နာမည်ကျော် ကားကုမ္ပဏီကြီး GM ရဲ့ လျှပ်စစ်ကား လုပ်ငန်းဖက်ကူးပြောင်းမှုကတော့ မြန်ဆန်တယ်လို့ ဆိုနိုင်ပြီး GMC Hummer EV ၊ Chevrolet Silverado 1500 EV တို့အပြင် Cadillac Lyriq စတဲ့ နာမည်ကြီး လျှပ်စစ် ကားတွေကို ချပြပြီးပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း ဒီမှာတင်အဆုံးသတ်ဦးမှာမဟုတ်တဲ့ ခြေလှမ်းတွေကြောင့် အခုလာမယ့်နွေရာသီထဲမှာလည်း Premium Brand အနေနဲ့နောက်ထပ် ထူးခြားတဲ့ လျှပ်စစ်ကားအသစ် တစ်စီး ကို ချပြဦးမယ်လို့ သိလာရပါတယ်။ အဆိုပါ ကားကတော့ Buick Brand ဆီက ထွက်ပေါ်လာမှာ ဖြစ်ပြီး လက်ရှိ အချိန်ထိကတော့ ဘာကားမှန်း သေချာမသိရသေးပေမယ့် ဖြစ်နိုင်ချေအရှိဆုံးကတော့ Crossover အဖြစ် ယူဆနိုင်ပါ တယ်။ လတ်တလော တရားဝင် မြင်ထားရတဲ့ ပုံဆိုလို့ LED Headlight ခပ်ပါးပါး နဲ့ ပုံရိပ်တစ်ခုသာ ဖြစ်ပြီး သေချာ ကြည့်မယ် ဆိုရင်တော့ အတော်လှတဲ့ အင်ဂျင်စက်ဖုံး အခုံးလေးကို မြင်ထားရတာကြောင့် ထူးတော့ ထူးခြားလာမှာ ပါ။ ဘယ်လိုပဲ အသေးစိတ်တွေသိဖို့ လိုသေး တယ်ဆိုပေမယ့် အခုဆိုရင်တော့ ထုတ်လုပ်တဲ့ အဆင့်မရောက်ခင် Concept ပုံရိပ် တစ်ချို့ကို မြင်လာရပြီ ဖြစ်ပြီး တကယ်တမ်း ထွက်ပေါ် လာရင်လည်း ယခင် ကားမော်ဒယ်တွေလိုပဲ EV Architecture အသစ် ဖြစ်တဲ့ GM ရဲ့ Ultium Platform ပေါ်မှာ တည်ဆောက်လာနိုင် ပါတယ်။

#gallery-7 { margin: auto; } #gallery-7 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-7 img { border: 2px solid #cfcfcf; } #gallery-7 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အဆိုပါ Ultium Platform နဲ့ ပတ်သက်ပြီး ကောင်းတဲ့ တစ်ချက်ကတော့ ဘယ်လို ပြောင်းပြောင်း ပြင်ပြင် ဖန်တီး လို့ ကောင်းတဲ့ Flexibility ကောင်းခြင်းပါပဲ။ Silverado EV တုန်းကဆိုရင် အဆိုပါ Platform ကို ချဲ့ပြီး ဖန်တီးခဲ့တာ ဖြစ်ကာ Hummer EV တုန်းက တော့ Platform ကို ပြန်ကျဉ်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း Lyriq EV အလှည့် ရောက်ပြန်တော့လည်း အရွယ်အစား ပြန်ချုံ့ပြီး ဖန်တီးခဲ့ တာပါ။ အခု ထွက်ပေါ်လာမယ့် Buick ရဲ့ လျှပ်စစ် ကားအသစ်ကတော့ Lyriq ကားရဲ့ အရွယ်လောက် ရှိလာနိုင်ပါတယ်။ အကြောင်းက တော့ Buick အနေနဲ့ ဘယ် တုန်းက မှ Truck ဒါမှမဟုတ် လမ်းကြမ်းပိုင်းမောင်းတဲ့ ကားတွေ မထုတ်ပေးခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ကားသာ ထွက်လာမယ် ဆိုရင်တော့ တစ်ခြားသော လျှပ်စစ်ကားတွေ ဖြစ်ကြတဲ့ VW ID.4 ၊ Nissan Ariya ၊ Lexus RZ ၊ Audi Q4 E-Tron တို့အပြင် Tesla Model Y တို့ အတွက်ပါ အတော်လေး သတိပြုရမယ့် ပြိုင်ဘက်ကားကောင်း တစ်စီး ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ Buick ရဲ့ကား Lineup တစ်ခုလုံးက လျှပ်စစ်ကားတွေချည်း ဖြစ်သွား တော့မှာဖြစ်ပြီး လာမယ့် ၂၀၃၅ အရောက်မှာ GM ရဲ့ Internal Combustion Engine တွေ အပြီးဖယ်ထုတ်တော့မယ့် ရည်မှန်းချက်ကို ပြည့်မှီသွား စေတော့မှာပါ။

#gallery-8 { margin: auto; } #gallery-8 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-8 img { border: 2px solid #cfcfcf; } #gallery-8 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အဆိုပါ ကားသစ်ရဲ့ Concept ကို အရင်ဆုံး ချပြလာဖို့ အတွက် မကြာခင် ဖြစ်လာပါစေလို့ မျှော်လင့်ရမှာ ဖြစ်ပြီး နွေရာသီ ‌နားနီးလေ ပိုပြီး ရင်ခုန်ရလေ ဖြစ်နေတော့မှာပါ။ Buick ကတော့ နောက်ဆုံးပေါ် ဒီဇိုင်း အယူအဆ အသစ် တွေနဲ့ ချပြလေ့ရှိတာကြောင့် အခု လျှပ်စစ်ကား ကလည်း ကုမ္ပဏီရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ရပ် အဖြစ် ရှိနေမှာ သေချာပါတယ်။ အဆိုပါ လျှပ်စစ်ကားအသစ်ရဲ့ နာမည်ကို အတိ အကျ မသိနိုင်သေးပေမယ့်လည်း လတ်တလောမှာတော့ Electra လို့ ခေါ်ဆို နေကြ‌တာတွေလည်း ရှိနေပြီး အကြောင်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းကပဲ ကနေဒါနဲ့ မူပိုင်ခွင့်ရုံးမှာ အဆိုပါ နာမည်ကို မှတ်ပုံတင်ခဲ့လို့ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ Electra ဆိုတဲ့ နာမည်နဲ့ Concept တစ်မျိုးက ၂၀၂၀ ကတည်းကမြင်တွေ့ ခဲ့ရပြီး ဖြစ်တာကြောင့် အခုနာမည်နဲ့ပဲ နောက်ထပ် Concept အသစ်ကို ဆက် သုံးမလား၊ ဘာတွေ ပြောင်းလဲလာဦးမှာလဲ ဆိုတာကိုတော့ အချိန်ပေး စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com