F. Scott Fitzgerald ရဲ့ ဂန္ဓဝင် ဝတ္ထုကို ၁၉၇၄ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ “The Great Gatsby” ထဲက 1928 Rolls-Royce Phantom I Ascot Dual Cowl Sport Phaeton ဆိုတဲ့ ရှားပါးကားကိုတော့ လေလံ တင်တော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ လေလံပွဲကိုတော့ လာမယ့် စက်တင်ဘာလ ၁ ရက် ကနေ ၃ ရက် အတွင်း Indiana ရဲ့ Auburn ဒေသမှာ ကျင်းပသွားမှာပါ။ အဆိုပါ ရုပ်ရှင်ထဲမှာ တော့ အထက်တန်းလွှာ လူတန်းစား လူချမ်းသာ တစ်ဦးဖြစ်တဲ့ Jay Gatsby နေရာမှာ Robert Redford က သရုပ် ဆောင်ထားတာဖြစ်ပြီး သူ့အနေနဲ့ Daisy Buchanan ဆိုတဲ့ မိန်းကလေး ဆီက အချစ်ကိုရဖို့ ကြိုးစားတဲ့ နေရာမှာ အခုကားနဲ့တွဲပြီး မှတ်မိနေအောင်ကို ဇာတ်လမ်းထဲမှာ Rolls-Royce က အရေးပါနေတာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

စာရေး သူ Fitzgerald ကတော့ Gatsby ကို အခု Rolls-Royce ကားပိုင်ရှင်အဖြစ် သေချာဖော်ပြထားတဲ့ အပြင် အဆိုပါ Rolls-Royce ကားသစ်ကိုလည်း ရွှေအိုရောင် အစင်းလေးနဲ့ ကိုမှ လှပကျော့ရှင်းတဲ့ ကိုယ် ထည်အပြင်  Triumphant Hat-Boxes တွေနဲ့  Supper-Boxes ၊ Tool Boxes တွေ ကြွားကြွားဝင့်ဝင့် ထည့်ကာ ဂန္ဓဝင်ဆန်တဲ့ ကားတစ်စီး အဖြစ် လှလှပပ ဖော်ကျူးထားပါသေးတယ်။ Chassis နံပါတ် S 304 KP နဲ့ အဆိုပါ ကားကိုတော့ အခုရုပ်ရှင် အတွက် ရွေးချယ် ထားတဲ့ နေရာမှာ အတော်လေး လိုက်ဖက်ပြီး ကားကလည်း Coachbuilder Ascot ဆီကနေ  Dual Cowl Sport Phaeton Bodywork ကိုယ်ထည် ပြင်ဆင် မှုကို ထပ်ရထားခဲ့ သေးတာပါ။ ရုပ်ရှင် အတွက် ပြင်ဆင်ရာမှာတော့ ဝတ္ထု ‌ထဲမှာ ဖော်ပြထားတဲ့ ကားရဲ့ အပြင်အဆင် အတိုင်းဖြစ်အောင်အရောင်တွေပါ ပြန်ပြောင်းခဲ့ပြီး ဝတ္ထုအတိုင်း Windshield တွေကလည်း တစ်ခုထက် ပိုပါထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အတွင်းခန်း အပြင်အဆင်ကလည်း Upholstery Green အနေနဲ့ ဖန်တီး ပေးထားတာပါ။ မကြာသေးမီကမှ အဆိုပါကားကို ပြန်လည် ပြုပြင် ထိန်းသိမ်းတာ မျိုးတွေ ပြုလုပ်ခဲ့သေးတယ်လို့ လေလံပွဲရဲ့ အဆို အရသိရပါတယ်။

Photo Credit: MotorAuthority

Phantom 1 ကား အနေနဲ့တော့ လက်ရှိ Rolls-Royce Flagship ကားတွေရဲ့ တကယ့်မူလမျိုးဆက်ကားတစ်စီး ဖြစ်ကာ ၁၉၂၀ ဝန်းကျင်အနေနဲ့ Inline-Six Engine သုံးးပေးထားနိုင်တာကတော့ အထင်ကြီးစရာ ပါပဲ။ ဒါပေမယ့် အခု ခေတ် Phantom တွေမှာတော့ 6.75 Liter Twin-Turbocharged V12 Engine ကို သုံးပေးထားတာကြောင့် စွမ်းဆောင်ရည် ကလည်း 563 hp နဲ့ 664 lb-ft Torque တွေလောက် အထိ ရှိနေပါပြီ။ Coachbuild ရဲ့ လက်ရာတွေ ကတော့ နောက်ပိုင်း သိပ်မတွေ့ရတော့ပဲ အခု နောက်ဆုံးရှိထားတဲ့ Boat Tail Convertible ကား ၃ မျိုး လောက်မှာ သာ မြင်ရတော့တာပါ။ အခု ကားအတွက် ‌ခန့်မှန်းလေလံ ဈေးကိုတော့ မသိရသေးပေမယ့် သမိုင်းဝင် ရုပ်ရှင်နဲ့ တိုက်ရိုက် ပတ်သက်နေမှုကြောင့် တန်ဖိုးလည်း များနိုင်ပါတယ်။ Rain Man ဆိုတဲ့ ရုပ်ရှင်ထဲက 1949 Buick Roadmaster Convertible ကားတောင်မှ အခုနှစ် အစောပိုင်း လေလံပွဲ တစ်ခုကနေ $ 335,000 အထိ ရရှိခဲ့ပြီး Wayne’s World ရုပ်ရှင်ထဲက 1975 AMG Pacer ကားကလည်း $ 71,500 အထိ ရရှိခဲ့ဖူးပါတယ်။ ကမ္ဘာစစ် မတိုင်မှီခေတ်က Rolls-Royce တွေရဲ့ အရသာကို ရနိုင်မယ့်အပြင် Gatsby ရုပ်ရှင်ရဲ့ အငွေ့အသက်တွေ ပါဝင်နေမယ့် အခု ကားရဲ့ လေလံအောင်ဈေးကလည်း မြင့်မားနေမယ် ဆိုတာတော့ သေချာနေပြီ ဖြစ်ပါတယ်။

Ref: MotorAuthority