Mercedes-Benz AMG ရဲ့ လျှပ်စစ် ကားသစ်တွေ အတွက် တရားဝင် သံတမန်ဖြစ်ထားတဲ့ သရုပ်ဆောင်နဲ့ အဆိုတော် Will.i.am နဲ့ Mercedes Benz AMG တို့အကြား ပူးပေါင်းပြီး Will.i.AMG ဆိုတဲ့ အထူးထုတ် တစ်စီးတည်းသော ကား ကို ဖန်တီးခဲ့ကြပါတယ်။ အဆိုပါ အထူးထုတ် တစ်စီးတည်းသော ကားကိုတော့ GT 4-Door Coupe ကားကို အခြေခံ ကာ ဖန်တီးထားတာပါ။

ပထမဆုံး ထူးထူးခြားခြား စမြင်ရမှာက အခု ကားရဲ့ အနောက်ဘက်ကို လှန်ဖွင့်ထားတဲ့ တံခါးချပ်ကြီး ၂ ချပ် ပါပဲ။ အဆိုပါ တံခါးတွေကတော့ SLS AMG  ကားဆီက ဒီဇိုင်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေးထောင့်နဲ့ ထုထည်ကျကျ အရှေ့ဘက် ဒီဇိုင်းကိုတော့ G 63 ကားဆီက အနည်းငယ် မှီငြမ်းထား တာ ဖြစ်ပါတယ်။ တစ်ခု ထူးခြားတာက Mercedes ရဲ့ အမြဲသုံးနေကျ ကြယ်ထောင့် သုံးထောင့်နဲ့ တံဆိပ်နေ ရာကို ဝက်ဝံတစ်ကောင်ရဲ့ မျက်နှာပုံစံလေးနဲ့ စမ်းသပ်ထားတာဖြစ်ပြီး Bear Witness လို့လည်း အမည်ပေး ထား ပါသေးတယ်။ ကားရဲ့ အင်ဂျင် မှာတော့ နဂိုအင်ဂျင်က အကောင်းဆုံး ဖြစ်နေပြီးသားလို့ ခံယူထားတာ ကြောင့် အပြောင်းအလဲ ဘာမှ မလုပ်ထား ဖြစ်ပါတယ်။ ဒါပေမယ့် အခုကားကို ဖန်တီးရာမှာ ဘယ်လို GT 4-Door Coupe Model ကို အခြေခံ ထားတာလဲ ဆိုတာ သေချာ မသိရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားက တော့ GT 63S E Performance 4-Door Coupe Plug-In Hybrid မော်ဒယ်ပေါ်မှာသာ အခြေခံထား တယ် ဆိုရင် 843 hp လောက်အထိ စွမ်းဆောင်နိုင်မှာပါ။ အခု ကား အတွက် သီးသန့် ရိုက်ကူးပြထားတဲ့ အပိုင်း ၆ ပိုင်းပါ Documentary မှာဆိုရင်တော့ အသေးစိတ် ပြောပြထားနိုင်ပြီး Drive လို့ အမည် ပေးထား ကာ အခုလ နှောင်းပိုင်းမှာ ကျင်းပမယ့် ၂၀၂၂ ကိန်း ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရှိနေပါတယ်။

Will.i.am ကတော့ ယခင်တုန်းကလည်း အခုလိုမျိုး အထူးထုတ်ကားတွေ ဖန်တီးရာမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်ပြီး သူနဲ့ အတူ တွဲဖက် ဖန်တီးခဲ့ဖူးကြတဲ့ ကားတွေထဲမှာ DeLorean DMC-12 ၊ Chevrolet Corvette နဲ့မူလ Volkswagen Beetle တို့လည်း ပါဝင်နေပါတယ်။ သူနဲ့အတူ ဖန်တီးခဲ့တဲ့ ကားတွေကတော့ အကြောင်းရင်း ကောင်းတွေနဲ့အတူ အမှတ်တရ ဖြစ်ခဲ့ ကြတာချည်း ဖြစ်ပြီး တစ်ချို့ကားတွေဆိုရင် သူ့ရဲ့ကိုယ်ပိုင် I.am.auto ဆိုတဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းနဲ့လည်း ပေါင်းစပ် ထုတ်လုပ်ထားတာပါ။ အဆိုပါ လုပ်ငန်းက တော့ နောက်မျိုးဆက်သစ် ကလေးတွေကို နည်းပညာပိုင်း လုပ်ငန်းတွေမှာ ပိုပြီး စိတ်ဝင်စားလာစေဖို့ အတွက် ဖန်တီးထားတဲ့ လုပ်ငန်းလည်းဖြစ်ပြီး ကားတွေလည်း ဖန်တီး ကြတာပါ။ အခုလိုမျိုး Will.i.AMG ကားသစ်ကိုတော့ Will.i.am အနေနဲ့ တောက်လျှောက်ဖန်တီး ပူးပေါင်းနိုင်ဦးမယ် ဆိုရင် Will.i.am ရဲ့ i.am/Angel Foundation မှာပဲ အကျိုးကျေးဇူးတွေ ရလာနိုင်ပါသေးတယ်။ အဆိုပါ ဖောင်ဒေးရှင်းက တော့ ကျောင်းတွေကို ထောက်ပံ့ပေးနေတဲ့ STEM Subject ဆီ အကျိုးသက်ရောက်နိုင်မှာပဲ ဖြစ်လို့ အခု ကားဖန်တီးရတာက အကျိုးကျေးဇူးကြီးမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority