UK မှာတော့ VW ရဲ့ Commercial Division က သူ့ရဲ့ Transport Camper Van ကားတွေအတွက် အိမ်တစ်လုံးအလား ခံစားမှုကို ပေးစွမ်းနိုင်မယ့် သေတ္တာတစ်လုံးကို မိတ်ဆက်ပေးလာခဲ့ပါတယ်။ အဆိုပါ သေတ္တာကတော့ ပိုင်ရှင်ကို ခရီးသွားတဲ့အချိန်မှာ အိမ်တစ်လုံးစာ လိုအပ်တဲ့အရာတွေအားလုံးကို Package တစ်ခုထဲနဲ့ ဖြည့်ဆည်းပေးနိုင်အောင် စီစဉ်ထားတာပါ။ Covid-19 ကမ္ဘာ့ကပ်ရောဂါ ကြောင့် လူအများစုက သူတို့ရဲ့ နိုင်ငံရပ်ခြား ခရီးသွားလာမယ့် အစီအစဉ်တွေကို ရက်ရွှေ့ဆိုင်းရတာ၊ ပယ်ဖျက်ရတာတွေ လုပ်နေရတာကြောင့် အခု သေတ္တာကို ဖန်တီးပေးလိုက်တာပါ။ Volkswagen ရဲ့ Full Motorhome တွေကို ပိုင်ဆိုင်ထားခြင်းမရှိတဲ့သူတွေအတွက် အခု Package လေးက ကမ်းပိန်းထွက်ဖို့ တကယ်ပဲ အသုံးဝင်စေမှာ ဖြစ်ပါတယ်။

ပထမဆုံးရွေးချယ်နိုင်မယ့် Pacakage လေးကတော့ ဒေါ်လာ ၆၇၀ ကျသင့်မယ့် Box ဖြစ်ကာ ခေါက်သိမ်း နိုင်တဲ့ မွေ့ယာတစ်ခုပါဝင်လာမှာပါ။ ဒေါ်လာ ၃,၇၃၅ ကျသင့်မယ့် KombiBox မှာတော့ အိပ်ယာတစ်ခု၊ ချက်ပြုတ်နိုင်တဲ့ ဧရိယာတစ်ခုနဲ့ ရေပေးဝေမှုနဲ့ Cargo Room တစ်ခုလည်းပါဝင်လာမှာဖြစ်ပါတယ်။ နောက်ဆုံး အမျိုးအစားတစ်ခုကတော့ VW Caravelle TS၊ T6 နဲ့ T6.1 Models တွေနဲ့ အလုပ်ဖြစ်နိုင်မယ့် BusBox ပဲ ဖြစ်ကာ အဆိုပါ Box မှာတော့ အိပ်ယာတစ်ခု၊ မွေ့ယာတစ်ခု၊ Two-Burner Stove ပါဝင်တဲ့ မီးဖိုချောင်တစ်ခု၊ ချဲ့ထွင်နိုင်တဲ့ ပစ္စည်းသိမ်းဆည်းဖို့နေရာတစ်ခု၊ ရေပေးဝေမှုစတဲ့ အရာတွေအားလုံး ပါဝင်လာပြီး ဒေါ်လာ ၄,၅၂၀ ကျသင့်မှာပါ။

#gallery-5 { margin: auto; } #gallery-5 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-5 img { border: 2px solid #cfcfcf; } #gallery-5 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

Volkswagen Commercial Vehicles ရဲ့ Aftersales ခေါင်းဆောင်ဖြစ်သူ James Allitt ကတော့ အဆိုပါ Camping Equipment အသစ်ဟာဆိုရင် ခရီးသွားမယ့်သူတွေအတွက် လိုအပ်တဲ့အသုံးအဆောင်တွေ၊ ရေပေးဝေမှုအပါအဝင် အခြားသော Utilities တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး တကယ့်ကို ကျစ်ကျစ်လစ်လစ်နဲ့ စိတ်သာယာမှု အပြည့်ပေးနိုင်လိမ့်မယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts