ပြီးခဲ့တဲ့နှစ် ကားလောက ရဲ့ ဈေးကွက် နယ်ပယ်အသစ် အဖြစ် ‌တွေ့လာရတာကတော့ Hypercar သစ်တွေ တစ်ရှိန်ထိုး ဝင်ရောက်လာတာပါပဲ။ နဂိုကတည်းက စွမ်းဆောင်ရည်မြင့် Hypercar တွေနေရာမှာ ဦးဆောင် သူတွေ အဖြစ် ရှိကြတဲ့ Bugatti နဲ့ McLaren တို့ကလည်း အဆင့်မြှင့်တင် ဆန်းသစ်မှုတွေ လုပ်လာကြသ လို အခြားသော ကုမ္ပဏီ အသစ်တွေကလည်း ခပ်ရဲရဲပဲ တိုးဝင်လာ ကြတာလည်း ဖြစ်ပါတယ်။ ဒီ အထဲမှာမှ ဂရိ ကားကုမ္ပဏီ တစ်ချို့ရဲ့ ထူးခြားတဲ့ Hypercar တစ်ချို့ အပြင် အခြားသော အိန္ဒိယရဲ့ 1,000 hp အထိရှိ တဲ့ လျှပ်စစ် Hypercar လိုမျိုး တကယ် ကား အဆန်းတွေကိုချည်း မြင်တွေ့ခဲ့ရတာပါ။ Rimac Nevera တို့လို ကားကုမ္ပဏီ အသစ်တွေကလည်း အခု ဈေးကွက်ထဲ ယခင်ကထက် ခိုင်ခိုင်မာမာ ပိုရပ်တည်လာနိုင် တာ တွေ့ရသလို တစ်ချို့ကားကုမ္ပဏီ တွေကလည်း အကျိုးအကြောင်း မသိရတော့ပဲနဲ့ကို ပျောက်ကွယ်သွား တာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် အခုတော့ ဆလိုဗေးနီးယား ကား ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Tushek ရဲ့ ဖန်တီးမှု တစ်ခုက စပရိုက် တိုက်ချလိုက်ပြန်ပါတယ်။ အရင် ဆုံး အဆိုပါ ကုမ္ပဏီ အကြောင်း ပြောရမယ် ဆိုရင်တော့ ၂၀၁၂ ခုနှစ်မှာပဲ Renovatio T 500 ဆိုတဲ့ ကား တစ်စီးနဲ့ စတင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းပြီးခဲ့ တဲ့ ၂၀၁၉ မှာ ဆိုရင်တော့ TS 900H Apex ဆိုတဲ့ ကားတစ်စီးကိုလည်း ထပ်တွေ့လာခဲ့ရတာပါ။ ကုမ္ပဏီ ကတော့ ကားအသစ် ထွက်လာတိုင်း ပိုပြီး စွမ်းဆောင်ရည်ကောင်းကာ ပိုပြီးလည်း ပေါ့ပေါ့ ပါးပါး ဖြစ်လာတဲ့ ကားတွေကို ကြိုးစား ချပြလာနေတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

