Maybach ဆိုတာကတော့ Mercedes-Benz ထုတ်ကုန်တွေထဲမှာ ဇိမ်ခံလို့ အကောင်းဆုံးသော ကားတွေပဲ ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အခုတော့ ကားတစ်စီးလို စီးနင်းရုံတင် မကပဲ ဝတ်ဆင်လို့ပါရတဲ့ အဆင့် ရောက်နေပါပြီ။ အဲ့ဒါကတော့ လာမယ့်နှစ် နွေအရောက်မှာ Maybach တို့ဆီက ဖြန့်ချီမယ့် The Creator ဆိုတဲ့ နေကာမျက်မှန်တွေပဲ ဖြစ်ပါတယ်။ Mercedes-Benz ရဲ့ အဓိက ဒီဇိုင်းပိုင်းတာဝန်ခံ ဖြစ်သူ Gorden Wagener နဲ့ သူ့ရဲ့ ဒီဇိုင်း အဖွဲ့ကတော့ အခု မျက်မှန်ကို တစ်မူထူးခြားအောင် ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ် ပြီး မျက်မှန်ရဲ့ ဘေးဘက်အဝိုင်းပုံစံလေးတွေက Maybach ရဲ့ Logo လိုမျိုး ဖန်တီးပေးထားတာပါ။ မျက်မှန် ကိုင်းကလည်း Maybach ကားတွေရဲ့ Radiator Grille နဲ့ တူနေပြီး အခုမျက်မှန်လေး တစ်လက်ရဖို့ကို အဆင့်ပေါင်း ၂၀၀ ကျော် အထိ အနုစိတ် ဖန်တီးထုတ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

#gallery-1 { margin: auto; } #gallery-1 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-1 img { border: 2px solid #cfcfcf; } #gallery-1 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

Wagner ကတော့ အခုနေကာ မျက်မှန်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အမှတ်သညာက အမြဲတမ်းဇိမ်ခံ အသွင် အပြင် ဆိုတာ သိသာနေပြီး အမြဲလည်း တိုးတက်ပြောင်းလဲ နေကာ ကားအပြင် အခုလိုမျိုး အလှအပ ရေးရာ ပိုင်းနဲ့ ခေတ်မှီတဲ့ Brand တစ်ခု အဖြစ်ပါ ဖန်တီး ပေးဖြစ်တာ ဖြစ်တယ် ဆိုပြီး ရှင်းပြထားပါတယ်။ မျက်မှန် တွေကိုတော့ အရောင် ၁၀ ရောင် အထိ ရွေးချယ်နိုင်ပြီး အရောင်အုပ်ထားတဲ့ သတ္တုသား ၊ ဒါမှမဟုတ် တိုက် တေနီယမ် ကိုမှ 22 k ရှိတဲ့ ရွှေသား အစစ် ၊ Rose Gold နဲ့ ပလက်တီနမ် တွေနဲ့ပါ ရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။ ရွှေပါမယ့် မျက်မှန်တွေမှာကိုပဲ Amber အရောင် Natural ကိုင်းနဲ့ ရွှေရောင် ခပ်ပြောင်ပြောင် မှန်သားတို့ ဆိုပြီး ရွေးချယ်ရနိုင်မှာပါ။ ဒါ့အပြင် Matte Black အနက်ရောင် ကိုင်းနဲ့ မီးခိုးရောင် မှန်သား ၊ Cream Green အစိမ်းရောင်ကိုင်းနဲ့ အစိမ်းရင့်ရောင် မှန်သားတွေ ဆိုပြီးလည်း ရွေး ချယ်ယူနိုင်မှာပါ။ နောက်ထပ် Rose Gold အရောင် မျက်မှန်တွေမှာ ဆိုရင်တော့ Matte Black အနက်ရောင် ကိုင်းနဲ့ မီးခိုးရောင် မှန်သား ဒါမှမဟုတ် Cream အရောင် ကိုင်းနဲ့ Rose Gold အရောင် မှန်သားတွေဆိုပြီး ရနိုင်မှာ ဖြစ်ပါတယ်။ Platinum မျက်မှန်မှာ ဆိုရင်တော့ Matte Black အနက်ကိုင်းကိုမှ မီးခိုးရောင် မှန်သား ဒါမှမဟုတ် Cream Blue အရောင် ကိုင်းနဲ့ ငွေရောင်မှန်သားတွေ ဆိုပြီး တွဲဖက် ရွေးချယ်နိုင်မှာပါ။

ဒါ့အပြင် အဆိုပါ မျက်မှန်တွေကို ပဲ အနီရောင် Version ထပ်ထွက်သေးပြီး အဖြူရောင်ကိုင်း ၊ Gloss နဲ့ Matte Black အနက်တို့ ရောထားတဲ့ ကိုင်း ၊ အဖြူ နဲ့ အနက် စပ်ထားတဲ့ ဒီဇိုင်း စသဖြင့်လည်း မျိုးစုံ ရွေးနိုင် ဦးမှာ ဖြစ်ပါတယ်။ အခု မျက်မှန်တွေမှာ သုံးထားတဲ့ ကိုင်း Horn တွေကတော့ ဘယ်တိရစ္ဆာန် ကိုမှ ထိခိုက် သတ်ဖြတ်တာမျိုးတွေ လုပ်ပြီး ရထားတာမျိုး မဟုတ်ဘူးလို့ Maybach က အသိပေးထားပါတယ်။ အခု Material တွေကိုတော့ IVKO ဆိုတဲ့ ကုမ္ပဏီ တစ်ခုက ထောက်ပံ့ပေးထားပြီး အာရှရဲ့ ရေကျွဲတွေ ဆီကနေ ရရှိ ထားတယ်လို့တော့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ မျက်မှန်တွေရဲ့ ဈေးနှုန်း အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။ အခုလို Maybach မျက်မှန်တွေ ကတော့ Mercedes SL Class လိုမျိုး ထုတ်လုပ်နေဆဲ ကားအသစ်ကြီးနဲ့ဆို အတော်ကို လိုက်ဖက် နေမှာတော့ သေချာပါတယ်။ အဆိုပါ ကားမှာ ဆိုရင်တော့ တစ်ခြားသော ကားအသစ် တွေလိုပဲ အတွင်းခန်း ခပ်လန်းလန်း ပါလာနိုင်ကာ အနီရောင် ကိုယ်ထည်နဲ့ အနက်ရောင် ရှေ့စက်ဖုံး တွေကို ပေါင်းစပ်ထားအပြီး Maybach ရဲ့ Logo ကို Pattern အထပ်လေးတွေ အနေနဲ့ ပေါင်းစပ် ထားတာကိုတော့ လောလောဆယ် မြင်တွေ့ထားရပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com