Hypercar ကား ဈေးကွက်ထဲမှာ နောက်ထပ် ယှဉ်ပြိုင်ဖက်တွေအဖို့ အခွင့်အရေးရှိသေးတယ် ဆိုရင်တော့ အခုတစ်ခါ နယူးဇီလန် အခြေစိုက် ပြိုင်ကားကုမ္ပဏီ Rodin Cars က ဖန်တီးလိုက်တဲ့ FZero ကားအသစ် က တကယ်ကို စိန်ခေါ်မှု ကောင်းတဲ့ ကားတစ်စီးဖြစ်လာမှာ သေချာပါတယ်။ လောလောဆယ်တော့ ပြိုင်ပွဲတွေအတွက် ပြိုင်ကား အဆင့်ပဲထုတ်လုပ်ထားတယ် ဆိုပေမယ့် သာမန်လမ်းပေါ်သုံးနိုင်မယ့် ကားမျိုးကွဲ ကိုလည်း ဆက်လက် ဖန်တီးနေတယ်လို့ သိရပါတယ်။ ကားရဲ့ ပုံစံကိုက ထူးထူးခြားခြား ဘတ်မန်း ရဲ့ ကားပုံစံလိုလိုတောင် တူညီနေခဲ့တာ ဖြစ်ကာ တစ်ယောက်စီးတည်း အနေနဲ့ကတော့ ၂၁၆.၅ လက်မရှည်ပြီး ၈၆.၆ လက်မအကျယ် ရှိနေပါတယ်။ ကားရဲ့ Wheelbase ပမာဏကတော့ အတော်လေးကျယ်ပြီး ၁၁၈.၁ လက်မ အထိကို ရှိထားတာပါ။ ကားရဲ့ အမြင့ ကလည်း အတော်လေးကို မြေပြင်နဲ့ ကပ်သလောက် အနေအထား မှာ ရှိနေတာကြောင့် ၄၄.၄ ပေပဲ အမြင့် ရှိပါတယ်။ ပြိုင်ကား တစ်စီး အနေနဲ့ တော်တော်ကြီးတယ် ဆိုပေမယ့်လည်း အလေးချိန်ကတော့ ၁,၅၃၉ ပေါင်ပဲ ရှိပြီး ဒါတောင်မှ လိုအပ် တဲ့ အစိတ်အပိုင်း ပေါင်းထည့်ပြီးတဲ့ အချိန် တိုင်းတာထားတာဖြစ်လို့ ပေါ့တဲ့ အထဲပါတဲ့ ကားတစ်စီးပါပဲ။ ဒီ ပမာဏဆိုရင်တော့ ခန့်မှန်းနေကြမယ့်အတိုင်း ကာဗွန်ဖိုက်ဘာတွေကိုသာ သေချာအသုံးပြုထားတာ ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ကနေ အနောက် အဆုံးထိကို Chassis ပိုင်းက အစကာဗွန်ဖိုက်ဘာ တွေနဲ့ ဖန်တီးပေးထားပြီး အရှေ့နဲ့ အနောက် မှာလည်း ၃၈၀ မီလီမီတာ ဘရိတ်တွေကို ကာဗွန် Ceramic သားနဲ့ ဖန်တီး ပေးထားတာပါ။ ဘီးတွေကလည်း OZ Racing ဆီကနေ ယူဆောင်ထားတဲ့ ၁၈ လက်မအရွယ် မဂ္ဂနီဆီယမ် ဘီးတွေကို တပ်ဆင်ထားပြီး Avon Slicks တွေနဲ့ လည်း အုပ်ထားတာကြောင့် အတော်လေးတော့ ပေါ့ပါးနေမှာ သေချာပါတယ်။

Photo Credit: motor 1.com

အခု ကားကြီးရဲ့ အဓိက အသက်ကတော့ Twin-Turbo 4.0 Liter V 10 Engine ကြီး ဖြစ်ပြီး အဆိုပါ All-New Engine အသစ်ကြီး ကတော့ Neil Brown Engineering နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာကြောင့် 986 hp နဲ့ 671 lb-ft Torque အထိကို ရှိထားတာပဲ ဖြစ်ပါတယ်။ ကားရဲ့ ဂီယာပိုင်းကိုတော့ Eight-Gear Ricardo Gearbox ကို တပ်ဆင် ပေးထားပါတယ်။ ဒါပေမယ့် အဆိုပါ အင်ဂျင် အတွဲအစပ်ကိုမှ လျှပ်စစ် မော်တာ တစ်လုံးပါထပ်ပြီး တပ်ဆင် ပေးထားလိုက် သေးတာကြောင့် အားလုံးပေါင်းစပ်လိုက်တဲ့ အခါ 1,160 hp နဲ့ 757 lb-ft Torque အထိကို ရှိသွားတော့တာပဲ ဖြစ်ပါတယ်။ ကားကတော့ ၂၇ စီးထဲပဲ ထုတ်လုပ်မှာ ဖြစ်ပြီး ပထမဆုံး ကားတွေကိုတော့ လာမယ့် နွေရာသီ အရောက်မှာပဲ မှာယူမယ့်သူတွေထံစတင်ပို့ဆောင် ပေးနိုင်မှာပါ။ ဈေးနှုန်းကတော့ အတော်လေးကို များမှာ ဖြစ်ပြီး လက်ရှိ ငွေဈေးတွေအရဆိုရင် အမေရိကန် ဒေါ်လာ ၂.၂ သန်း နီးပါး လောက်အထိကို ရှိနိုင်ပါတယ်။

Photo Credit: motor 1.com

Rodin Cars ကတော့ အဆိုပါ ကားရဲ့ ပြီးပြည့်စုံတဲ့ စမ်းသပ်အဆင့်ယာဉ် Prototype ကို အခုနှစ် နှောင်းပိုင်းမှာတင် အပြီးသတ်နိုင်ဖို့ ပြင်ဆင်နေပြီး စတင်စမ်းသပ်ချိန်မှာတော့ မျှော်လင့်ထားတဲ့ အတိုင်း အမြင့်ဆုံး မြန်နှုန်းတစ်နာရီ ၂၂၄ မိုင် အထိ ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အခုကားကို ပြိုင်ကားအဖြစ် ထုတ်လုပ်ပြီ ဖြစ်ပေမယ့် စတင် မရောင်းချခင် အထိကတော့ လမ်းမထက်မောင်းနှင်နိုင်မယ့် နောက်ထပ် မျိုးကွဲကားတစ်စီး ကို မြင်တွေ့ရဖို့ မရှိနိုင်သေးပဲ အတော် လေး စောင့်ဆိုင်းရနိုင်ပါသေးတယ်။

Ref: motor 1.com