၁၉၆၉ ခုနှစ်မှာ အထူးထုတ်ခဲ့တဲ့ ရှားပါး Chevrolet Corvette Stingray ZL-1 ဆိုတဲ့ အမိုးဖွင့် ကားလေးကို အမေရိကန် နိုင်ငံ ၊ အရီဇိုးနားမှာ လာမယ့် ဇန်နဝါရီ ၁၆ ရက်မှာ ကျင်းပမယ့် RM Sotheby’s လေလံပွဲ မှာ လေလံတင် ရောင်းချသွား ဖို့ရှိနေပါပြီ။ Monaco Orange ဆိုတဲ့ လိမ္မော်ရောင် တောက်တောက် ကားလေးက ၁၉၆၉ ခုနှစ် တုန်းကနေ စက်ရုံက အထူးထုတ် ပေးထားတဲ့ ကား ၂ စီးထဲကမှ ရှားပါးတစ်စီး ဖြစ်ပါတယ်။ ဒါ့အပြင် ZL-1 Treatment ရထားတဲ့ ကား အပြင်အဆင် တွေထဲမှာမှ တစ်စီးတည်းသော အမိုးဖွင့် ကားဖြစ်ပြီး ပြိုင်ကားစွမ်းဆောင်ရည်လိုမျိုးအတွက် V8 အင်ဂျင် အမျိုးအစားကိုလည်း ရွေးလို့ ရသေးတဲ့ ကားလေး ဖြစ်ခဲ့တာပါ။

Photo Credit: MotorAuthority

L 88 ဆိုတဲ့ အင်ဂျင်ပေါ် အခြေခံထားတဲ့ အဆိုပါ ကားလေး မှာတော့ အလူမီနီယံ Block နဲ့ ခေါင်းတွေကို သုံးထားတာ ဖြစ်ပြီး ကားနောက်ဘက်ပိုင်းမှာ ဆိုရင် Open Chamber ဒီဇိုင်းကိုလည်း သုံးထားပါသေး တယ်။ ဒီ ဒီဇိုင်းကြောင့်ပဲ စွမ်းဆောင်ရည် ပိုကောင်းလာ စေသလို အင်ဂျင်အတွင်းပိုင်း လုပ်အားနှုန်းတွေကိုလည်း ပိုတက်လာစေပါတယ်။ အစ ပိုင်း ထုတ်လုပ်စဉ်ကတည်းကတော့ GM ဟာ အခု အထူးထုတ်ကား လေးကို ပြိုင်ပွဲအတွက်ပဲ ရည်ရွယ်ဖန်တီးခဲ့ပြီး Customer တွေဆီ ရောင်းချဖို့ရာ စိတ်ကူး မရှိခဲ့ပါဘူး။ ဒါပေမယ့် မှာယူချင်သူတွေအဖို့ သတ်မှတ်ခဲ့တဲ့ဈေးကလည်း $ 4,718 အထိ ရခဲ့တာကြောင့် အဆိုပါ ခေတ် က Corvette ကားထက် ၂ ဆ လောက် ဈေးမြောက်ခဲ့သေးတာပါ။ ကားရဲ့ ဆွဲဆောင်မှုပိုင်း ကတော့ အင်ဂျင်ပိုင်းအပြင် တကယ်အလုပ်ဖြစ်တဲ့ Heavy Duty ဘရိတ်တွေ ၊ Suspension စနစ် တွေ နဲ့ Limited-Slip Differential စနစ်တွေကြောင့်လည်း ပါပါသေးတယ်။ ဒါပေမယ့်လည်း Corvette ကားမှာ ရခဲ့ဖူးတဲ့ ငြိမ့်ညောင်းမှုတွေ ၊ အဆိုပါ ခေတ်တုန်းက ရှားနေသေးတဲ့ အပူပေးစနစ် ၊ လေအေးပေးစနစ်၊ ရေဒီယို ၊ Power စတီယာတိုင် တွေကိုတော့ အခုကားမှာ မြင်ရဦးမှာ မဟုတ်သေးတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကားလေးကိုတော့ ၁၉၆၈ ခုနှစ် ၊ ဒီဇင်ဘာ ၃၀ ရက်တုန်းက Pennsylvania ပြည်နယ်ထဲက John W. Maher ဆိုသူက ဝယ်ယူခဲ့ပြီး ၁၉၇၂ ခုနှစ် အထိကို အမျိုးမျိုးသော တောင်တက် လမ်းကြမ်းပွဲတွေ ၊ အခက်အခဲကျော် ကား ပြိုင်ပွဲတွေနဲ့ Drag Race တွေမှာ ပါဝင်ပြီး ကြမ်းပြ ခဲ့သေးတာပါ။ အဆိုပါ ကား အမျိုးအစား ထုတ်လုပ်မှုတွေ ကတော့ ၁၉၈၉ မှာ ရပ်တန့်ခဲ့တာဖြစ်ပြီး အခု ကားလေးကိုတော့ ၂၀၀၇ မှာ ပြန်ရောင်းခဲ့တဲ့အထိ အကောင်းဆုံး အသစ်အတိုင်း ဖြစ်အောင် အစစအရာရာ ပြန်လည် ထိန်းသိမ်း ပေးခဲ့တာပါ။ ဒါကြောင့် Corvette ကား စုဆောင်းသူတွေက ချီးမြှင့်ထားတဲ့ Bloomington Gold အသိအမှတ် ပြု လက်မှတ်ကိုပါ ရရှိထားပြီးမူလ အင်ဂျင်အတိုင်းလည်း ရရှိနေဆဲ ဖြစ်ပါတယ်။ သမိုင်းကြောင်း ကောင်းတဲ့အပြင် ရှားပါးစာရင်းဝင်၊ ကောင်းကောင်း ထိန်းသိမ်းထားတဲ့ ကားတစ်စီး ဖြစ်တာကြောင့် လေလံပွဲ မှာတော့ ဒေါ်လာ ၂.၆ သန်းကနေ ၃ သန်း အကြားလောက် ဈေးရနိုင် လိမ့်မယ်လို့ မျှော်လင့် ထားကြတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority