Elkhorn ဆိုတဲ့ ဘက်ထရီစနစ်သစ် တရားဝင်ဖွင့်လှစ်ပွဲ တစ်ခုဆီကိုတော့ Tesla က သူတို့ရဲ့ Cybertruck Prototype ကား တစ်စီးကို တရားဝင် ပို့ဆောင်ပေးလိုက်ပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ ဘက်ထရီ ထုတ်လုပ်ရေးစနစ် တွေထဲမှာ 730 MWh ပမာဏ နဲ့အတူ 256 Megapacks တွေအထိ အလုပ်လုပ် နေတဲ့လုပ်ငန်းကြီးတစ်ခု အဖြစ် စတင်လည်ပတ်လာတာပါ။ အခုလို အကြီးမားဆုံးသော ဘက်ထရီ လုပ်ငန်းပိုင်း အတွက် Tesla Cybertruck Prototype ကြီး ရောက်လာတာ သိပ်တော့ သတင်းကြီးတစ်ခု မဟုတ်‌ခဲ့ပေမယ့် ထွက်လာတဲ့ ပုံအသစ်တွေကို ကြည့်ရင်း သုံးသပ်ကြည့်ရမှာကတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

ထူးထူးခြားခြား အတွင်းခန်းထဲ လှမ်းကြည့်လို့ရနိုင်တာကြောင့် သိလိုက်ရတာတွေကတော့ ကားမှာ Instrument Cluster Display ကို သီးသန့် တပ်ဆင်ပေးထားတာ တွေ့ရပြီး ပိုထူးခြားတာကတော့ Yoke Steering Wheel ဆိုတဲ့ စတီယာတိုင် တစ်ဝက် ဒီဇိုင်း ပါလာတာပါပဲ။ ကားရဲ့ မူလ Concept မှာတုန်းက သာမန်စတီယာတိုင် ဒီဇိုင်းနဲ့ပဲ ဖြစ်ခဲ့တာပါ။ အခု အနေအထား အရတော့ Display ပုံစံနဲ့ ပေါင်းလိုက်မယ်ဆိုရင် Model S တို့ Model X တို့တုန်းက အတိုင်းကို လုပ်လာပုံရပါတယ်။ ဒါပေမယ့် လုံးဝကွဲပြား နေမှာကတော့ ကမ္ဘာပေါ်မှာ လုံးဝမမြင်ဖူး သေးတဲ့ လေးထောင့်ကျကျ ကားအပြင်ပိုင်း ဒီဇိုင်းပဲ ဖြစ်ပါတယ်။ အခု Prototype ကို ကြည့်ရသလောက် ကတော့ Tesla Cybertruck အခွံ အုပ် ပေးထားတဲ့ Tesla Models X လို့တောင် ထင်ရနိုင်ပြီး အလယ်က Infotainment Screen ကြီးက Model X ဆိုတာကြီးကို ပိုပြီး သက်သေထူနေသလို ဖြစ်လို့ နေပါတယ်။ ဒါပေမယ့် တကယ်တမ်း ထွက်လာခဲ့ ရင်လည်း အခုလိုမျိုး Controller အတူတူ တွေရယ် Software ပိုင်းအတူတူ တွေရယ်ပဲ ဆိုရင်လည်း သိပ်တော့ အံ့အားသင့်ရမှာ မဟုတ်တာ သေချာပါတယ်။ 

နောက်ထပ် အပြောင်းအလဲတွေထဲမှာ ဆိုရင်တော့ အရင်က သိထားတဲ့ အရှေ့ဘက် ထိုင်ခုံ ၂ ခု အကြား ခေါက်လို့ ရတဲ့ ခုံ ဆိုတာမျိုး မဟုတ်လာခဲ့ပဲ အလယ်ဘက်က Console ကို ထည့်ပေးထားတာမျိုးတွေ ဖြစ်နေတာပါ။ ဒ့ါအပြင် ပုံမှန် ထက်ပိုပြီ မတူညီပဲ ပြောင်းလဲနေတဲ့ ခြေနင်းတွေ ပုံစံ ဖြစ်ပါတယ်။ Windshield Wiper ကလည်း ယခင်ကထက် အတော်လေး တိုနေတာကြောင့် Telescope လိုများလား လို့တောင် ပြောရမလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ကားကလည်း အစောဆုံးသော ပုံကြမ်း Prototype အဆင့်ပဲရှိသေးတာကြောင့် ဝေဖန်ဖို့ အတော် စောဦးမှာပါ။ ဈေးကွက်ထဲက အခက်အခဲ တွေနဲ့ အခြားသော ကုန်ကြမ်းပြတ်လပ်မှုတွေ အပါအဝင် အမြဲလိုလို ပြောထားတာ ထက် နောက်ကျလေ့ရှိတဲ့ Tesla ရဲ့ အနေအထားတွေကြောင့် ၂၀၂၃ လောက်မှ အစောဆုံး အနေဲ့ ဈေးကွက်ထဲ စဝင်မယ်လို့ ခန့်မှန်းထားတာ အကောင်းဆုံးပါပဲ။ Tesla Cybertruck ကို ထုတ်လုပ်တော့မယ် ဆိုရင်တော့ Tesla ရဲ့ နောက်ဆုံးပေါ် 4680 Type Battery အသစ်တွေကိုပဲ တပ်ဆင်ပေးလာမယ် ဆိုတဲ့ သတင်းတွေကိုလည်း သိထားရသလို အခုလို ကားကြီး တစ်စီးအနေနဲ့ ပိုကောင်းပိုသစ်တဲ့ ဘက်ထရီ နည်းပညာတွေကို ရသင့်တယ် ဆိုတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ 

Ref: InsideEvs