Lamborghini Countach LPI 800-4 ဆိုတာ ကတော့ ၂၀၂၁ ထဲမှာ စတင် ထွက်ရှိလာစဉ်ကတည်းက အစီးရေ ၁၁၂ စီးပဲ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို သီးသန့်ပဲ ထုတ်လုပ်ပေးထားတာတောင်မှ ဒီထက်ပိုပြီး သီးသန့်ဆန်တဲ့ ပြင်ဆင်မှုတွေနဲ့ Lamborghini Countach LPI 800-4  ကားသစ်တစ်စီး ကို ထပ်မြင်ရပြန်တာပဲ ဖြစ်ပါတယ်။

#gallery-35 { margin: auto; } #gallery-35 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-35 img { border: 2px solid #cfcfcf; } #gallery-35 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

ဈေးကွက်ထဲက ၁၁၂ စီးထဲ အခုကားကသာလျှင် တစ်စီးတည်းသော ပြန်လည်ပြင်ဆင်ထားတဲ့ Countach ကားဖြစ်ပါတယ်။ ဒါပေမယ့် ပြန်လည် ပြင်ဆင်မှု တွေ ထဲမှာတော့ ကားရဲ့ ကိုယ်ထည် အရောင် မပါဝင်ပဲ အရောင် ကတော့ နဂို Blu Hal စက်ရုံထုတ် အရောင်အတိုင်း ပါပဲ။ Tuning ပြန်လုပ်ထားတယ် ဆိုပေမယ့်လည်း အများကြီး တော့ လိုက်ပြင်ဆင်ထားတာမျိုး မဟုတ်ပဲ အလွယ်တကူ ပြောင်းလွယ် ပြင်လွယ်တဲ့ အပြင်အဆင်မျိုးကို Tuning ပြန်လုပ် ထားတာပါ။ အထူးသဖြင့် ANRKY ဘီးသစ်ရဲ့ X Series အမျိုးအစားထဲက S2-X0 Two-Piece ဘီးတွေ အစားထိုးသုံးပေးထားပါတယ်။ မှန်တွေမှာ ထပ်ပါ လာတဲ့ Gold Sheen အရောင်ပြန်လေးတွေကလည်း ကားကို နဂိုထက် ပိုကြွကြွရွရွ ရှိစေခဲ့သလို Red Callipers တွေလည်း ထပ်ထည့် ပေးထားဟန်တူပါ တယ်။

#gallery-36 { margin: auto; } #gallery-36 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-36 img { border: 2px solid #cfcfcf; } #gallery-36 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

နောက်ထပ် ပြောင်းလဲမှုကြီးရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ကားကို ပိုနှိမ့်ပေးထားနိုင်တဲ့ Static Lower Package ဖြစ်ပြီး ကားရဲ့ တန်ကြေးကိုတော့ သိပ်အ ပြောင်းအလဲ မရှိနိုင်တဲ့ ပြင်ဆင်မှုမျိုးပါပဲ။ ၁၁၂ စီး ပဲရှိတဲ့ ကားကိုမှ အခုလို မျိုး တကယ်ကောင်းတဲ့ အပြင်အဆင်နဲ့ ပြန်လည် အထူးထုတ်လိုက်တာကတော့ ရှားပါးတဲ့ Tuning လက်ရာ တစ်ခု လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

Ref: AllAutoExperts