Nissan ကတော့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ Concept ကားသစ် တစ်မျိုးကို ချပြဖို့ ပြင်ဆင်နေပြီး လွန်ခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ လနှောင်းပိုင်းကတည်းက Max-Out ဆိုတဲ့ နာမည်နဲ့ Teaser ချပြဖူးတဲ့ ကားဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ ကားကိုတော့ Virtual ပုံရိပ်ယောင် တွေကနေ လက်တွေ့မြင်လာရမယ့် လျှပ်စစ်ကားသစ် အဖြစ် Nissan တို့က ပုံဖော် ထားပါတယ်။ အဆိုပါ Concept ကို အနည်းငယ်ချပြခဲ့တုန်းကတော့ Nissan အနေနဲ့ နှစ်ယောက် စီး လျှပ်စစ် Roadster ကားသစ် တစ်စီးအဖြစ် ဖော်ပြထားခဲ့ဖူးပြီး အတော်လေးကို ပေါ့ပါးမယ့် ကားအဖြစ်လည်း ဖော်ညွှန်းထားပါသေးတယ်။ ကားကတော့ All-Wheel Drive စနစ် ပါလာနိုင်တာကြောင့် အရှေ့အနောက် ဝင်ရိုး တစ်ဖက် တစ်ချက်စီမှာ လျှပ်စစ်မော်တာလည်း တစ်လုံးစီ ပါဝင်လာဖို့ များပါတယ်။ Sport အရသာ ပေးလာမယ့် အဆိုပါ EV ကြမ်းခင်း ခပ်ပြားပြား၊ အတွင်းခန်း ကျယ်ကျယ် ၊ ကိုယ်ထည် ခပ်နိမ့်နိမ့် ပုံစံစတာတွေကို မြင်ရမှာပဲ ဖြစ်ပါတယ်။
#gallery-17 { margin: auto; } #gallery-17 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-17 img { border: 2px solid #cfcfcf; } #gallery-17 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */Nissan ကတော့ အခု ကားသစ်မှာ အဆင့်မြင့် e-4ORCE ဆိုတဲ့ စနစ်တစ်ခုကို သုံးထားမှာဖြစ်ပြီး လျှပ်စစ် မော်တာ ၂ လုံးတပ် All-Wheel Drive စနစ်လည်း ဖြစ်ပါတယ်။ အခု ကားမှာ မြင်ရမယ့် တစ်ချို့သော Hardware ပိုင်း တွေကို တော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀၁၉ လောက်ကတည်းက Nissan Leaf Prototype အဆင့်မှာ စတင် ချပြခဲ့တာဖြစ်ပြီး အဆိုပါ ကားရဲ့ စွမ်းဆောင်ရည် ကတော့ 304 hp နဲ့ 501 lb-ft Torque အထိကို ရှိတာပဲ ဖြစ်ပါတယ်။ အဆိုပါ ပမာဏ က လျှပ်စစ်ကား တစ်စီး အတွက်တော့ တော်တော်လေး မြန်နှုန်းမြင့်မြင့် မောင်းနိုင်မယ့် ပမာဏအဖြစ် မှတ်ယူလို့ ရနေပါပြီ။ လောလောဆယ်မှာတော့ အခု ချပြလာမယ့် Max-Out Concept အသစ်ရဲ့ အချက်အလက်တွေကို မချပြလာသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။
#gallery-18 { margin: auto; } #gallery-18 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-18 img { border: 2px solid #cfcfcf; } #gallery-18 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */
အခု Concept ကို Nissan ဘက်က သေချာချပြလာမယ် ဆိုရင်တောင် တကယ်တမ်း စီးပွားဖြစ် ထုတ်လုပ်လာမယ့် Version အထိကိုတော့ မမျှော်လင့်ထား သင့်သေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ် SUV နဲ့ Truck ကား တွေပဲ လွှမ်းမိုးလာနေတဲ့ ခေတ်ပေါ် ဈေးကွက်ထဲ လျှပ်စစ်အမိုးဖွင့် ကားကောင်းကောင်း ဆိုရင်တော့ ဝယ်မယ့် သူတွေက သေချာပေါက်ကို အမာခံ ရှိနေဦးမှာပါ။ ကုမ္ပဏီ အတွက်ကတော့ Leaf Model ကို လာမယ့် ၂၀၂၅ အရောက်မှာ Crossover အဖြစ် ပုံပြောင်းမိတ်ဆက်ဖို့ အဓိက ကြိုးစားနေတာကိုလည်း သတိပြုရပါလိမ့်မယ်။ ဒါကြောင့် အခု Max-Out Concept ထွက်လာပြီးရင်တော့ Leaf Crossover ရဲ့ ရှေ့ပြေးပုံစံ ဖြစ်လာနိုင်တဲ့ Chill-Out ကားကို မြင်ရနိုင်ပါတယ်။ ဒါ့အပြင် Single-Cab ဇိမ်ခံ Truck တစ်စီး ဖြစ်လာမယ့် Surf-Out နဲ့ လေးထောင့် ကျကျ Cube ကားတစ်စီးအသွင် Hang-Out ဆိုတဲ့ နောက်ထပ် Concept ကားတွေကိုလည်း ဆက်တိုက် မိတ်ဆက်လာ နိုင်တာကြောင့် Nissan ရဲ့ ခြေလှမ်းတွေကို သေချာဂရုတစိုက်ကြည့်ကြရတော့မှာပါ။
Ref: motor 1.com
