အဆိုပါ ကားလေးတွေဟာ ကားရဲ့အခြေအနေပေါ်မူတည်ပြီး $ 5,000 ကနေ $ 15,000 အထိပဲ ဈေးပေါက် နေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု 1990 Honda CRX ကားလေးမှာတော့ ၁၂,၀၀၀ မိုင် လောက်အထိ မောင်းနှင်ထားပြီးပြီလို့ ဖော်ပြ ထားပြီး အနောက်ဘက် ဘန်ဘာနဲ့ ညာဘက်တံခါး တွေပေါ်မှာ ဆေးပွန်းရာလေးတွေအပြင် ဘီး‌တစ်လုံး ပေါ်မှာတော့ အစင်းရာ  နည်းနည်း တွေ့ထားရပါတယ်။ ကား ရဲ့ Window Sticker ၊ ထုတ်လုပ်တဲ့ မှတ် တမ်းနဲ့ ဝန်ဆောင်မှု ယူထားတဲ့ အကြိမ်ရေ မှတ်တမ်းတွေကိုတော့ ရောင်းချသူ ပိုင်ရှင်ရဲ့ နာမည်‌နဲ့အတူ ရနိုင်မှာ ဖြစ်ပြီး အ‌တိုက်အခိုက် ကင်းတယ်လို့တော့ မှတ်တမ်း ပါရှိလာပါတယ်။ တကယ်တော့ အခု လေလံ ပွဲမှာ ဒီကားလေးကို အနိုင်ရသွား သူဟာ တတိယမြောက် ပိုင်ရှင်ဖြစ်လာမှာ ဖြစ်ပြီး ပထမဆုံး ပိုင်ရှင်က တော့ ၂၀၁၈ အထိ ဒီကား လေးကို မောင်းနှင်ခဲ့သေးပြီး နောက်ပိုင်းတော့ ဒုတိယမြောက် ပိုင်ရှင်သစ်ဆီ ရောက် ခဲ့တာပါ။

Photo Credit: motor 1.com

အဆိုပါ ကားလေးကို ၂၀၁၈ မှာ ရခဲ့ကတည်းက ပိုင်ရှင်သစ်ကလည်း မူလ အင်ဂျင်တွေ အကုန်ကို ပြန်ကိုင် ခဲ့တာ ဖြစ်ပြီး Timing Belt ၊ Water Pump ၊ Tensioner ၊ Thermostat ၊ Fuel Injectors တွေနဲ့ အခြား သော ပလပ် ဝိုင်ယာတွေက အစ သေချာပြောင်းပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု လေလံပွဲမှာ ရသွားတဲ့ သူကိုတော့ ဟိုးယခင်က မူလ ကားအစိတ်အပိုင်းတွေကိုပါ ထည့်ပေးထားမှာပါ။ ဘယ်လိုကြောင့် ကား အဟောင်းလေးကို ဒီဈေးပေးပြီး ဝယ် ရတာလဲလို့ တွေးကောင်း တွေးနိုင်ပေမယ့် တကယ်တမ်းမှာ တော့ ဝယ်ယူသွား သူရဲ့ အပျော်တွေကို ကြည့်ခြင်းအားဖြင့် လူတွေက ကိုယ်ကြိုက်နှစ်သက်ရာကို တွယ်တာ တတ်တဲ့ သဘောကြောင့်လို့ပဲ ယူဆရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com