BMW အနေနဲ့ အခုလာမယ့် ဆယ်စုနှစ် အလယ်လောက်မှာမှ ထွက်ရှိလာနိုင်မယ့် လျှပ်စစ်ကား မျိုးဆက်သစ်တွေရဲ့ ပုံစံ ကို ကြိုတင် ပြင်ဆင်နေပါပြီ။ အဆိုပါ ကားတွေမှာသုံးမယ့် နည်းပညာတွေက ဒီနေ့ခေတ်မှာ ပေါ်တောင်မပေါ်သေး ပေမယ့်လည်း ဒီဇိုင်း Language အသစ်တစ်ခု အနေနဲ့ BMW အဆန်းတွေကို မြင်လာရဖို့လည်း ရှိနေပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကားသစ်တွေရဲ့ ပုံစံသစ်တွေက ဘယ်လိုဖြစ်လာနိုင် မလဲဆိုတာ မှန်းဆနိုင်ဖို့ အတွက် Vision Dee Concept ဆိုတာကို ချပြလာခဲ့ပါပြီ။ ကျင်းပလျက်ရှိတဲ့ CES 2023 နည်းပညာပြပွဲကြီးမှာ အဆိုပါ Digital Concept ကို ချပြခဲ့တာဖြစ်ပြီး အရမ်းကြီး ကြည့်ကောင်း တဲ့ BMW ပုံရိပ်မျိုးတော့ မဟုတ်ပေမယ့်လည်း အနာဂတ် အတွက် အတော် လေး ဆန်းသစ်တဲ့ အမြင်မျိုးကိုတော့ မြင်ရမှာ သေချာပါတယ်။ ဒါပေမယ့် အဆိုပါ ဒီဇိုင်းရဲ့ နောက်ကွယ်မှာ ထူးထူးခြားခြား ရှိနေတဲ့ တစ်ချက်ကတော့ လာမယ့် BMW ရဲ့ Neue Klasse အခြေပြု ကားသစ်တွေမှာ ဖန်တီးသွားမယ့် ရိုးရှင်းတဲ့ ဒီဇိုင်းဖြစ်နေတာပါပဲ။
#gallery-3 { margin: auto; } #gallery-3 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-3 img { border: 2px solid #cfcfcf; } #gallery-3 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */BMW ရဲ့ ဒီဇိုင်းပိုင်း ခေါင်းဆောင်ဖြစ်သူ Domagoj Dukec ရဲ့ အဆိုအရတော့ သူတို့အနေနဲ့ ရိုးရှင်းပြီး နှစ် အတော်ကြာကြာ အထိကို မအီသွားမယ့် ခေတ်လွန် ဒီဇိုင်းမျိုးတွေကို ဖန်တီးချင်နေတာကြာပြီ ဖြစ်တယ် လို့ သိရပါတယ်။ အဓိက ကတော့ အခု လက်ရှိ ကားတွေမှာ ဒီဇိုင်းပြန်ဖန်တီး ပေးနေရတဲ့ Refresh Models တွေ ၊ ပုံပြောင်း Model တွေ ပြန်လုပ်ပေးနေရဖို့ မလိုတော့မယ့် ဖြေရှင်းချက် တစ်ရပ်လိုပါပဲ။ ဒါပေ မယ့် Dukec ကတော့ အခု ဒီဇိုင်းကို လာမယ့် ၁၀ နှစ် လောက် အထိ ပြန်ပြီး ဖန်တီးပေးဖို့ မလိုအောင် ထုတ်လုပ်ပေးထားမယ်လို့ ဆိုထားတာကတော့ အနည်းငယ် လက်တွေ့မဆန်သေးဘူးလို့ ယူဆရမှာပါ။
#gallery-4 { margin: auto; } #gallery-4 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-4 img { border: 2px solid #cfcfcf; } #gallery-4 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */Dukec ကတော့ အခုလို ဒီဇိုင်းပိုင်းတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကားသစ်တွေ အနေနဲ့ အရည်အသွေးတွေကိုပဲ အလေးထားမှာဖြစ်ပြီး ၃ နှစ် တစ်ခါ လောက်ကို ပြောင်းလဲနေရမယ့် ပုံစံမျိုးတွေ မဟုတ်ဘူးလို့ ဆို ထားပါတယ်။ ဒါကြောင့်လည်း ဒီဇိုင်းတစ်ခုကို ဆယ်နှစ်လောက်အထိ အေးဆေးခေတ်မှီ ဆန်းသစ်နေမှာဖြစ်ပြီး Facelift Model ဆိုတာမျိုး မလိုအပ်ဘူးလို့လည်း Dukec က ယူဆထားပါတယ်။ ဒါ့အပြင် BMW အနေနဲ့ SUV နဲ့ Crossover တွေ နေရာ ရလာတဲ့ ခေတ်သစ်ထဲမှာ သူတို့ရဲ့ Sedan ကားပုံစံတွေကိုလည်း ပစ်ပယ်သွားမှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။ စွမ်းဆောင်ရည် အသားပေး အမျိုးအစားတွေ ကလည်း Brand ရဲ့ အနာဂတ်အတွက် တစ်ထောင့် တစ်နေရာက ပါဝင် မှာ ဖြစ်ပြန်ပါတယ်။ Dukec ကတော့ ကုမ္ပဏီရဲ့ ကားသစ်တွေမှာ တစ်ချို့သော အရည်အသွေးပိုင်းတွေဟာ မပြောင်းမလဲ အမြဲကောင်းမြဲ ကောင်းနေ ဦးမှာဖြစ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ ဆန်းသစ်တဲ့ နည်းပညာတွေကို ပေါင်းစပ် ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: motor 1.com
