အခုလာမယ့် ဇွန်လ ၈ ရက် ကနေ ၁၂ ရက် နေ့အထိ ကျင်းပမယ့် Le Mans ၂၄ နာရီ ကားမောင်းပွဲကြီးထဲမှာတော့ Jaguar အနေနဲ့ 1988 Le Mans ပွဲမှာ ဆုရခဲ့ဖူးတဲ့ XJR-9 ကားကို ချပြလာဖို့ ရှိနေပါတယ်။ ဒါပေမယ့် ပိုထူးခြားတာ ကတော့ အဆိုပါ အမှတ်တရ ပြိုင်ကားနဲ့ အတူ အထူးထုတ်အနေနဲ့ အသစ်ဖန်တီးထားတဲ့ F-Pace SVR Edition 1988 ဆိုတဲ့ ကားသစ်ကြီးပါပဲ။ အဆိုပါ ကားကိုတော့ လွန်ခဲ့တဲ့ ၃၄ နှစ်က ကားပြိုင်ပွဲကြီးဆီကနေ အလိုချင်ဆုံးသော အရသာတွေကို ကောင်းကောင်း ပြန်လည် ပေါင်းစပ်ကာ ဖန်တီးပေးထားတာပဲ ဖြစ်ပါ တယ်။ Brand ရဲ့ ပြိုင်ကားလောကမှာ အတော်လေး အောင်မြင်ထားတဲ့ ကားကို အမှီပြုဖန်တီးထားတဲ့ SUV တစ်စီးလည်းဖြစ်တာကြောင့် တကယ်ကို အစီးရေ အကန့်အသတ်နဲ့ပဲ ရောင်းချမှာပါ။ ကားရဲ့ အပြင်ဘက်ကိုတော့ Midnight Amethys ဆိုတဲ့ ခရမ်းရင့်ရောင် ခပ်ပြောင် ပြောင် အရောင်နဲ့ ဖန်တီးပေးထားပြီး 1988 ခုနှစ်က Le Mans ပြိုင်ကားကို ပြန်ပြီး အမှီပြု ထားပါတယ်။ Champagne Gold Satin ဆိုတဲ့ အနားသတ်လေးတွေ ကလည်း ကားကို အတော်လေး လှပ နေစေပြီး ၂၂ လက်မအရွယ် Forged အလွိုင်းဘီးတွေ ကလည်း တော်တော် လိုက်ဖက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် Sunset Gold လို့ အမည်ပေးထားတဲ့ ရွှေအိုရောင်လေးတွေကို ကားရဲ့ ကိုယ်ထည်အနားသတ် လေးတွေမှာ ထည့်ပေးထားပြီး အတွင်းခန်းမှာလည်း မြင်သာ ထင်သာရှိနေစေတာဖြစ်ပါတယ်။ အထူးသဖြင့် အဆိုပါ ရွှေရောင် လေးတွေကို တော့ စတီယာတိုင်နေရာ ၊ စတီယာတိုင်မှာပဲ တပ်ဆင်ထားတဲ့ ဂီယာနေရာတို့အပြင် ထိုင်ခုံနဲ့ Dashboard တွေမှာလည်း လှလှပပ အနား ကွပ် ပေးထားတာပါ။
#gallery-1 { margin: auto; } #gallery-1 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-1 img { border: 2px solid #cfcfcf; } #gallery-1 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */အဆိုပါ အတွင်းပိုင်း အရောင်တွေကတော့ 1988 Limited Edition Model အတွက်ပဲ သီးသန့်ရနိုင်မှာဖြစ်ပြီး လေဆာ နဲ့ ထွင်းပေးထားတဲ့ Edition 1988 ဆိုတဲ့ လိုဂိုလေးကအစ တကယ်ကို သီးသန့်ဆန်လွန်းတဲ့ အမှတ်တရလေး ဖြစ်နေစေပါတယ်။ ဒါ့အပြင် တံခါးရဲ့ မှန်တွေနဲ့ ဘရိတ် Calipers တွေ ၊ ဘီး ရဲ့ အလယ်အုံ နဲ့ SVR တံဆိပ်တွေပေါ်က R Logo လေးကိုပါ ရွှေရောင်နဲ့ ဆန့်ကျင်ဖက် ဖြစ်မယ့် အနက်ရောင် လေးတွေ အဖြစ် လှလှပပ ထည့်သွင်းပေးထား လိုက်တာပဲ ဖြစ်ပါတယ်။ အတွင်းခန်းမှာ ဆိုရင်တော့ ကာဗွန်ဖိုက်ဘာ သီးသန့်ကို သုံးပေး ထားပြီး Dashboard အတွက် ဆိုရင်တော့ Leather Upholstery တွေကို ကောင်းကောင်း သုံးပေးထားပါတယ်။ ဒါ့အပြင် စတီယာတိုင် ၊ ဂီယာနဲ့ ထိုင်ခုံတွေမှာ လယ်သာဆက်သုံး ပေးထားပြီး Jaguar ရဲ့ SV Bespoke Division တွေကပဲ အခု ဖန်တီးမှုတွေကို အကုန် စီစဥ် ပေးထားတာပဲ ဖြစ်ပါတယ်။
#gallery-2 { margin: auto; } #gallery-2 .gallery-item { float: left; margin-top: 10px; text-align: center; width: 33%; } #gallery-2 img { border: 2px solid #cfcfcf; } #gallery-2 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */ဒါပေမယ့် ကားရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတော့ 5.0 Liter Supercharged V8 Gasoline Engine ကိုပဲ ဆက်သုံးပေးထားတာ ကြောင့် 550 hp နဲ့ 516 lb-ft Torque အထိ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ ဂီယာစနစ်ကိုလည်း Eight-Speed Automatic Transmission စနစ်နဲ့ တွဲဖက် ပေးထားတာဖြစ်ပြီး တစ်နာရီ မိုင် ၆၀ အထိအရှိန်တင်နိုင်ဖို့ ၃.၈ စက္ကန့် သာကြာမြင့်မှာဖြစ်ကာ အမြန်ဆုံး ကတော့ ၁၇၈ မိုင် အထိ မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ အထူးထုတ် ကားသစ်ကို အစီးရေ ၃၉၅ စီးပဲ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး ဈေးနှုန်းကတော့ $ 110,000 ကနေ စတင် ကျသင့် ဖို့ရှိနေပါတယ်။ အခု ဆိုရင်တော့ အဆိုပါ အထူးထုတ် Limited Edition Performance SUV ကိုကမ္ဘာ့ဈေးကွက် အသီးသီးမှာရှိတဲ့ Jaguar အရောင်းကိုယ်စားလှယ်တွေဆီမှာ စတင်မှာယူနိုင်တော့မှာပဲ ဖြစ်ပါ တယ်။
Ref: motor 1.com
