လျှပ်စစ် စွမ်းအင်သုံး Truck ကားတွေ တစ်စထက်တစ်စ ပိုတိုးလာတာနဲ့အမျှ Platform လေး တစ်မျိုးတည်းနဲ့ ပုံစံ မျိုးစုံ သုံးလို့ရမယ့် အခြေအနေကို မျှော်လင့်လာကြပါတယ်။ ဟုတ်ပါတယ် ၊ Platform တစ်မျိုးတည်းက လျှပ်စစ် ကား မျိုးစုံကို ဖန်တီးပေးနိုင်မှာ မျိုးကိုတော့ Brand တစ်ခုမှ လုပ်မပေးနိုင်သေးပဲ နာမည်ကြီး Brand တွေကလည်း ကိုယ်ပိုင် Modular Platform တစ်ခုစီ ရှိလာကြပေမယ့် ဘက်စုံ သုံးတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ထူးထူးခြားခြားပဲ ဂျာမနီ အခြေစိုက် လျှပ်စစ်ကား Brand Xbus ကတော့ အခုလို ဘက်စုံသုံး ကျစ်ကျစ်လစ်လစ်နဲ့ လျှပ်စစ်ကား Platform တစ်ခု ဖန်တီး ပေးထားနိုင်တာ တွေ့ရပါတယ်။ မနှစ်ကတည်းက မိတ်ဆက်ထားခဲ့တဲ့ အဆိုပါ Platform နဲ့ ကားလေးမှာ တော့ ဝယ်ယူသူတွေဟာ Base Platform အပြင် အမျိုးမျိုးသော ပုံပြောင်း ရွေးချယ်စရာတွေကိုလည်း ဖန်တီး ပေးထား လို့ အတော်လေးစုံလင် လှပါတယ်။ အဆိုပါ Platform ရဲ့ မျိုးကွဲတွေထဲမှာမှ စိတ်ဝင်စားစရာ ကောင်းနေတဲ့ ကားလေး တစ်စီး ကတော့ ၁၂.၉ ပေ အရှည် ၊ ၅.၅ ပေ အကျယ် နဲ့ ၆.၅ ပေ မြင့်တဲ့ Camper Van ကျစ်ကျစ်လစ်လစ် ကားလေး ပါပဲ။

#gallery-5 { margin: auto; } #gallery-5 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-5 img { border: 2px solid #cfcfcf; } #gallery-5 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အရွယ်အစားလေးက သေးသေးလေးပဲလို့ ထင်ကောင်းထင်မိနိုင်ပေမယ့် အဆိုပါ Camper Van ကားလေးထဲမှာ လူ ၂ ယောက် အထိ အေး ဆေးအိပ်လို့ ရနိုင်ပါတယ်။ ဒါတင်မကသေးပဲ Camper Van ကားတွေမှာ လိုအပ်တဲ့ အခြေခံ လိုအပ်ချက် တွေဖြစ်တဲ့ နေရာချွေတာနိုင်တဲ့ မီးဖိုချောင်နဲ့ ဘေစင် ၊ ရေခဲသေတ္တာ တစ်လုံး ၊ မီးဖိုတစ်လုံး ၊ တီဗွီ နဲ့ ရေသန့်ကန် တစ်ကန်တို့တောင် ရအောင်ထည့်ပေးထား သေးတာ ဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ Camper ကားလေးရဲ့အမိုးမှာ ဆိုလာပြားတွေ ပါဝင်လာတာဖြစ်ပြီး တစ်နာရီကို လျှပ်စစ်စွမ်းအင် ပမာဏ ၈၀၀ ဝပ် လောက် အထိ ထုတ်ပေးနိုင်မှာပါ။ ဘက်ထရီ တွေကတော့ ကားမှာ 10 kWh Battery ကို သုံးပေးထားပြီး တစ်ခါ အား ပြည့် နေရင် ၁၂၄ မိုင် Range လောက်အထိကို ခရီးနှင် နိုင်ပါတယ်။ တကယ်လို့ အပိုရွေးချယ်စရာ အဖြစ် 30 kWh Battery ကို ထပ်ပြီး တပ်ဆင်ထားမယ် ဆိုရင်တော့ ကားက အားအပြည့် ရှိနေရင် စုစုပေါင်း ၃၇၃ မိုင် အထိကို ခရီးနှင် နိုင်ပါလိမ့်မယ်။

#gallery-6 { margin: auto; } #gallery-6 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-6 img { border: 2px solid #cfcfcf; } #gallery-6 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အခု ကားလေးကို ဝယ်ချင်တဲ့ သူတွေအဖို့တော့ Standard Version နဲ့ လမ်းကြမ်းအတွက် ဆိုပြီး ၂ မျိုး ရွေးချယ်နိုင် မှာ ဖြစ်ကာ ကိုယ်လို ချင်တဲ့ အရသာအတိုင်း အပြည့်ပေးနိုင်ပါလိမ့်မယ်။ လျှပ်စစ်စနစ်နဲ့ အလိုအလျောက် ထိန်းချုပ် ပေးထားတဲ့ All-Wheel Drive ကြောင့် လျှပ်စစ်မော်တာ တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမို ကောင်းမွန်စေပြီး 738 lb-ft Torque အထိကို ရှိလာမှာပါ။ Xbus Base Model ကို တော့ ဒေါ်လာ ၂၁,၀၀၀ လောက်ကနေ စတင် ရောင်းချ နိုင်ပြီး Xbus Camper ရဲ့ ဈေးကတော့ ဒေါ်လာ ၃၅,၇၆၀ လောက်ကနေစတင် နိုင်တာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီ အနေနဲ့ကတော့ အဆိုပါ ကားတွေကို လာမယ့် ၂၀၂၃ မှာ ဝယ်ယူသူတွေထံ အရောက် ပို့ဆောင် ပေးနိုင်မယ် လို့ မျှော်မှန်းထား ပါတယ်။

Ref: motor 1.com