ကား Tuning လောက ထဲမှာတော့ Saleen Automotive Rockstar Games Ringbrothers နဲ့ SpeedKore တို့ ဆိုတဲ့ လုပ်ငန်းတွေမှာ နှစ်ပေါင်း ၂၀ ကြာ ကျင်လည်ခဲ့ဖူးတဲ့ Sean Smith ဆိုသူကတော့ တကယ် နာမည်ကြီးပါပဲ။ အခုဆိုရင် လည်း ၎င်းကနေ အံ့အားသင့်စရာ ကားဟောင်း အပြောင်းအလဲ တစ်ရပ်ကို ချပြလိုက်နိုင်ပြီဖြစ်ပြီး 1969 Chevy Camaro ကို ပုံပြောင်းပေးလိုက်တာပါ။ အဆိုပါ တစ်ကျော့ပြန်ကားသစ်ကတော့ 2019 SEMA ကားပြပွဲမှာ ပြသခဲ့ပြီး Smith ကိုယ်တိုင် ဖန်တီးထားတဲ့ Camaro ကားနဲ့တောင် ပြိုင်ဘက် ဖြစ်လာမှာပါ။ 

Photo Credit: motor 1.com

အခုလို ပြောင်းလဲ ပြင်ဆင်ပေးလိုက်တဲ့ ရလဒ်ကတော့ 1,180 hp အထိကို စွမ်းဆောင်လာနိုင်တဲ့ Fenix အမည်ရှိ Supercharged Chevy Camaro ကားဖြစ်လာတာပါပဲ။ စွမ်းဆောင်ရည် အသားပေးတင်မကပဲ ဇိမ်ခံပိုင်းနဲ့ ခန့်ညားတဲ့ အသွင် သဏ္ဍာန်တို့ကိုပါ ကောင်းကောင်း ပေါင်းစပ်ပေးထားတဲ့ ကားတစ်စီးလည်း ဖြစ်ပြန်ပါတယ်။ အခုကား ဖန်တီးရာမှာတော့ Smith နဲ့ အတူ Driven Speed Shop Tuning တို့က အတူတူပူးပေါင်း လုပ်ဆောင် ခဲ့တာပါ။ ကားရဲ့ ကိုယ်ထည် ပိုင်းဆေးရောင်ကိုတော့ ငွေရောင်ပြောင်ပြောင် လေးကိုမှ Liquid Champagne နဲ့ Satin Charcoal Grey ဆိုတဲ့ Accents လေးတွေနဲ့ တော်တော်လေးကို လှလှပပ ပေါင်းစပ်ထားပါတယ်။ ကားရဲ့ အရှေ့ဘက် ပုံစံကိုတော့ Smith ကိုယ်တိုင် ဖန်တီးထားတာဖြစ်ပြီး ဘန်ဘာ အသစ်တွေကိုတော့  Driven Speed အဖွဲ့က ထပ်ထည့် ထားတာပါ။ အနောက်ဘက် အပိုင်းမှာ ဆိုရင်လည်း Light Panel အသစ်တွေကို 3D-Printed Trunk နောက်ဖုံး ပုံစံနဲ့ ပေါင်းစပ်ကာ ကိုယ်တိုင် ပြောင်းလဲ ပေးထား ပါသေးတယ်။ ကားကိုယ်ထည် တစ်ခုလုံးကိုတော့ အတော်လေးကို တိတိကျကျ အသွင် အပြင်တွေနဲ့ ပုံဖော်ထားတဲ့ အပြင် Roadster Shop Fast Track မှာသုံးတဲ့ Chassis နဲ့ အခုကား နဲ့လည်းကိုက်ညီတာ ကြောင့် ကွက်တိသုံး ပေးထားပါတယ်။

Photo Credit: motor 1.com

 

အဆိုပါ Chassis နဲ့ အတူ RS Fast Track အရှေ့ Suspension ပိုင်းကို C7 Chevrolet Corvette မှာ တုန်းကလို ပေါင်းစပ်ပြီး အသုံးပြုထားတာပါ။ ဒါ့အပြင် 1/25 လက်မရှိတဲ့ ကားအရှေ့ဘက်က Sway Bar တွေ ၊ Pistons ၆ လုံးနဲ့ Baer ဘရိတ် Calipers တွေအပြင် ကားရဲ့ ထောင့်တစ်ခုချင်းစီမှာလည်း ၁၄ လက်မအရွယ် Rotors ‌တွေကိုပါ ထပ်ပေါင်းထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်နဲ့ လိုက်ဖက်တဲ့ ဘီးတွေအဖြစ် Michelin Pilot ရဲ့ Sport 4 တာယာတွေနဲ့ ပေါင်းစပ်ကာ အသုံး ပြုပေးထား လိုက်ပါတယ်။ အင်ဂျင်ပိုင်းအရတော့ Supercharged 427 LS7 V8 အင်ဂျင်ကို  သုံးပေးထားတာ ဖြစ်ပြီး Tremec T56 Six-Speed ဂီယာကိုလည်း တွဲသုံး ပေးထားပါတယ်။ ကားရဲ့ အတွင်းခန်းပိုင်း မှာကတော့ ဥရောပ Sports ကား‌တွေရဲ့ အပြင်အဆင်ကို မှီငြမ်းပေးထားပြီး Smith ကိုယ်တိုင်က ဒီဇိုင်း ဖန်တီးကာ ကားရဲ့ Dashboard ပိုင်းတွေ ၊ တံခါး ဘောင်တွေနဲ့ Center Console တွေကို 3D CAD နည်းပညာ နဲ့ ပုံဖော် ပေးထားတာကြောင့် တော်တော်လေးကို ခန့်ညားနေတဲ့ ကားတစ်စီးအဖြစ် ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။ 

Ref: motor 1.com