သမိုင်းကြောင်း မသေးလှတဲ့ ကားကုမ္ပဏီ တွေထဲမှာတော့ ဂျပန် နာမည်ကြီး Honda တို့လည်း အပါအဝင်ဖြစ်ပြီး အခု ဆိုရင်တော့ သူတို့‌ရဲ့ အစောပိုင်း ကာလကားလေးတစ်စီး ဖြစ်တဲ့ Z600 လေးကို နာမည်ကျော် Jay Leno ရဲ့ ဂိုဒေါင်ထဲ မှာ တွေ့လာရပါတယ်။ ၁၉၇၀ ဒါမှမဟုတ် ၁၉၇၁ မော်ဒယ် အဆိုပါ ကားလေးကို ပြန်လည် မွမ်းမံဖန်တီးပေးထား သူတွေကတော့ Buck Woodruff နဲ့ သူရဲ့သားဖြစ်သူ Harrison တို့ ဖြစ်ပါ တယ်။ Woodruff ကတော့ Honda ရဲ့ ပထမဆုံးသော အမေရိကန် ကိုယ်စားလှယ်တွေထဲက တစ်ဦးဖြစ်ကာ အခုချိန်အထိကိုပဲ Honda ရဲ့ ဆက်စပ်ပစ္စည်း တွေကို ရောင်းချနေဆဲပါ။ အခုလိုမျိုး Honda ရဲ့ အစော ပိုင်းခေတ်က ကားလေးကို ပြန်လည်ပြင်ဆင်ချပြနိုင် ခြင်းကြောင့် Honda ရဲ့ သမိုင်းကြောင်းအပြင် သူတို့ရဲ့ မိသားစုသမိုင်းကြောင်းကို ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်တာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Z600 ကားကတော့ အမေရိက ဈေးကွက်ထဲက ပထမဆုံး Honda ကား N600 ရဲ့ Coupe Version ပါပဲ။ နောက်ပိုင်း မှာတော့ N 600 ကို ပိုကြီးတဲ့ အင်ဂျင်နဲ့ N 360 ဆိုပြီး ထုတ်လုပ်ခဲ့ကာ 360-cc နဲ့ ၁၉၆၇ လောက်မှာ ရောင်းချခဲ့ပါတယ်။ အဆိုပါ အင်ဂျင်နဲ့ ကားအရွယ်အစားတွေကတော့ နောက်ပိုင်းမှာ ဂျပန်ရဲ့ Kei Car ဈေးကွက် အဖြစ် ဆက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ပြင်ပ ဈေးကွက်တွေထဲ တင်ပို့ ခြင်း အနေနဲ့ ကတော့ Honda ဟာ N 360 ကားရဲ့ အင်ဂျင်ကို 598-cc Version အဖြစ် ပြောင်းပြီး ရောင်းချခဲ့တာပါ။ အဆိုပါ အင်ဂျင်ကိုတော့ N 600 နဲ့ Z 6000 ကားတွေ မှာ ဆက်တိုက် အသုံးပြုခဲ့တာ တွေ့ရပါတယ်။ အခု မြင်ရတဲ့ ကားလေးကိုလည်း အများကြီးသေချာ ပြန်ပြင်ထားတာ မျိုး မဟုတ်ပေမယ့် မူလ အစိတ်အပိုင်းတွေ အတော်များများနဲ့ ကားရဲ့ မူလသုတ်ဆေးတွေအတိုင်း ထိန်းသိမ်း ပေးထားတာပါ။ အထူးသဖြင့် ၁၉၇၀ ခုနှစ် တွေတုန်းက Vintage Washer Fluid Bag လို ပစ္စည်းမျိုးကို တောင် ရအောင် ဆက်လက်ထိန်းသိမ်း ပေးထားတာ ဖြစ်ပါတယ်။ အခုလို ပြန်လည် ထိန်းသိမ်းပေးမယ့် Woodruff တို့ထံ မရောက်ခင် အထိတော့ ကားလေးဟာ ပြင်ပမှာ ၃ နှစ်လောက် ကြာခဲ့ပြီး အခုတစ်ခေါက် စမ်းသပ်မောင်းနှင်မှုတွေ အရ တစ်ချို့သော ပြင်ဆင်ထိန်းသိမ်းမှုလေးတွေတော့ လိုအပ်နေသေးတာ တွေ့ရမှာပါ။

Honda အနေနဲ့ Z600 ကားတွေကို ၁၉၇၀ ကနေ ၇၂ ခုနှစ်အတွင်း ထုတ်လုပ်ရောင်းချခဲ့ပြီး နောက်ပိုင်းမှာတော့ Honda ရဲ့ ခေတ်သစ် CVCC Engine တွေနဲ့ Civic ကားတွေအတွက် ၁၉၇၃ လောက်မှာ ‌ဈေးကွက်ထဲ က စတင် ဖယ်ပေး ခဲ့ရပါတယ်။ Civic မှာ စသုံးလာခဲ့တဲ့ အဆိုပါ အင်ဂျင်တွေမှာတော့ အမေရိက ကားဈေးကွက် အတွက် ပိုပြီး စံကိုက်ညီအောင် Pre-Chamber Combustion ဆိုတဲ့ စနစ်သစ်တွေကို စတင် အသုံး ချခဲ့တာပါ။ ဒါပေမယ့်လည်း အဆိုပါ နည်းပညာနဲ့ ပထမဆုံးမျိုးဆက် Civic ကားတွေဟာ အရမ်းကြီး ကွာခြားသွားတာမျိုးတော့ မရှိခဲ့တာကြောင့် Z600 ကားလေးကလည်း နိုင်ငံတကာအထိ ပေါက်ခဲ့တဲ့ ပထမဆုံး Honda ကားလေးအဖြစ် သမိုင်းဝင်နေဆဲ ဖြစ်ပါတယ်။

Ref: MotorAuthority