တရုတ် နိုင်ငံရဲ့ Guangzhou Automobile Group (GAC) ကား ကုမ္ပဏီကတော့ ကားရဲ့ အရှေ့ဘက် မျက်နှာစာ တစ်ခု လုံးမှာ  Grille တစ်ခုတည်း အပြည့်ပါဝင်တဲ့ Space Concept အသစ်တစ်ခုကို ချပြလိုက် ပြီး တော်တော် လေးလည်း ဒီဇိုင်းဆန်းလို့ နေပါတယ်။ BMW ရဲ့ နာမည်ကျော် Kidney Grille ထက်လည်း ကြီးမားပြီး Audi ရဲ့ Grille နဲ့ Lexus ရဲ့ Grille တွေထက်လည်း ပိုကြီးပါတယ်။ အခု Van Concept ရဲ့ အရှေ့ဘက် Grille မှာတော့ အတော်လေး ကြီးမားတဲ့ ဒေါင်လိုက် ဘားတန်းကြီးတွေကိုလည်း ထည့်သွင်း ပေးထားပြီး Illuminated မီးရောင်စနစ်နဲ့  သာမန် ထက် ပိုကျယ်တဲ့ LED Light Bar ကိုလည်း တပ်ဆင် ပေးထားတာ ဖြစ်ပါတယ်။ အခု အရှေ့ဘက် Grille အပြင် အခု Concept မှာ ထူးခြား နေသေးတာကတော့ Gullwing Door တံခါးကြီးနဲ့ အတော်လေး ကြီးမားတဲ့ Tailgate တွေကို မြင်ရတာပါ။ အဆိုပါ Tailgate ကတော့ အနောက်ဘက်မှာ အလိုအလျောက် အဖွင့်အပိတ် လုပ်နိုင်ပြီး ဖွင့်လိုက်ပြီ ဆိုရင်လည်း Cullinan တို့မှာသာ ရနိုင်မယ့် အတော်လေး ကျယ်ဝန်းတဲ့ Luxury အရသာကို ခံစားရစေမှာပဲ ဖြစ်ပါတယ်။ Concept သာ ရှိသေးတဲ့ ကားဆိုပေမယ့်လည်း B-Pillar တွေ မထည့်ပေးထားတာကြောင့် ဇိမ်ခံ Lounge ပိုဆန်တဲ့ အတွင်းခန်း အရသာကိုလည်း ကျယ်ကျယ်ဝန်းဝန်း ခံစားနိုင်မှာပါ။

#gallery-1 { margin: auto; } #gallery-1 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-1 img { border: 2px solid #cfcfcf; } #gallery-1 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အဆိုပါ ကား ထွက်လာမယ် ဆိုရင်တော့ Level 4 အဆင့်အထိ ရှိတဲ့ မောင်းသူမဲ့ နည်းပညာ ပါဝင် လာနိုင် မယ်လို့ ရည်မှန်းထားပြီး အဆိုပါ အဆင့် ကတော့ ယာဉ်မောင်းတွေရဲ့ လုပ်ငန်း ဆောင်တာတွေလို မလို လောက်တော့တဲ့ အထိ လျှော့ချပြီး ကားကချည်း အကုန်လုပ်သွားတော့မယ့် စနစ်မျိုး ဖြစ်ပါတယ်။ တကယ် လို့ အဆင့်မြင့် မောင်းသူမဲ့စနစ် ကို ဖွင့်ထား လိုက်မယ်ဆိုရင် Yoke ပုံစံ တစ်ဝက် စတီယာတိုင်က အထဲကို ဝင်ကာ ပျောက်သွားတော့မှာ ဖြစ်ပြီး ကား အတွင်း အတော်ကျယ်ကာ သက်တောင့်သက်သာ ဖြစ်တဲ့ ဟော် တယ်ဆန်ဆန် အရသာကို ခံစားရစေမှာပါ။ အခုလို မျိုး အတွင်းခန်း ပိုကျယ်ဖို့ကိုလည်း အာရုံ စိုက် ထားတာ ကြောင့် L ပုံစံ ဆိုဖာတွေကို သုံးပေးထားကာ ထိုင်ခုံ ၂ လုံး စီ ကလည်း သီးသန့် ပတ်ပတ်လည် လှည့်လို့ ရနိုင်ဦးမှာ ဖြစ်ပါတယ်။ အဓိက အခု Concept ရဲ့ ဆွဲဆောင်မှု နောက်တစ်ခု ကတော့ 180 hp နဲ့ 258 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်မယ့် ဟိုက်ဒရိုဂျင် Fuel Cell စနစ်ပဲ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် တစ်ကန် တစ်ခါ ဖြည့်ထားမယ် ဆိုရင်လည်း ကားက ၄၀၃ မိုင် အထိ မောင်းနိုင်မယ်လို့ သိရပြီး ဟိုက်ဒရို ဂျင် တစ်ခါ အပြည့်ဖြည့်ဖို့ကလည်း ၃ မိနစ် ကနေ ၅ မိနစ်ပဲ ကြာမြင့်တာ ဖြစ်ကာ သာမန် ဓာတ်ဆီကားတွေ ဖြည့်ရသ လောက်ပဲဖြစ်သွား တော့မှာပါ။

#gallery-2 { margin: auto; } #gallery-2 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-2 img { border: 2px solid #cfcfcf; } #gallery-2 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

GAC Tech ကုမ္ပဏီ ရဲ့ R&D Center ကလာတဲ့  နည်းပညာပိုင်းတွေ အရတော့ ကုမ္ပဏီဟာ ဟိုက်ဒရိုဂျင် စွမ်းအင်နဲ့  သုံး နိုင်မယ့် 1.5 Liter Combustion Engine ကို ဖန်တီးထား နိုင်တယ်လို့လည်း သိရပါတယ်။ တကယ်တော့ အခု နည်းပညာ ကလည်း အသစ်အဆန်းတော့ မဟုတ်တော့ပဲ Toyota အနေနဲ့ ယခင်တုန်း ကတည်းက GR Yaris နဲ့ Corolla Prototype တွေမှာ သုံးခဲ့ ကြဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ နည်းပ ညာက တကယ်ပဲ လက်ရှိ Engine တွေ နေရာ ကောင်းကောင်း အစားထိုး ပြီး ဆက်လက်ဆွဲဆန့် ပေးထား နိုင်မှာလား ဆိုတာကတော့ ပြောဖို့ရာ စောလွန်း နေသေးပြီး နာမည်ကြီး Porsche တို့ ဖန်တီးနေတဲ့ Synthetic Fuel တွေလည်း ထိုနည်းတူပဲ ဖြစ်လို့ စောင့်ကြည့်စရာ နည်းပညာသစ်တွေ အများကြီးပဲ ဖြစ်ပါ တယ်။

Ref: motor 1.com