ဂန္ဓဝင် ကားကြီးတွေထဲ ရှားရှားပါးပါး ကားတစ်စီးဖြစ်တဲ့ 1956 Lincoln Continental Mark II ကားကြီးတစ်စီးကို တော့ လာမယ့်နှစ် အစောပိုင်း လောက်မှာတင် Barrett Jackson’s Scottsdale မှာ လေလံတင် ရောင်းချတော့မယ် လို့ သိရပါတယ်။ အဆိုပါ ပွဲကတော့ လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အခုကားကို အဓိက ပါဝင် လေလံတင်သွားမှာပါ။ အဆိုပါကားကြီးကတော့ ပြန်ပြီး ပြင်ဆင်မွမ်းမံ ပေးထားချက်တွေနဲ့အတူ အတွင်းပိုင်း ရော အပြင်ပိုင်းမှာပါ ထူးခြားတဲ့ အဆုံးစွန်သော ထူးကဲကောင်းမွန်မှုတွေနဲ့ ပြည့်လို့နေကာ စွမ်းဆောင်ရည် ပိုင်းကလည်း 850 hp အထိ ကိုရှိထားပါတယ်။

Photo Credit: AllAutoExperts

အမေရိကန် နိုင်ငံ၊ အရီဇိုးနား ပြည်နယ် အခြေစိုက် SIC Chops ကုမ္ပဏီက ပြန်လည်မွမ်းမံ ပြင်ဆင်ပေးထားတဲ့ အဆိုပါ ကားကြီးမှာတော့ အပြင်ဘက်မှာတင် အနက်ရောင် Dupont Toner Black ဆိုတဲ့ အရောင်နဲ့ လှပနေပြီး Chroma Clear နဲ့ အမျိုးမျိုးသော အလှအပပိုင်း ဇိမ်ခံ အပြင်အဆင်တွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။ ဒုတိယ ကြမ်းခင်းပိုင်း အပြင်အဆင်သစ်တွေ ၊ အနောက်ဘက် ဘန်ဘာနဲ့အတူ နေရာတကျ တပ်ဆင်ပေးထားတဲ့ အိတ်ဇောအသစ် တို့က  အခုကားကြီးကို တစ်မျိုးအသွင် ဆန်းစေခဲ့သလို Bespoke Firewall ကိုတောင် ထည့်ပေးထားသေးတာ ‌ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အင်ဂျင်ပိုင်းကတော့ Jon Kaase 520 ci Ford V8 ကို သုံးပေးထားတာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းကတော့ အံ့အားသင့်လောက်အောင်ကို 850 hp အထိ ရတာပဲ ဖြစ်ပါတယ်။ ကားရဲ့ ဂီယာပိုင်းမှာတော့ နောက်ဘီးတွေကို အဓိက ချိတ်ဆက်မောင်းနှင်ပေးတဲ့ Chevrolet ရဲ့ Automatic Gearbox ကိုပဲ အသုံး ပြုပေးထားတာပါ။ ပိုထူးခြားတာ ကတော့ ထိုင်ခုံတွေဖြစ်ပြီး Lexus ရဲ့ Black Onyx Leather အနက်ရောင် လယ်သာသားထိုင်ခုံတွေကို သုံးထားကာ ပုံစံ ၈ မျိုးအထိ လည်းပြောင်းလို့ ရပါသေးတယ်။ ကားမောင်းနှင်ရာမှာ အခုခေတ်အနေနဲ့ အဆင်ပြေစေဖို့ အတွက် ကိုလည်း Dakota Digital Instrument Panel ကို သပ်သပ်ထည့်သွင်းပေးထားပြီး Kicker Q-Class အသံစနစ် ကြောင့်လည်း ကားအတွင်းခန်း အသံကောင်းကောင်းကို ခံစားရစေဦးမှာပါ။ ကားမှာ ပြန်လည်မွမ်းမံ သုံးပေးထားတဲ့ စတီယာတိုင်နဲ့ ဘီးတွေကိုတော့ Colorado Custom တို့က ပံ့ပိုးပေးထားတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts