လာမယ့် ၂၀၂၅ မတိုင်ခင် အထိတော့ နာမည်ကြီး ကားကုမ္ပဏီ Ferrari တို့ကနေ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ် ကားကို ချပြသေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်အခုတော့ အမေရိကမှာ ရှိတဲ့ မူပိုင်ခွင့်ရုံးမှာ တင်သွင်းလာခဲ့တဲ့ ကုမ္ပဏီ ရဲ့ ကားသစ်အတွက် နည်းပညာတစ်ချို့ ပုံရိပ်တွေအရ ဆိုရင်တော့ ဒီဇိုင်းအကြမ်းလောက် ခန့်မှန်းလို့ရဖို့ ပိုလွယ်ကူ လာခဲ့ပါပြီ။ အဆိုပါ မူပိုင်ခွင့်မှာဆိုရင်တော့ Electric ဒါမှမဟုတ် Hybrid Sport Car အဖြစ် ဖော်ပြထားတာဖြစ်ပြီး ထူးခြားတာကတော့ ကုမ္ပဏီရဲ့ မူလကားတွေမှာ အင်ဂျင်ကိုအလယ်မှာတပ်ဆင်ထားတဲ့ အတိုင်း အခုလည်း ဘက်ထရီကို ကားရဲ့ အလယ်တည့်တည့်မှာ တပ်ဆင်ထားဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ဘက်ထရီ ကတော့ ပုံအရ ဆိုရင် Chassis တွေထဲကြားထဲက Sub Frame လိုနေရာမျိုးမှာ ထည့်ပေးထားတာပါ။

#gallery-1 { margin: auto; } #gallery-1 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-1 img { border: 2px solid #cfcfcf; } #gallery-1 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

Mid-Engine ကား အရသာအတိုင်းဖြစ်အောင် လျှပ်စစ်ဘက်ထရီကိုပါ အလယ်မှာထည့်ထားတဲ့ ဒီဇိုင်းအပြင် နောက်တစ်ချက်ထူးခြားတာ ကတော့ ခရီးသည် ထိုင်လိုက်တဲ့အပိုင်း အောက်ဘက်မှာ နောက်ထပ် Modules အသေးလေးတွေ ထည့်ထားတာကို မြင်ရတာပါပဲ။ Ferrari ကတော့ အလယ်မှာ တပ်ဆင်ထားမယ့် ဘက်ထရီကိုပဲ အရှေ့ ဘက်မှာပါ Internal Combustion Engine ထပ်ထည့်ပြီး Hybrid အမျိုးအစား အဖြစ်လည်း မူပိုင်ခွင့်ထဲမှာ ဖော်ပြထားသေးတာ ဖြစ်ပါတယ်။ အလယ်မှာ တပ်ဆင်ထားတဲ့ ဘက်ထရီ အပိုင်းကိုတော့ နည်း နည်းလေး အပေါ် တိုးတင်တပ်ဆင်ထားတဲ့ ပုံဖြစ်ပြီး ကုမ္ပဏီကတော့ Downforce ပိုင်း ပိုကောင်းအောင် လုပ်ထားတာ ဖြစ်တယ်လို့ ဖော် ပြထားပါတယ်။ ဒါ့အပြင် အဆိုပါကား Platform ထဲမှာပဲ အပူချိန်ကို ပြန်ပြီး လည်ပတ်နေစေဖို့ စီမံထားမယ်လို့ သိရတာကြောင့် လျှပ်စစ် ဘက်ထရီကိုပါ အအေးပေးနိုင်အောင် ထွက်လာတဲ့အပူကနေ ပြန်စီစဉ်မယ့် သဘောပါပဲ။

အခု Patent ပုံရိပ် ‌တွေအရကတော့ Cylinder ပုံစံ ဘက်ထရီ Cells တွေ အနေနဲ့ ကြမ်းခင်းမှာ တပ်ဆင်ပေးလာမယ် ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလယ်မှာ တပ်ဆင်မယ်ဆိုတဲ့ ဘက်ထရီ အပိုင်းအရကတော့ Cylinder ပုံစံ Cell တင်မကပဲ ၊ Prismatic ပုံစံ ဒါမှမဟုတ် Pouch Cell တွေကိုပါ ဒီအတိုင်းထားမှာလား ဆိုတာ ကတော့ မသေချာသေးတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အခုတစ်ခေါက် တင်သွင်းထားတဲ့ မူပိုင်ခွင့်ပုံတွေ ကတော့ လွန်ခဲ့တဲ့ ၂၀၂၀ ကတည်းက ဥရောပ မူပိုင်ခွင့် ရုံးမှာ တင်သွင်းခဲ့ဖူးတဲ့ Modular Electric Drive System နဲ့လည်း ကိုက်ညီနေတာ တွေ့ရပါတယ်။ အခု မြင်တွေ့ထားရတဲ့ တစ်ချို့ စနစ်တွေကို ဖာရာရီရဲ့ လျှပ်စစ်ကားမှသာ မြင်ရ မှာ ဖြစ်တာကြောင့် လာမယ့်နှစ် အနည်းငယ်လောက် အတွင်းအထိမှာတော့ မြင်တွေ့ရဖို့ ဝေးပါသေးတယ်။ ဒါပေမယ့် လည်း ကုမ္ပဏီ က တော့ သူတို့ရဲ့ Hybrid Model တွေဖြစ်လာမယ့် SF90 Stradale နဲ့ 296 GTB ကားတို့ကို သေချာအာရုံစိုက်နေပြီး နောက်ထပ် နည်းပညာ သစ်တွေ ချဲ့ထွင်ဖို့ ဆိုရင်တော့ ဟိုက်ဒရိုဂျင်နဲ့ Biofuels ပိုင်းတွေ ကိုပါ လေ့လာနေပြီ ဖြစ်ပါတယ်။

Ref: MotorAuthority