လာမယ့် ၂၀၂၂ ပဲရစ် ကားပြပွဲကြီးမှာ ထူးထူးခြားခြား မြင်ရမယ့် ကားတစ်စီးကတော့ အသေအချာ Tuning ပြန်လုပ် ကာ ပြင်ဆင်ထားတဲ့ 1,000 hp စွမ်းဆောင်ရည်ရှိ ကားတစ်စီးပါပဲ။ အဆိုပါကားကတော့ Fiat Multipla ကိုမှ V8 Engine ကြီးတပ်ဆင်ကာ Motorsport တွေမှာသုံးတဲ့ Chassis ‌တွေ ၊ Ultra-Wide Body Kit တွေကို အကြမ်းစား သုံး ပေးထားတဲ့ လက်ရှိ Multipla ကားတွေထဲ အမြန်ဆုံး ကားတစ်စီးပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ Vilebrequin တို့က Tuning လုပ်ထားတာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ပွဲအတွင်းမှာ ချပြသွားမယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

1998 ကနေ 2004 အတွင်း ထွက်ရှိခဲ့တဲ့ Multipla ပထမမျိုးဆက် ကားကို အခြေခံထားတဲ့ အဆိုပါ ကားမှာတော့ တံခါး တွေကို မူလ ၅ ယောက်စီး အတွက်ကနေ ၃ ယောက်စီးဖို့အတွက်ကို လျှော့ချပြင်ဆင် ထားပါ တယ်။ ကားရဲ့ Aerodynamic အပိုင်းတွေနဲ့ ပိုမိုလိုက်ဖက် ကောင်းမွန်စေဖို့ အတွက်လည်း ဘန်ဘာတွေနဲ့ Fenders တွေကိုပါ ပြန်လည် ပြင်ဆင်ပေးထားပြီး အလယ်ဘက်ကတော့ ပိုကျယ်တဲ့ အပိုင်းဖြစ်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် DTM- Style အပြင်အဆင်တွေနဲ့ အရှေ့နဲ့ အနောက်က Geometric Fender တွေကိုလည်း မြင်တွေ့ထားရတာ ဖြစ်ပါတယ်။ အပြင်ဘက်ပိုင်း ကားရဲ့အမြင်ကို သိသိသာသာ ပြောင်းသွားစေ တာ တွေကတော့ အရှေ့ဘက် ဘန်ဘာပေါ်က Spitter အကြီးစားတစ်ခု ၊ ဘောနက်ဖုံး ပေါ်က Spoiler ၊ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ အတောင်ပံအကြီးစား ကြီးနဲ့ အတူ ဖောက်ထွင်း မြင်နေရတဲ့ Fins တွေနဲ့ Diffuser အပိုင်းတို့ပဲ ဖြစ်ပါတယ်။ အခုလို အလန်းစား Body Kit ကိုတော့ W-Autosport က ဖန်တီး ပေးထားတာဖြစ်ပြီး နာမည်ကျော် Michelin ရဲ့ ရှားပါး Wide တာယာတစ်ချို့နဲ့လည်း ပေါင်းစပ် ဖန်တီးပေး ထားတာပါ။ Michelin အနေနဲ့က အခု ကားလေးရဲ့ ဟိုးယခင်ကတည်းက အဓိက ထောက်ပံ့ ပြင်ဆင်ပေးသူ ဖြစ်ခဲ့တာကြောင့် အရောင်ကိုလည်း ပိုမိုလိုက်ဖက်ထူးခြားတဲ့ အပြာနဲ့အဝါတို့ကို စပ်ပေးထားတာ တွေ့ရပါ တယ်။

Photo Credit: AllAutoExperts

အတွင်းခန်းကလည်း ကြိုတင်ခန့်မှန်းလို့ ရတဲ့အတိုင်းပဲ ယခင် ၆ ယောက်အထိ စီးလို့ရနိုင်တဲ့ အတွင်းခန်း ထိုင်ခုံတွေ အစား ၂ ယောက်စီးပုံစံ အတွဲလိုက်ကို ပြောင်းပေးလိုက်ပြီး အလယ်တည့်တည့်မှာတော့ ဂီယာအုံ အကြီးစားအတွက် နေရာ ပိုထည့်ပေး လိုက်ပါတယ်။ ကားသစ်ရဲ့ အင်ဂျင်ကိုလည်း C6 Z06 Chevrolet Corvette ကားဆီက ယူဆောင်ထားတယ်လို့သိရပြီး V8 Engine ကိုမှ 1,000 hp အထိ စွမ်းဆောင်နိုင်အောင် သေချာ Tuning ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ပိုကောင်းလာရုံသာမကပဲ ကားတစ်စီးလုံးရဲ့ ဘရိတ် ၊ Chassis နဲ့ Suspension အပိုင်းတွေကိုကအစ အဆင့်မြှင့်တင် ပေးထားတဲ့ ထူးထူးခြား ခြားကားပဲ ဖြစ်ပါတယ်။ အဆိုပါကားကို မျက်ဝါး ထင်ထင်မြင်ရမယ့် ပဲရစ်ကားပြပွဲကြီးကိုတော့ လာမယ့် အောက်တိုဘာ လ ၁၇ ရက်နေ့မှာ စတင်ကျင်းပတော့မှာပဲ ဖြစ်လို့ ရင်ခုန်စွာနဲ့ စောင့်မျှော် နေရတော့မှာပါ။

Ref: AllAutoExperts