၂၀၁၉ မှာ တုန်းကတော့ Tushek အနေနဲ့ 937 hp အထိကို စွမ်းဆောင် နိုင်တဲ့ Hybrid Hypercar တစ်စီး ကို ချပြ ခဲ့တာ ဖြစ်ပြီး Ferrari SF 90 Stradale ထက်ကို ပေါင် ၃၅၀ လောက်အထိ ပိုပေါ့အောင် ဖန်တီးပြ နိုင်ခဲ့ပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်း ရအောင် အရှိန်တင်ဖို့ ဆိုရင် အဆိုပါ ကားတုန်းက ၂.၅ စက္ကန့်ပဲ ကြာခဲ့ သလို အမြင့်‌ဆုံး မြန်နှုန်းကတော့ ၂၃၆ မိုင် အထိရှိခဲ့တာပါ။ အင်ဂျင်ပိုင်းကတော့ 4.2 Liter Turbocharged V 8 Engine ကို သုံးခဲ့တာဖြစ်ပြီး လျှပ်စစ် မော်တာ ၂ လုံးနဲ့ အတူ အစွမ်းပြခဲ့ပြီး ကမ္ဘာပေါ် မှာ အကောင်းဆုံး ကားတစ်စီး အဖြစ်တောင် တော်ဝင်ဖြစ်တော့မယ့် အခြေအနေ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ ပိုပြီး ထူးခြားထက်မြက်လွန်းလှတဲ့ ကားတစ်စီးအဖြစ် အဆိုပါ TS 900 Apex ကားက တစ်ကျော့ ပြန် ရောက်လာပြန်ပါတယ်။ အဆိုပါ အဆင့်မြှင့်တင်ထားတဲ့ ကားသစ်ကိုတော့ လာမယ့် တစ်ပတ်ထဲမှာပဲ Salon Prive London မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။ တကယ် ထူးခြားတာကတော့ 1,332 hp အထိ ရှိနေတဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ဖြစ်ပြီး ယာဉ်တစ်စီးလုံးရဲ့ အလေးချိန်ကလည်း  2,976 ပေါင် အောက်ပဲ ရှိလို့ နေပါတယ်။ ကုမ္ပဏီ ဘက်ကတော့ အခု ကားကို ကမ္ဘာ့အပေါ့ပါးဆုံး Hybrid Hypercar အဖြစ် ဆိုထားပြီး စွမ်းဆောင်ရည် အမြင့်ဆုံး ရဖို့အတွက်လည်း လေကြောင်းတွေမှာ သုံးလေ့ရှိတဲ့ Electric Drive နည်းပညာကို ထည့်သုံး ထားတယ်လို့ သိရပါတယ်။ အခုလို ကားကိုမှ ပိုအဆင့်မြှင့် ထားလိုက်တာ ကြောင့် တစ်နာရီ ၆၂ မိုင် နှုန်း မြန်နှုန်းရဖို့ ဆိုရင် ၂.၃ စက္ကန့် ထဲနဲ့ မောင်းနိုင်တော့မှာ ဖြစ်ကာ ၁၂၄ မိုင် ပမာဏကို ၇.၄ စက္ကန့်ပဲ ကြာမြင့် တော့မှာပါ။ ဒါ့အပြင် ကားရဲ့ မောင်းနှင်နိုင်တဲ့  အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီကို ၂၃၆ မိုင် အထိကို ရှိလာခဲ့ပါပြီ။

Photo Credit: CARBUZZ

တကယ်လို့ သင်က Hypercar တွေ ကိုလည်း ကြိုက်နှစ်သက်ပြီး Bugatti Chiron လို ကားမျိုးကိုလည်း ရိုးနေပြီဆိုရင် တော့ အခု ဖော်ပြခဲ့တဲ့ TS 900 Apex အသစ်က ပိုသင့်တော်တဲ့ ရွေးချယ်မှုကောင်းတစ်ရပ် ဖြစ်လာမှာ သေချာပါတယ်။ ဈေးနှုန်း အရတော့ ဒေါ်လာ ၁.၂၅ သန်း ရှိတဲ့ အဆိုပါ ကားက Hypercar တွေထဲမှာ ဆိုရင်တော့ ဈေးတန်တဲ့ Hypercar လို့ သတ်မှတ်လို့ရနေပြီး အစီးရေကလည်း ၃၆ စီး အထိပဲ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။ တကယ်လို့ ဒီထက်ပိုကြမ်း ပိုကောင်းတဲ့ ကားကိုမှ လိုချင်သေးတယ် ဆိုသူတွေအတွက်လည်း TS 900 Race Pro ဆိုတဲ့ ပြိုင်ပွဲဦးစားပေးကား ရှိနေသေးပြီး အဆိုပါ ကားကို လည်း အစီးရေ ၁၂ စီးသာ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

Ref: carbuzz.com