အမေရိကန်‌ကား ဈေးကွက်ထဲမှာတော့ အခုချိန်မှာ Thanksgiving ပွဲတော်အတွက် အလုပ်များ ပြင်ဆင်နေကြချိန် အချိန်ကိုက် ဒီဇိုင်းဆန်းဆန်းကား Concept တစ်စီးကို ချပြလာတာကတော့ General Motors ကုမ္ပဏီပဲ ဖြစ်ပါတယ်။ အခု မြင်ရတဲ့ Concept အသစ်ကတော့ အခုနှစ် အစောပိုင်းမှာမှ မြင်တွေ့ထားရတဲ့ Wildcat EV Concept ကိုတောင် အမှတ်ရစေတာ ဖြစ်ပါတယ်။ အဆိုပါ Concept အသစ်ပုံတွေထဲကမှ အနီရောင် ကားလေးဆိုရင် Wildcat EV နဲ့ အတော် ဆင်တူတာဖြစ်ပြီး ဒီတစ်ခေါက် ကားတွေကတော့ ၄ ယောက်စီး Sedan တွေ ဖြစ်လာပါတယ်။

#gallery-3 { margin: auto; } #gallery-3 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-3 img { border: 2px solid #cfcfcf; } #gallery-3 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အဆိုပါ Buick Sedan Concept ကားဒီဇိုင်း ပုံရိပ်တွေကိုတော့ Designer Aaron Riggs က Instagram မှာ ဖော်ပြလာခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဇူလိုင် ၂၀၁၂  ကတည်းက Senior Creative Designer တစ်ဦးအဖြစ် GM မှာ အလုပ်လုပ် ကိုင်နေသူလည်း ဖြစ်ပါတယ်။ ၂၀၁၆ တုန်းက မြင်ခဲ့ရဖူးတဲ့ Cadillac Escala Concept ကားတုန်းကလည်း သူ့အနေနဲ့ အပြင်ပိုင်း ကားဒီဇိုင်နာဖြစ်ခဲ့သလို ၂၀၁၂ တုန်းက Buick Avista Concept ကားအတွက် Scale Clay Model ပုံစံတူကိုလည်း ပြုလုပ်ပေးခဲ့သေးတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုမြင်လာရတဲ့ Wildcat EV Concept ကားတွေကတော့ Buick ရဲ့ အနာဂတ် ဒီဇိုင်းပိုင်းမှာ လွှမ်းမိုးမှု ရှိလာနိုင်ပြီး အတော်လေးကို သိသာထင်ရှားတဲ့ ကား တံခါး ဒီဇိုင်းပိုင်းတွေကိုပါ ထည့်သုံးထားပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်းပဲ အခု Concept အရတော့ ကားဒီဇိုင်းက လေးထောင့်ကျကျ အရှေ့ ပိုင်း ၊ ထောင့်ချိုး ခပ်ချွန်ချွန် တွေ ၊ အတော်လေးပါးတဲ့ မီးလုံးပိုင်းတွေအပြင် Trapezoidal Grille ပိုင်းလည်း ပါဝင်လာတာကို တွေ့ရမှာပါ။

#gallery-4 { margin: auto; } #gallery-4 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-4 img { border: 2px solid #cfcfcf; } #gallery-4 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အပြင်ပိုင်းမှာ ကတည်းက အနာဂတ် ခေတ်လွန်ဒီဇိုင်းပိုင်းတွေ မြင်လာရတဲ့ အဆိုပါ Concept မှာတော့ အတွင်းခန်းကလည်း အတော် ခေတ်မှီဆန်းသစ်ထားပြီး Digital Screen ၂ ခုကို မြင်ရမှာပါ။ ဒါ့အပြင် ကား Dashboard Design ကလည်း အတော်လေး ပါးပါးလျလျရှိလှကာ Cockpit ပုံစံ ထိုင်ခုံတွေက အစ Cantilever နောက်မှီတွေ သုံးပေးထားတာတွေ့ရပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာကတော့ အခု Concept ကား အနေနဲ့ အနာဂတ်မှာ ထုတ်လုပ် လာဖို့အထိ အစီအစဉ် ရှိမရှိ ဆိုတာကို မသိရသေးတာပဲ ဖြစ်ပါတယ်။ တကယ်သာ ထုတ်လုပ် လာဖြစ်မယ် ဆိုရင်တော့ အခု ဆယ်စုနှစ် အကုန်မှာ လျှပ်စစ်ကားတွေချည်းပဲ ထုတ်လုပ် တော့မယ် Buick အနေနဲ့တော့ အခု Concept တွေကလည်း လျှပ်စစ်ကားတွေပဲ ဖြစ်လာမှာပါ။

Ref: motor 1.com